Friday, January 9, 2015

သမိုင်း အခြေခံ သဘောတရား



10.1.2015
Posted by Kyang Wang on 9:30 AM.Laksan - No comments
 သမိုင်းဆိုတာ ဘာလဲ၊ သမိုင်း လေ့လာခြင်းမှ ဘာကိုရသလဲ။

ဒီမေးခွန်းကို ဖြေကြည့်ခြင်းဖြင့်
သမိုင်းကို လေ့လာသင်ယူမှုနဲ့ ပါတ်သက်ပြီး အောက်ပါ အတိုင်း ခွဲခြား မှတ်ယူနိုင်ပါတယ်။
သမိုင်းဆိုတာ
  1. နိုင်ငံတွေနဲ့ လူတွေအပေါ် သက်ရောက်မှုတွေဖြစ်စေခဲ့တဲ့ အဖြစ်အပျက်များ( ဥပမာ။ ဒုတိယကမ္ဘာစစ်)
  2. ကမ္ဘာတ၀န်းရှိ လူတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တဲ့ ရှာဖွေတွေ့ ရှိမှုတွေ၊ တိုးတက်မှု၊ ပြောင်းလဲမှုတွေ
  3. သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေမှာ တနည်းနည်းနဲ့ လွှမ်းမိုးမှုရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ
စသည်တို့ ကို လေ့လာခြင်းဖြစ်ပါတယ်။ ဒီထက် ပို၍ သမိုင်းဟာ လူတစ်ယောက်ချင်းရဲ့ အတွေ့ အကြုံ လုပ်ကိုင်ဖြစ်ပျက် ခဲ့တာတွေလည်း ပါဝင်ပါတယ်။ သာမန်အားဖြင့် စစ်ရေးသမိုင်း၊ နိုင်ငံရေးသမိုင်းတွေသာ အများစုလေ့လာကြပေမဲ့ စီးပွားရေးသမိုင်း၊ ပညာရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်းတွေဟာလည်း အရေးကြီးတဲ့ အခန်းကနေ ပါဝင်တယ်။
သမိုင်းလေ့လာခြင်းမှ ဘာကိုရသလဲ။ ခြုံငုံ၍ စကားလုံးတစ်လုံးတည်းဖြင့်ပြောရလျှင် သက်သေ အချက်အလက် (Evidence) ကိုရရှိသည်။ ထိုအချက်အလက် တွင် သမိုင်းဆိုင်ရာ အထောက်အထားများ၊ ကိုးကားချက်များ၊ ပညာရပ်ဆိုင်ရာ အရင်းအမြစ်များ ပါဝင်သည်။
သမိုင်းစူးစမ်းလေ့လာရေးနည်းလမ်းများ
၁။ အချိန်မျဉ်း (Timeline)
အချိန်မျဉ်းကို သုံးခြင်းဖြင့် ကာလအပိုင်းအခြားအလိုက် သမိုင်းဆိုင်ရာ ဖြစ်ရပ်များကို စုစည်းလေ့လာနိုင်သည်။ အချိန်မျဉ်းဆွဲနည်းမှာ အလွန်ရိုးရှင်းသည်။
·         ယခုဆွဲမဲ့ အချိန်မျဉ်းရဲ့ ရည်ရွယ်ချက်၊ အမည်ရေးပါ၊
·         မျဉ်းတစ်ကြောင်း စာရွက်ပေါ်တွင် ဆွဲပါ။
·         မျဉ်းအစနှင့် အဆုံးတွင် နှစ်အပိုင်းအခြား နှစ်ခုထည့်ပါ။
·         မျဉ်းအလယ်တွင် လည်း သင့်လျော်သော နှစ် အပိုင်းအခြားများ ထည့်ပါ။
·         သက်ဆိုင်ရာ သမိုင်းအချက်အလက်များကို နှစ်အပိုင်းအခြားအလိုက် မျှားထိုး၍ ထည့်ပါ။
ထိုသို့ သော နည်းဖြင့် သမိုင်းကို နှုတ်တိုက် ကျက်မှတ်စရာမလိုဘဲ၊ မိမိကိုယ်တိုင် ပြုစုနိုင်သည်။

