Monday, January 5, 2015

တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား





၁၃၇၆ခု၊ ပြာသိုလပြည့်နေ့
၎.၁.၂၀၁၅ နေ့ဟာ
အမေများနေ့ ၊ လွတ်လပ်ရေးနေ့တွေ
တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား
ကြုံတောင့်ကြုံခဲဖြစ်တဲ့ အခုလိုလပြည့်နေ့မှာ
ကပ်ကျော်ယောဂီတစ်ဦးဖြစ်သူ
ဒေါ်သန်းအေး အနိစ္စရောက်သွားခြင်း
၆လပြည့်အဖြစ် ကျန်ရစ်သူ သားသမီးများက
မိဘမေတ္တာတရားကို ကျေးဇူးဆပ်သောအားဖြင့်
ဘုရားအမှူးထားသံဃာတော်များနှင့်
ယောဂီများ ဧည့်သည်များကို
လှူဒါန်ဆက်ကပ်ပြီး ကုသိုလ်အဖို့တို့ကို
ဒေါ်သန်းအေးနှင့် ဘဝအဆက်ဆက်က
တော်ဆပ်ခဲ့ဖူးသော မိဘများအား
အမျှပေးဝေပြီး ကျေးဇူဆပ်ခဲ့ပါသည် ။
ထို့နောက် -
တနင်္ဂနွေနေ့ ဖတ်သူမှတ်သူ ဆွေးနွေးပွဲကိုလည်း
ဖောက်ထွက်အတွေး ဖြန့်ချဲ့ အတွေးများဖြင့်
ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုဖတ်သူမှတ်သူဆွေးနွေးပွဲအပြီးမှာ
ကပ်ကျော်ယောဂီများမှ ဆောက်လုပ်ဆဲဖြစ်သော သဇ္ဇနကာရီဓမ္မာရုံအတွက် ဝတ္ထုငွေ
(၃၀၀၀၀၀)ကျပ်တို့ကို
ကပ်ကျော်ဆရာတော်အားလှူဒါန်းပြီး
 
ကပ်ကျော်ယောဂီ ဒေါ်သန်းအေးနှင့်
ပညာပါရမီစာကြည့်တိုက်အဖွဲ့ဝင်
ကာတွန်းပညာရှင် အေကေ့ မွေးမေမေတို့ကို
ကုသိုလ်၏အမျှပေးဝေကာ
ဝမ်းမြောက်နုမော်သာဓုခေါ်၍
ဖတ်သူမှတ်သူ ဆွေးနွေးပွဲကို
အခက်အခဲမရှိ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
ပညာပါရမီ စာကြည့်တိုက်
ပညာပါရမီ ကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာဓမ္မရိပ်သာ
မကွေး-တောင်တွင်းလမ်း
အောင်ဇေယျာရပ်
မကွေးမြို့
ပညာပါရမီ စာကြည့်တိုက်'s photo.
ပညာပါရမီ စာကြည့်တိုက်'s photo.
ပညာပါရမီ စာကြည့်တိုက်'s photo.
ပညာပါရမီ စာကြည့်တိုက်'s photo.
ပညာပါရမီ စာကြည့်တိုက်'s photo.

Top of Form
Like · · Share

No comments:

Post a Comment