Wednesday, May 6, 2015

ဖိတ်ကြားလွှာ









မကွေး၊ မြို့ဦးရပ် ၊ မြို့ဦးဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်ကြသော ယဉ်ကျေးလိမ္မာသင်တန်းသား/သူများအား ပညာပါရမီကုသိုလ်ပြုအဖွဲ့မှ  ၉.၅.၂၀၁၅ ၊နံနက်(၉)နာရီ၌ မုန့်၊ အချိုရည်တို့ကို သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ သို့ပါ၍ စိတ်ပါဝင်စားသူများ၊  ငယ်သူငယ်ချင်းများနှင့် ပညာပါရမီကုသိုလ်ပြုအဖွဲ့ဝင်တို့အား အသိပေး ဖိတ်ကြားအပ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

ပစ်မှတ်

»

ပစ်မှတ်

http://www.zevendesign.com/wp-content/uploads/2011/03/target-practice-530.jpg
လေးအတတ်မှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ်ဆိုတဲ့ မင်းတစ်ပါးရှိတယ်။ သူ့ဘ၀မှာ လေးအတတ်နဲ့ ရန်သူကို နှိမ်နင်း၊ လေးအတတ်နဲ့ တိုင်းပြည်မှာ ပစ်ခွင်းအစွမ်းပြပြီး လက်ခုပ်သံတွေကြားနေရတာကိုပဲ ပီတိ ဖြစ်နေသူတစ်ယောက်ပေါ့။ ဒါပေမဲ့ မင်းကြီးရဲ့ လေးပစ်ချက်ဟာ အကြိမ် ၁၀၀ မှာတစ်ကြိမ်လွဲတယ်။ အဲဒီလို တစ်ကြိမ် လွဲတာကို မကျေနပ်တဲ့အတွက် ထပ်ကာ ထပ်ကာလေ့ကျင့် ကြိုးစားလည်း မအောင်မြင်ဘူး။
တစ်နေ့တော့ မင်းကြီးဟာ သူ့ကို ငယ်စဉ်က လေးအတတ်သင်ပေးဖူးတဲ့ ဘုန်းတော်ကြီးကျောင်းကိုသွားပြီး အပြစ်ဆိုတယ်။ ဆရာစားချန်တယ်ပေါ့။ အကြိမ် ၁၀၀ မှာ တစ်ကြိမ်လွဲရအောင် သူ့ကို ပညာသင်ပေးထားတယ် ဆိုပြီး ဆရာတော်ကို အပြစ်သွားတင်တယ်။ ဆရာတော်ကလည်း
"လောကမှာ မလွဲဘူးသူရှိရင် ငါ့ထံခေါ်ခဲ့လော့။ မလွဲဘူးသည့် ဆရာရှိလျှင် ငါထာဝရ ကိုးကွယ်ထားမည်" လို့ မိန့်တော်မူလိုက်တယ်။