ILBC ဦးတင်မောင်ဝင်း - မြန်မာ့ပညာရေးကိုကမ္ဘာ့အဆင့်မြှင့်တင်နေသူတစ်ဦး
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်လောက်က ရန်ကုန်စက်မှုတက္ကသိုလ်၊ အီလက်ထရွန်းနစ်ဘွဲ့ရရှိခဲ့ပြီး၊ ဘာလုပ်ရမှန်းမသိတဲ့ အင်ဂျင်နီယာကျောင်းဆင်းတစ်ဦးဖြစ်ပါသည်။ ၁၀နှစ်တာကာလအတွင်း အလုပ်မျိုးစုံလုပ်ခဲ့ပါသည်။ မှတ်မှတ်ရရ အခုခေတ် ပေါ်ပြူလာဖြစ်နေတဲ့ စင်ကာပူကျွန်းနိုင်ငံလေးကို အလုပ်ရှာဖို့ ၁၉၈၉ခုနှစ်က ရောက်ခဲ့ပြီး၊ အဲဒီအချိန်ကာလက လစာ ဒေါ်လာ၁၅၀၀ အလုပ်အကိုင်ကို သိပ်မခဲယင်းပဲ ရရှိခဲ့ပါသည်။ စင်ကာပူကိုရောက်လာပြီး တစ်ပတ်အတွင်းမှာ အလုပ်အင်တာဗျူးသွားချိန် အင်္ဂလိပ်စကား ကောင်းစွာပြောနိုင်တဲ့ ကိုတင်မောင်ဝင်း အသက် ၂၈နှစ်အရွယ်ကို အလုပ်ရှင် သဘောကျပြီး ချက်ချင်းခန့်လိုက်သဖြင့် စင်ကာပူတွင်အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။  အင်ဂျင်နီယာပညာနဲ့အလုပ်ရှာဖွေလုပ်ကိုင်ရင်း သက္ကရာဇ်၂၀၀၀ ကာလရောက်ချိန် သားတစ်ယောက်၊ သမီးတစ်ယောက် ကလေး၂ယောက်ဖခင်ဖြစ်နေတဲ့ ဦးတင်မောင်ထွန်း၊ ILBC ကျောင်းကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။ ကျောင်းဆရာများလစာငွေ၊ ကျောင်းမြေနေရာအခက်ခဲ၊ ငှားရမ်းလုပ်ကိုင်မှုများဖြင့် ခယောင်းလမ်းကို ကြမ်းတမ်းစွာလျှောက်လှမ်းခဲ့ရသည်။
ယခု အစိုးရသစ်လက်ထက်တွင် အလွန်များပြားစွာပေါ်ပေါက်လာသော အင်္ဂလိပ်စာသင် ကျောင်းများနှင့် ယှဉ်ပြိုင်နိုင်ရန် ကမ္ဘာ့အဆင့် အရည်အသွေး Quality ထိမ်းသိမ်းထားရန်နည်းလမ်းတစ်ခုသာ ရှိသည်။ ထို့ကြောင့် အဓိက သင်ကြားပေးသော ဆရာ၊ ဆရာမများကို အထူးသင်တန်းပေးပြီး၊ တင်းကြပ်သော စာမေးပွဲစနစ်ဖြင့် ဆရာများကို စကာတင်ရွေးချယ်ခဲ့သည်။ ဆရာများကိုလည်း ထိုက်တန်သည့်လစာများကို ပေးပြီး၊ ကျောင်းကို သစ္စာရှိစွာလုပ်ကိုင်ရန်၊ ဆရာကောင်းပီသရန် အုပ်ချုပ်ခဲ့ရသည်။ မြန်မာများ အင်္ဂလိပ်စာတတ်ရင် အလုပ်အကိုင်နဲ့၊ ကမ္ဘာ့ပညာရေးကို လိုက်မီမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ILBC အင်္ဂလိပ်စာကျောင်းကို စတင်ခဲ့သည်။
အခုအချိန်မှာတော့ ဦးတင်မောင်ဝင်းဆိုရင် တီဗီ အင်္ဂလိပ်စာပို့ချသူ၊ မြန်မာ့ပညာရေးကို ကမ္ဘာ့အဆင့်ရောက်အောင် ကြိုးစားနေသူ၊ ပညာရေးပြုပြင်ပြောင်းလဲမှုများမှာ ပါဝင်ကူညီနေသူ ဖြစ်သည်။  အမေရိကန်တက္ကသိုလ်ကြီးများနဲ့ ချိတ်ဆက်ပြီး၊ အမေရိကန်သင်ကြားမှု Syllabus အသုံးပြုခြင်း၊ အင်္ဂလိပ်စကားပြောသင်တန်းများကို မြန်မာနိုင်ငံမြို့ကြီး ၈မြို့တို့တွင် ကိုယ်ပိုင်အဆောက်အဦ၊ ကျောင်းဆရာမများနှင့် သင်ကြားပို့ချနေသော အောင်မြင်သည့်ပုဂ္ဂလိကကျောင်းတစ်ခုဖြစ်သည်။
http://mingalaronline.biz/stories/ilbc.t5.jpg