ဘုရင်လည်း စိတ်ထဲမှာ မကျေမနပ်နဲ့ မြင်းစီးပြီး ပြန်ခဲ့ရာက စမ်းချောင်းလေးတစ်ခုကိုရောက်သွားတယ်။ စမ်းချောင်းဘေးက သစ်ပင်တိုင်းမှာ မြားတွေမှန်ထားတာတွေ့ရတယ်။ ထူးဆန်းတာက မြားတိုင်းဟာ စက်ဝိုင်းရဲ့ အလယ်ဗဟိုတည့်တည့်ကို မှန်ထားတယ်။ ဘုရင်လည်း စိတ်ဝင်စားပြီး မြားတစ်ချောင်းစီကို လိုက်ကြည့်တယ်။ သစ်ပင်တိုင်းရဲ့အပေါ်က စက်ဝိုင်းအလည်တည့်တည့်တွေကိုချည်း မြားတွေက စိုက်ဝင်နေတာတွေ့လိုက်ရတော့ အလွန်အံ့သြမိတာပေါ့။ သူလိုက်ပြီးတော့ မြားတွေကို ရေတွက်လိုက်တော့ အချောင်း ၁၀၀ ကျော်နေတာတွေ့ လိုက်ရတယ်။
လောကမှာ ငါ့ထက်တော်တဲ့လူတွေ့ပြီ၊ ဆရာတင်အံ့ဆိုကာ မြားပစ်သွားသူကို လိုက်ရှာတယ်။ စမ်းချောင်း လေးရဲ့ အထက်ဘက်မှာ လူငယ်လေးတစ်ယောက်က လေးနဲ့ မြားကို ကိုင်ပြီးရပ်နေတယ်။ ဘုရင်လည်း ၀မ်းသာအားရနဲ့
"လုလင် ဤ၀န်းကျင်ရှိ မြားတိုင်းဟာ သင်ပစ်ထားတာတွေလား"
"ဟုတ်ပါတယ် မင်းကြီး"
"သင့်ဆရာ မည်သူနည်း"
"ဆရာမရှိပါ၊ လေ့ကျင့်ရင်း တတ်လာတာပါ"
ဘုရင်ဒေါသထွက်သွားတယ်။ သူ့လို ဆရာကောင်းနဲ့ သင်ထားတဲ့သူကို ပျက်ရယ်ပြုသလိုဖြစ်နေလို့ စိတ်ဆိုးပြီး
"မဖြစ်နိုင်ဘူး။ သင် ဆရာမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ မြားတိုင်းကို ပစ်မှတ်အလယ်တည့်တည့်ဝင်အောင် ပစ်နိုင် ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီမြားတွေအားလုံးကို ပစ်မှတ်တွေထဲဝင်အောင် သင်မည်သို့ ပစ်သည်ကို ငါ့အား ပြလော့" ဆိုပြီး အမိန့်ပေးလိုက်တယ်။
လူငယ်လေးကလည်း လေးနဲ့ မြားကို သစ်ပင်တစ်ပင်ကို ချိန်ပြီး ပစ်လိုက်တယ်။ မြားက သစ်ပင်တည့်တည့် စိုက်ဝင်သွားတယ်။ နောက်တော့ လူငယ်လေးက အဲဒီ သစ်ပင်နားကို သွားပြီး အိတ်ထဲကပါလာတဲ့ ဆေးဘူးကို ထုတ်ကာ စိုက်နေတဲ့ မြားပတ်လည်ကို အလည်တည့်တည့်ကျအောင် စက်ဝိုင်းလေး ၀ိုင်းပေးလိုက်တယ်။
"အဲဒါ ကျွန်ုပ်နည်းပါပဲ" လို့ပြောပြီး ထွက်သွားတဲ့လူငယ်ကို ဘုရင်လည်း ဘာမှမပြောနိုင်တော့ဘဲ ငေးစိုက် ကြည့်နေမိတော့တယ်။
၎.၅.၂၀၁၅