မြန်မာပြည်တွင် မြို့ကြီးများစွာ ဆက်လုပ်လုပ်ကိုင်လိုသော်လည်း ၂၀၁၂နောက်ပိုင်း အိမ်မြေခြံဈေးကြီးမှု ဂယက်ကြောင့် နေရာအခက်ခဲဖြစ်လာသည်။ ထို့အပြင် ရှိယင်းကျောင်းများကို ဆက်လက်တိုးချဲ့ရေး လုပ်ငန်းများစွာ ရှိနေသောကြောင့် မြို့ကြီးများတိုးချဲ့မှု မလုပ်တော့ပါ။

အဓိကသင်တန်း၂မျိုး
ရေတို ဥပမာ နွေရာသီအင်္ဂလိပ်စာသင်တန်းများ၊ ၃လသင်တန်းများ စသဖြင့် ရေတိုအင်္ဂလိပ်စာသင်တန်းများစွာ ရှိသည်။ အလုပ်ကိုင်အတွက်လိုအပ်သူများ၊ ကျောင်းဆရာလုပ်လိုသူများ၊ ဘာသာပြန်၊ စကားပြန်လုပ်လိုသူများစွာ တက်ရောက်ခဲ့ကြသည်။ တက်သူများ အကျိုးများစွာ ဖြစ်ထွန်းကြပါသည်။
ရေရှည်အတွက် ကမ္ဘာ့တက္ကသိုလ်များသို့ ပေါင်းကူးပို့ပေးရေးအတွက် GCE "O" level, Junior college ၁၁တန်း၊ ၁၂တန်း စသည့်ကျောင်းများရှိသည်။ ၁၂တန်းအောင်ပြီး အမေရိကန်တက္ကသိုလ်များသို့အရည်ချင်းစစ်စာမေးပွဲဝင်စရာမလိုပဲ  တိုက်ရိုက်တင်ခွင့်ပေးနိုင်အောင် ၂၀၁၄တွင် လုပ်ဆောင်နိုင်ခဲ့သည်။ အမေရိကန် ချီကာကိုမြို့တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ အိုဟိုင်ရိုတက္ကသိုလ်များမှ တာဝန်ရှိပုဂ္ဂိုလ်၊ ကျောင်းဆရာများ မြန်မာနိုင်ငံ ILBC ကျောင်းသို့လာရောက်စစ်ဆေးခဲ့သည်။ ဆရာအရည်ချင်း၊ တပည့်အရည်အချင်းများကို သူတို့ကိုယ်တိုင် စစ်ဆေးမေးမြန်းသည်။ စာကြည့်တိုက်၊ စာအုပ်အရေအတွက်နှင့် စာအုပ်အရည်အသွေး၊ ကွန်ပြူတာနှင့်အင်တာနက်၊ ကျောင်းသားများ စားသောက်နေရာများ၊ အနားယူသောနေရာများ၊ စာကြည့်နေရာများ စသည်တို့ကို စစ်ဆေးပြီး ကျေနပ်သည်အထိ ပြုပြင်စေခဲ့သည်။ ယခု ဧပြီလ ၂၀၁၄တွင် ILBC ဆရာဦးတင်မောင်ဝင်းနှင့်အဖွဲ့ အိုဟိုင်းရိုး တက္ကသိုလ်သို့ သွားရောက်တွေ့ဆုံှေဆွးနွေးပြီ၊ တက္ကသိုလ်၂ခု ပူးပေါင်းသင်ကြားရန် လက်မှတ်ထိုးနိုင်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ILBC သည် ပထမဆုံး ပုဂ္ဂလိက ကောလိပ်နှင့်၊ တက္ကသိုလ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ မြန်မာ့ ပုဂ္ဂလိကတက္ကသိုလ်ပညာ ဖွံ့ဖြိုးတိုးတက်မှု အစဖြစ်သည်။