မေက္ခပညာရေးမဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။

>>>ဆက်ဖတ်ရန်>>> >>

ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . .

ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . .

http://images6.fanpop.com/image/photos/32900000/Dove-doves-32938407-1024-791.jpg
ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် ယနေ့ပင်ရာထူးမှနုတ်ထွက်လိုက်တော့မည် ဖြစ်သည်။ မြန်မာ တစ်နိုင်ငံလုံး မည်သည့်ကဏ္ဍတွင် မည်မျှပျက်စီးကြပါစေ ကိစ္စမရှိပါ။ ခံနိုင်ရည်ရှိပါသည်။ ခံလည်းခံခဲ့ရ ပြီး၊ ခံလည်းခံရဆဲမို့ . . . ခံနိုင်ပါသည်။ မခံနိုင်သည့်ကဏ္ဍမှာ ပညာရေးကဏ္ဍဖြစ်၏။ မခံမရပ်နိုင်ကြ လွန်း၍ ပြဿနာများအမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
ကျွန်မအိမ်ခေါင်းရင်းတွင် ပန်းအိုးတင်ရန် ရည်ရွယ်၍လုပ်ထားသော တံစက်မြိတ်နှင့်ကြမ်းပြင်တစ်ခုရှိ ၏။ လေအေးစက်တပ်ဆင်သောအခါ ထိုကြမ်းပြင်ပေါ်မှာ လေပူထုတ်ပန်ကာကို ချထားခဲ့ရာ အမိုးအ ကာနှင့် လုံလုံခြုံခြုံဖြစ်နေ၍ အနီးအနား၌ ကျက်စားကြသော ခိုငှက်များက သဘောကျလေ့ရှိသည်။ အရိပ်ခိုပြီး သံဝါသပြုကြသည်။
အချိန်တန်လျှင် ဥများဥကြသည်။ ငှက်ပေါက်ကလေးများပေါက်ကြသည်။ ကျွန်မသည် ခိုငှက်ကိုအ လွန်မုန်း၏။ သူ့ညည်းသံကိုလည်း နားညည်း၏။ သူ့မစင်ကိုလည်းရွံ၏။ သူနှင့် နီးနီးနေခြင်းသည် ကျန်းမာရေးအတွက် အနံ့အသက် မကောင်းချေ။ သို့သော်သူ့အသိုက်မှာ ငှက်ပေါက်ကလေးများ ဖြစ် လာလျှင်မူ မောင်းမထုတ်ရက်ပါ။ ငှက်ပေါက်ကလေးနှစ်ကောင် ပူပြီးဝပ်နေကြပုံကို သနားသည်။ ချောင်ထဲတိုးနိုင်သမျှ တိုးကြရှာသည်။ သူတို့ကိုမိခင်ငှက်မကြီးက စောင့်ရှောက်၏။ ငှက်ဖိုကားယောင် ၍မလာတော့ပါ။
ကျွန်မတို့သည် ငှက်ပေါက်ကလေးများကို နေ့စဉ်ချောင်းကြည့်ရ၏။ သူတို့တဖြည်းဖြည်းထွားလာသည်။ အတောင်စုံလာသည်။ နောက်တော့သူတို့က ခြောက်လက်မခန့်မြင့်သော ကြမ်းပြင်နံရံပေါ်ခုန်တက် လိုက်၊ ဆင်းလိုက်လုပ်ကြသည်။ အားစမ်းနေကြပုံရ၏။ ပျံတော့မပျံနိုင်သေးပေ။
တစ်ရက်မှာကား ခိုလေး၊ ငါးကောင်ဝိုင်းရံလာကြ၏။ လူရိပ်လူခြည်ကိုလည်း ကြည့်ကြ၏။ သူ့ဆွေမျိုး များဖြစ်မည်။ သူတို့အခုမှဘာလာလုပ်ကြပါလိမ့်။ သြော် . . . . အဖြေပေါ်ပြီ။ ငှက်ပေါက်ဘဝမှ အတော်ထွားလာပြီဖြစ်သော ငှက်ကလေးနှဏ်ကောင်သည် အားယူပျံနေကြ၏။ ဝေးဝေးမဟုတ်ပါ။ ကျွန်မအခန်း၏ တံစက်မြိတ်အမိုးသို့ ဖြစ်သည်။ အကောင်ငယ်ငယ်၊ တောင်ပံသေးသေးဖြင့် ငှက်က လေးသည် ထိုတံစက်မြိတ်နှစ်ခုကို အသွား၊ အပြန် အပျံကျင့်နေပါရောလား။
ဤကိစ္စအတွက် အရင်ကလမလာခဲ့ဖူးသော သူ့ဖခင်အပါအဝင် ဆွေမျိုးငှက်ဖိုကြီးများက လာရောက် ဝန်းရံစောင့်ရှောက်ကြတာကိုး။ ချော်ကျလျှင်ကူဖို့၊ ရန်သူလာလျှင် ထိုးဆိတ်ဖို့ပေါ့။
သူတို့ကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ပါ။
သက်ရှိသတ္တဝါတိုင်းသည် မိမိမျိုးဆက်သစ်များကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့၊ အားဖြည့်ဖို့တာဝန်ရှိ ပေသည်။ ငှက်တွေတောင်မှ ဤတာဝန်ကိုမဖြစ်မနေ ထမ်းရွက်ကြ၏။
တိရစ္ဆာန်ထက်များစွာ ဦးနှောက်ကြီးသော လူသားသတ္တဝါတို့ဆိုလျှင် မိမိမျိုးဆက်များကို ပို၍ပင်စောင့် ရှောက်ရပါမည်။ သင်ကြားပေးရပါမည်။ ပြုစုပျိုးထောင်ရပါမည်။ ကာကွယ်ကြရပါလိမ့်မည်။
ကျွန်မအိမ်မှာလည်း ကျောင်းနေသော ကလေးသုံးဦးရှိသည်။ သူတို့ကိုပညာရေးအတွက် လိုသမျှဖြည့် ပေးသည်။ အပြင်းအထန် မတိုက်တွန်းပါ။ မှန်မှန်လုပ်စေသည်။ စာမေးပွဲနှင့်ပတ်သက်၍ တစ်ပါတည်း ပြောထားသည်။
‘စာမေးပွဲကျရင် စိတ်မညစ်နဲ့၊ နောင်နှစ်ထပ်ကြိုးစားရင် ပြီးသွားမှာပဲ။ စာမေးပွဲတစ်နှစ်ကျတယ်ဆိုတာ တစ်ဘဝလုံးဆုံးသွားတာ မဟုတ်ဘူး။ လူ့ဘဝမှာတစ်နှစ်ဆိုတာ ခဏလေးပဲ။ အားထပ်ထည့်ဖို့ပဲလို တယ်။’
သည်လိုနှင့် အားလုံးစာမေးပွဲများ အောင်ခဲ့ကြတာပါပဲ။ ကျွန်မမောင်လေးငယ်ငယ်က သူငယ်တန်းဖတ် စာမှာ ‘သားတို့၊ သမီးတို့စားဖို့၊ စားစရာတွေဝယ်ခဲ့သည်’ ဟူသောစာကြောင်းကို ဖတ်ရာ၌ ‘စားဖို့စားစ ရာ’ ကိုသူဆို၍ မရချေ။ ‘စားဖို့ရရာတွေ . . . .’ ဟုသူဖတ်နိုင်သည်။ ကျွန်မတို့ရယ်နေခဲ့ကြ၏။ နောင် ၁၅ နှစ်ကြာသောအခါ မောင်လေးက ဝိဇ္ဇာဘွဲ့ကို မြန်မာစာအဓိကဖြင့် ရခဲ့သည်။ ‘စားဖို့ စားစရာ’ မဖတ်တတ်တာ ဘာဖြစ်သေးလဲ။
သည်တော့ . . . .။
ကလေးများကို ကမှ ကဖြစ်ဖို့၊ အ မှ အဖြစ်ဖို့၊ ဤသည်မရွေးအတိအကျသင်ရန်မလိုပါ။ သူတို့ဦးနှောက် ခံနိုင်ရည်ကိုကြည့်ပြီး ဖြည့်တင်းပေးရန် အရေးကြီးသည်။ ကျွန်မတံစက်မြိတ်က ငှက်ပေါက်ကလေးများ . . . . ဟိုအဝေးသို့ပျံသွားကြပါပြီ။ ဥခွံမှထွက်ခါစမှာတော့ ဇွတ်အတင်းပျံခိုင်းလို့ ဘယ်ရပါ့မလဲ။
- သင်ရိုးတွေ ပြင်ကြပါ။
- သင်ကြားရေးစနစ် ပြင်ကြပါ။
- စာမေးပွဲစနစ် ပြင်ကြပါ။
ပြောရတာလည်း မောကြပါပြီ။
ကျွန်မသာ ပညာရေးဝန်ကြီးဖြစ်ခဲ့လျှင် . . . . . ။
စံတော်ချိန်သတင်းစာ
ဧပြီလ (၂၄) ရက်၊ ၂၀၁၅ ခုနှစ်
မေက္ခပညာရေးမဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