လက်တွေ့ပညာရေးပြုပြင်ပြောင်းလဲမှုစာတမ်း လွှတ်တော်သို့တင်သွင်း
ILBC ဆရာဦးတင်မောင်ဝင်းသည် ကိုယ်ပိုင်ကျောင်းအတွက် ဆရာဖြစ်သင်တန်းကို အဓိကထားပြီး ပြုစုပျိုးထောင်သည်။ လူတိုင်းအတွက်ပညာရေး ဟူသော ဆရာလက်စွဲစာအုပ်ကို ထုတ်ဝေပြီး ဆရာများကို ပြုစုပျိုးထောင်ပေးသည်။ ဆရာအရည်အသွေးသည် အရေးကြီးလှပါသည်။
လွှတ်တော်မှ ပညာရေးဆိုင်ရာ တာဝန်ရှိသူများအတွက် လက်တွေ့ပညာရေးပြုပြင်ပြောင်းလဲမှု စာတမ်းကို ပြုစုပြီး။ တင်သွင်းသည်။ အသိမိတ်ဆွေ ပညာရေးဝါသနာပါသူများနှင့် အချေတင်ဆွေးနွေးရန် ၂လက်မခန့် ထူသော စာအုပ်ကြီးကို ပြုစု၊ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်မျက်နှာဖုံးတွင်ရေးသားထားချက်မှာ-  ရမှတ် ဦးတည်လေ့ကျင့်ခြင်းမှ
ရလဒ် ဦးတင်လေ့လာခြင်းဆီသို့ ... ဟူသော စကားလုံးကို စာအုပ်မျက်နှာဖုံးတွင် ဖေါ်ပြထားပါသည်။ စာမေးပွဲဦးတည်လေ့ကျင့်ရေးမှ ကျမ်းမာချမ်းသာအောင်နေတတ်သော၊ ပြည်ထောင်စုသားများ မွေးထုတ်ရေးဆီသို့  ဟူသောဆောင်ပုဒ်ကို တွေ့ရသည်။


http://mingalaronline.biz/stories/ilbc.t6.jpg
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့်စာတမ်း၊ စာမျက်နှာ ၇၉၇ ရှိသော စာအုပ်အစိမ်းရောင်တွင် အခန်းပေါင်း ၆၂ခုတင်ပြဆွေးနွေးထားသည်။ ပညာဟူသည် အတွေ့အကြုံ၊ စိတ်လုပ်ငန်း၅မျိုး၊ အသိဥာဏ်၈မျိုး၊ ကျွမ်းကျင်မှု၊ ဗဟုသုတ၊  ပညာတည်ဆောက်ရေးပျက်ကွက်မှုများ၊ အကဲဖြတ်စစ်ဆေးခြင်း၊ ရီပို့ကဒ်စနစ် အားနည်းချက်၊ စင်ကာပူနိုင်ငံ၏ PSLE စာမေးပွဲနှင့် အမေရိကန်နိုင်ငံ iOWA test အကြောင်း၊ ကျောင်းသားမတူညီမှုများ၊ Accessment for Learning (AfL), Assessment of Learning (AoL)၊ မေးခွန်းမေးပြီးအကဲဖြက်စစ်ဆေးခြင်း Assessment၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာများဖြင့် အကဲဖြတ်ခြင်း၊ သင်္ချာပညာအကဲဖြတ်ခြင်း၊ သိပ္ပံပညာအကဲဖြတ်ခြင်း၊ ပထဝီပညာအကဲဖြတ်ခြင်း၊ သမိုင်းဘာသာအကဲဖြတ်ခြင်း၊ အားကစားနည်းပညာအကဲဖြတ်ခြင်း၊ သရုပ်ဖော်ပညာအကဲဖြတ်စစ်ဆေးခြင်း၊ ဂီတပညာအကဲဖြတ်စစ်ဆေးခြင်း၊ အင်္ဂလိပ်ဘာသာအကဲဖြတ်စစ်ဆေးခြင်း၊ ပုံပြအနုပညာအကဲဖြတ်စစ်ဆေးခြင်း။ လူမှုရေးနှင့်တကိုယ်ရေကျန်းမာရေး အကဲဖြတ်စစ်ဆေးခြင်း၊ နိဂုံး နှင့် References, Abbreviations ..စသဖြင့် အခန်း ၆၂ခုဖြင့် ရှင်းလင်းစွာရေးထားပါသည်။
လူတိုင်းအတွက်ပညာရေး စာအုပ်မှာ ကျောင်းဆရာများလက်စွဲဖြစ်သည်။ ပညာရေးဆိုသည်မှာ စဉ်းစားတတ်အောင်လုပ်ခြင်းဖြစ်ပြီး အချု့်ဆိုသော အသိဥာဏ်ရှိလျှင် ကျန်းမာစွာနေတတ်လာမည်၊ ချမ်းသာစွာနေတတ်လာမည်၊ ဤကား ပညာရေး၏အနှစ်သာရပင်ဖြစ်သည်... ဟုဖေါ်ပြထားသည်။ အဆိုပါစာအုပ်တွင်မူ ဆရာများသင်ကြားရန် စဉ်းစားခြင်းများ၊ အသိဥာဏ်အလုပ်လုပ်ပုံ၊ ပညာရေးသမိုင်း၊ သင်ရိုးညွှန်းတန်း၊ ဦးနှောက်အလုပ်လုပ်ပုံ၊ စာမေးပွဲနှင့်စစ်ဆေးခြင်း၊ ဦးနှောက်မှတ်ဥာဏ်၊ ပညာရေးနှင့်လူဘောင်အဖွဲ့အစည်း၊ ကလေးသူများကဏ္ဍ၊ အမြင်ကျဉ်းသောပညာရေးမူဝါဒ၊ ပညာရေးဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အသိဥာဏ်(၈)မျိုး၊ ကျောင်းသား-ဆရာ-မိဘနှင့် အုပ်ချုပ်သူ၊ တရုပ်ပြည်ပညာရေးပြုပြင်ပြောင်းလဲခြင်း၊ လူတိုင်းအတွက်ပညာရေး၊ အခြေခံအဆင့် ၁၃နှစ်လိုအပ်ခြင်း၊ ILBC & YIS ကျောင်းများ၏ စနစ်၊ ပညာရေးရှေ့မြော်မြင်ခြင်း၊ ပညာရေး၏လွမ်းမိုးမှု နမူနာများ စသည်တို့ကို ရေးသားထားပါသည်။