ခေါင်းဆောင်ဆိုသည်မှာ

ေေေေေ ခေါင်းဆောင်ဆိုသည်မှာ

 

http://www.pocanticohills.org/washington/GW1782.jpg
မဟာလူသားတို့သည် နေရာမရွေးဝင်ဆန့်နိုင်စွမ်းရှိကြသည်။ ကြီးသည် ငယ်သည် မြင့်သည် နိမ့်သည်ဟူ၍ခွဲခြား လေ့မရှိ။ သေးငယ်သည်ဆိုပြီး လျစ်လျူမရှု၊ ကြီးမားသည်ဆိုပြီးတော့လည်း မရွံ့ကြပေ။
အမေရိကန်နိုင်ငံ ပထမအကြိမ်ပြည်တွင်းစစ်ပွဲကာလ ဖြစ်သည်။ အရာရှိတစ်ယောက်သည် တံတားဆောက်ရန် အတွက် တပ်သားများက သစ်ပင်များခုတ်လှဲနေသည်ကို ကြီးကြပ်နေရသည်။ လူအင်အားက နည်းလွန်းလှသဖြင့် အလုပ်က မတွင်နိုင်လောက်အောင်ဖြစ်နေသည်။
ထိုအဖြစ်အပျက်ကို တစ်နေရာမှကြည့်နေသည့် အရာရှိကြီးတစ်ဦးသည် တံတားဆောက်နေရာသို့လာပြီး ကြီးကြပ် နေသည့်အရာရှိအား
"တံတားဆောက်နေတာ လူအင်အားမလုံလောက်ဘူး ထင်တယ်"ဟုမေးလိုက်သည်။
"ဟုတ်ပါတယ်။ လူအင်အား အတော်လေးလိုနေတယ်"ဟု အရာရှိငယ်က ပြန်ပြောလိုက်သည်။
ထိုစဉ် မြင်းပေါ်မှ အရာရှိကြီးက
"ဒါဆိုရင် မင်းကိုယ်တိုင် ဘာဖြစ်လို့ ဝင်မလုပ်တာလဲ"ဟုပြောလိုက်ရာ အရာရှိငယ်သည် အောင့်သက်သက်ဖြင့်
"ကျွန်တော်က အရာရှိပဲ။ ဘာကြောင့်ဝင်လုပ်ရမှာလဲ"ဟူ၍ တုံ့ပြန်လိုက်လေသည်။
မြင်းပေါ်မှ အရာရှိကြီးက "အော် ဟုတ်ပေသားပဲ" ဟုတစ်ခွန်းသာပြောပြီး သူကိုယ်တိုင်မြင်းပေါ်မှဆင်းကာ တပ်သားများကြားသို့ဝင်ပြီး လုပ်အားပေးလေသည်။ တံတားဆောက်ပြီးသွားသောအခါ ထိုအရာရှိကြီးက
"နောက်တစ်ခါ ဒီလိုလုပ်အားလိုတယ်ဆိုရင် စစ်သေနာပတိဆီကိုသာ အကြောင်းကြားလိုက်ပါကွာ။ ငါကိုယ်တိုင် ပြန်လာပြီး လုပ်အားပေးပါ့မယ်"ဟုပြောသွားလေသည်။
ထိုသူကား အမေရိကန်သမိုင်းတွင် ထင်ရှားသည့် ဗိုလ်ချုပ်ဝါရှင်တန်ပင်ဖြစ်တော့သည်။
       
           မောက္ခပညာရေး မဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။

 
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 5, 2015

ဒေါ်နေခြည်အေဘီက သူ့တပည့်များကို အင်္ဂလိပ်စကားပြောလေ့ကျင့်ပေးနေပုံ

















ပညာပါရမီကုသိုလ်ပြုအဖွဲ့ ၊ ပညာပါရမီ စာကြည့်တိုက်မှ ဦးစီး၍ ဖွင့်လှစ်သော
အင်္ဂလိပ်စာ အပြောစွမ်းရည်များ မြင့်မားရင့်ကျက်စေရန်
အခုလို တစ်ယောက်ချင်းလေ့ကျင့်ပေးနေသော
ဆရာမ ဒေါ်နေခြည်အေဘီ၏ စေတနာမေတ္တာ ပုံရိပ်လွှာ
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 3, 2015

သာ​ကေတမြို့ ၊ ၂​တောင်​ရပ်​ကွက်​ ရန်​​ပြေလုံးဆိုင်​ရာ ယဉ်​​ကျေးလိမ္မာသင်​တန်း ၏ ရရက်မြေက်နေ့ အောင်ပွဲအခမ်းအနား လှုပ်ရှားမှု မြင်ကွင်း




၂၇.၄.၂၀၁၅ ၊ တနလ မကွေးမြို့ ၊ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့နှင့်
သာကေတမြို့ ရန်ပြေ ရပ်မိရပ်ဖတို့ကို အမှူးထား၍
ရန်ပြေ ရန်အောင်မြင်ဓမ္မရုံ အမှုဆောင်အဖွဲ့ ၊
 ရန်ပြေပညာပါရမီကုသိုလ်ပြုအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပသော 
ရန်ကုန်တိုင်ဒေသကြီး ၊ သာကေတမြို့ ၊ ၂တောင်ရပ်ကွက်                           
ရန်​​ပြေလုံးဆိုင်ရာ ယဉ်​​ကျေးလိမ္မာသင်တန်
၏ ရရက်မြေက်နေ့ အောင်ပွဲအခမ်းအနား လှုပ်ရှားမှု မြင်ကွင်း 
အောင်ပွဲအခမ်းအနားအစီအစဉ်များကို မရေးတော့ပဲ 
ယဉ်ကျေးလိမ္မာ ကလေးများသီဆိုခဲ့တဲ့ သီချင်းအနည်းငယ်ကိုသာ
ဖော်ပြလိုက်ပါတယ်။       

ဓမ္မစကူးလ် ထောင်သောင်းများစွာ
          (အထက်တန်းကိုမျှော် တက်လှမ်းဖို့နော်။ဘာသာမွေလက်ဆင့်ကမ်းမို့ လက်တွဲစို့နော်။ တို့မြေ တို့သွေးသားတို့ရေ အားပေးလို့ တို့တွေသိပ်ပျော် ပညာဖော် အကြင်နာဘော် နေ့မအား ညမနား တို့များအပေါင်းအဖော် စုပေါင်းအားနဲ့ ဆောင်ရွက်ကြမ်ာနော် …ဓမ္မစကူးလ် ထောင်သောင်းများစွာနော်….)၂
          မျိုးဆက်သစ်လူငယ်များက ငါတို့ရဲ့ အနာဂတ်ပါနော် ။ သမိုင်းပေးတာဝန်တွေပဲ အသည်းစွဲမှတ်နော် ။ အခက်ခဲတွေလည်း အားခဲလို့ ကျော်ဖြတ်ရမယ်နော် ။ အများအတွက်သာဆိုရင်တော့ တွဲလက်တွေခိုင်မြဲစေပေါ့ ။ စွမ်းသမျှထမ်းကြ လမ်းပြလို့ လှမ်းလာပါလှည့်နော် ။
  (အထက်တန်းကိုမျှော်……………………………………………………………………………………………………………များစွာနော် ။)၂
(မျိုးဆက်သစ်…………………………………………………………………………………………………………..လှမ်းလာပါလှည့်နော်)
  (အထက်တန်းကိုမျှော်……………………………………………………………………………………………………………များစွာနော် ။)၂
                             (စုပေါင်းအားနဲ့ ဆောင်ရွက်ကြမယ်နော် ဓမ္မစကူးလ် ထောင်သောင်းပေါင်းများစွာနော်)