ရည်ရွယ်ချက်နှင့်ဦးတည်ချက်
- ကျမ်းမာ၊ချမ်းသာသော ဘဝကိုရရှိရန်
- Social Responsibility လူမှုရေးလုပ်ငန်းများတွင် တာဝန်သိသိပါဝင်ရန်
- Cultural Responsibility လူမျိုး၊ ဘာသာမရွေး တာဝန်သိခြင်း၊ ခွဲခြားမှုမရှိခြင်း  စသည့်ရည်ရွယ်ချက်များဖြစ်သည်။
- Personal ကျောင်းသားများ မိမိကိုယ်ကို အားကိုးတတ်ရန်၊ မိမိဖာသာစူးစမ်းလေ့လာပြီး အခြေနေများကို Analyze လုပ်တတ်စေရန် စသည်တို့ဖြစ်သည်။


နိဂုံး
ဆရာဦးတင်မောင်ဝင်းသည် သားအကြီး အမေရိကန်၊ ဖလောရီဒါတက္ကသိုလ်မှဘွဲ့ရရှိပြီး၊ သမီးဖြစ်သူက နယူယောက်ပြည်နယ်တက္ကသိုလ်တွင် ပညာသင်ကြားရန်ရှိပါသည်။ မိမိသားသမီးများနှင့် အတူနေလိုသော်လည်း ပညာရေးအတွက် သားသမီးများကို ပင်လယ်ရပ်ခြားသို့ စေလွှတ်သင်ကြားစေရသည်။ ဆရာဦးတင်မောင်ဝင်းသည် မြန်မာပြည်အနှံ့ ကျောင်းများသို့ ခရီးဆန့်လေ့ရှိသည်။ ရန်ကုန်တွင် ရုံးချုပ်ရှိပြီး မိသားစုအတူ ရန်ကုန်မြို့တွင် နေထိုင်လျှက်ရှိသည်။
မြန်မာ့ပညာရေးကို မြှင့်တင်ပေးနေသော ILBC ဦးတင်မောင်ဝင်းအား Good Attitude Myanmar စိတ်ဓါတ်မြင့်မြတ်သူ မြန်မာလူမျိုးတစ်ဦးအဖြစ် မှတ်တမ်းတင်ပါသည်။
 

No comments:

Post a Comment