လိမ္မာယဉ်ကျေး မျိုးဆက်သွေး
(တို့လူငယ်လသားသမီးများသည် ယဉ်ကျေးလိမ္မာစေရန် သင်တန်းများတက်ရောက်ခြင်းသည် အတိုင်းအဆမရှိပဲ တို့ယဉ်ကျေးလာမည် ။ အာရှမှာ မြန်မာကသာ လိမ္မာယဉ်ကျေးပြမည် ။ မျိုးဆက်သစ်တို့ စိတ်ထဲမှာ ယဉ်ကျေးစွာ နိုင်ငံတိုးတက်မည်။ ) ၂
သင်တန်းများဖွင့်လှစ်ခြင်းသည် လူငယ်တွေလိမ္မာတိုးတက်စေဖို့ဖြစ်ပေသည်။ သင်တန်းများ တက်ရောက်ခြင်းသည် နိုင်ငံလူမျိုးနှင့် ဘာသာအကျိုးရှိမည်။
(တို့လူငယ် ----------------------------------------------------တိုးတက်မည်)၂
(သင်တန်းများ --------------------------------------------------အကျိုးရှိမည်)

အသိစိတ်မှာ ထာဝစဉ်
ဘုန်းကြီးကျောင်းကိုသွားရင် သပ်သပ်ရပ်ရပ်ဝတ်ဆင် ကြည်လင်နှလုံး ဘ၀င်မှာအပြုံးအေးမြပါစေအစဉ် ဘုန်းကြီးကျောင်းကို ရောက်ရင် စီးတဲ့ ဖိနပ်ကိုချွှတ်ဝင် ကြင်လင်နှလုံး ဘ၀င်မှာအပြုံး အေးမြပါစေအစဉ်
(ဘုရားနဲ့ သံဃာတွေ့ရင် ခေါင်းကို ဦးညွှတ်ချကာပင် လက်စုံ ဆယ်ဖြာမိုးကာ ရှိခိုးဦးတင် ယဉ်ကျေးလိမ္မာ ကလေးများ အသိစိတ်မှာ ထာဝစဉ် အဲ့ဒါ ဗုဒ္ဓ ဘာသာဝင်…….ဘုန်းဘုန်းတို့ကိုလျှောက်ရင် အသုံးအနှုန်းလေးတွေ မမှားစေချင် ဆရာတော်ဘုရား ……..မှန်ပါဘုရား ……..ပြောကြားပါအစဉ် )
(ဆရာတော်ဘုရား ……..မှန်ပါဘုရား ……..ပြောကြားပါအစဉ်)၂

၃.၅.၂၀၁၅



ဓမ္မစကူးလ် ထောင်သောင်းများစွာ
          (အထက်တန်းကိုမျှော် တက်လှမ်းဖို့နော်။ဘာသာမွေလက်ဆင့်ကမ်းမို့ လက်တွဲစို့နော်။ တို့မြေ တို့သွေးသားတို့ရေ အားပေးလို့ တို့တွေသိပ်ပျော် ပညာဖော် အကြင်နာဘော် နေ့မအား ညမနား တို့များအပေါင်းအဖော် စုပေါင်းအားနဲ့ ဆောင်ရွက်ကြမ်ာနော် …ဓမ္မစကူးလ် ထောင်သောင်းများစွာနော်….)၂
          မျိုးဆက်သစ်လူငယ်များက ငါတို့ရဲ့ အနာဂတ်ပါနော် ။ သမိုင်းပေးတာဝန်တွေပဲ အသည်းစွဲမှတ်နော် ။ အခက်ခဲတွေလည်း အားခဲလို့ ကျော်ဖြတ်ရမယ်နော် ။ အများအတွက်သာဆိုရင်တော့ တွဲလက်တွေခိုင်မြဲစေပေါ့ ။ စွမ်းသမျှထမ်းကြ လမ်းပြလို့ လှမ်းလာပါလှည့်နော် ။
  (အထက်တန်းကိုမျှော်……………………………………………………………………………………………………………များစွာနော် ။)၂
(မျိုးဆက်သစ်…………………………………………………………………………………………………………..လှမ်းလာပါလှည့်နော်)
  (အထက်တန်းကိုမျှော်……………………………………………………………………………………………………………များစွာနော် ။)၂
                             (စုပေါင်းအားနဲ့ ဆောင်ရွက်ကြမယ်နော် ဓမ္မစကူးလ် ထောင်သောင်းပေါင်းများစွာနော်)



လိမ္မာယဉ်ကျေး မျိုးဆက်သွေး
(တို့လူငယ်လသားသမီးများသည် ယဉ်ကျေးလိမ္မာစေရန် သင်တန်းများတက်ရောက်ခြင်းသည် အတိုင်းအဆမရှိပဲ တို့ယဉ်ကျေးလာမည် ။ အာရှမှာ မြန်မာကသာ လိမ္မာယဉ်ကျေးပြမည် ။ မျိုးဆက်သစ်တို့ စိတ်ထဲမှာ ယဉ်ကျေးစွာ နိုင်ငံတိုးတက်မည်။ ) ၂
သင်တန်းများဖွင့်လှစ်ခြင်းသည် လူငယ်တွေလိမ္မာတိုးတက်စေဖို့ဖြစ်ပေသည်။ သင်တန်းများ တက်ရောက်ခြင်းသည် နိုင်ငံလူမျိုးနှင့် ဘာသာအကျိုးရှိမည်။
(တို့လူငယ် ----------------------------------------------------တိုးတက်မည်)၂
(သင်တန်းများ --------------------------------------------------အကျိုးရှိမည်)

အသိစိတ်မှာ ထာဝစဉ်
ဘုန်းကြီးကျောင်းကိုသွားရင် သပ်သပ်ရပ်ရပ်ဝတ်ဆင် ကြည်လင်နှလုံး ဘ၀င်မှာအပြုံးအေးမြပါစေအစဉ် ဘုန်းကြီးကျောင်းကို ရောက်ရင် စီးတဲ့ ဖိနပ်ကိုချွှတ်ဝင် ကြင်လင်နှလုံး ဘ၀င်မှာအပြုံး အေးမြပါစေအစဉ်
(ဘုရားနဲ့ သံဃာတွေ့ရင် ခေါင်းကို ဦးညွှတ်ချကာပင် လက်စုံ ဆယ်ဖြာမိုးကာ ရှိခိုးဦးတင် ယဉ်ကျေးလိမ္မာ ကလေးများ အသိစိတ်မှာ ထာဝစဉ် အဲ့ဒါ ဗုဒ္ဓ ဘာသာဝင်…….ဘုန်းဘုန်းတို့ကိုလျှောက်ရင် အသုံးအနှုန်းလေးတွေ မမှားစေချင် ဆရာတော်ဘုရား ……..မှန်ပါဘုရား ……..ပြောကြားပါအစဉ် )
(ဆရာတော်ဘုရား ……..မှန်ပါဘုရား ……..ပြောကြားပါအစဉ်)၂






















>>>ဆက်ဖတ်ရန်>>> >>