Monday, July 27, 2015

မကွေးပညာရေးကောလိပ် ၊ Dted(19/14) ပထမနှစ် A3 သင်တန်းသား/သူတွှို၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ

မကွေးပညာရေးကောလိပ်
DTed(19/14)ပထမနှစ် A-3
သင်တန်းသား/သူတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ
၂၆.၇.၂၀၁၅ ၊ တနင်္ဂနွေနေ့ နေ့လယ်၂ နာရီ


ယနေ့ မကွေးပညာရေးကောလိပ်မှာ ဆရာအတတ်ပညာတို့ကိုသင်ယူနေကြသော DTef(19/14)ပထမနှစ် A-3 သင်တန်းသား/သူတို့ရဲ့ ဝါဆိုသင်္ကန်း၊ဝါဆိုပန်း စတဲ့ လှူဖွယ်တို့ ကို လှူတဲ့အခုလို ပွဲမှာ ဘုန်းဘုန်းအနေနဲ့ အနုမောဒနာတရားလေးကို အနည်းငယ်ပြောပြပေးပါမယ်။
ဘုန်းဘုန်းတို့လောကမှာ ဝါဆိုသင်္ကန်းလို့ပြောလိုက်ရင်၇နှစ်အရွယ်က သောတာပန်ဖြစ်ခဲ့တဲ့ ကျောင်းအမကြီး ဝိသာခါရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားများကို အောက်မေ့သတိရမိပါတယ်။ ဇာတ်လမ်းတော့မပြောတော့ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ပြောမှဖြစ်မယ်။ အခုလိုဝါဆိုလမှာ ဝိသာခါကျောင်းအမကြီးက
ဘုရားအမှူးရှိသော ဇေတဝန်တစ်ကျောင်းလုံးရှိ သံဃာတော်တွေကို ဆွမ်းစားပင့် ၊ နောက်တစ်နေ့ နံနက်ပိုင်းမှာ လေးကျွန်းလုံးကို တစ်ပြိုင်တည်းရွာတဲ့ နောက်ဆုံးမိုးဖြစ်လို့ မြတ်ဗုဒ္ဓက သံဃာတော်တို့အား ရေချိုးခွင့်ပေးခဲ့ပါတယ်။အဲဒီအချိန်က သင်္ကန်းရှားပါးလို့ အဝတ်မပါဗလာရေချိုးနေရခြင်းရဲ့ အကြောင်း စုံကို တပည့်မလေးမှတဆင့် ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါသိလို့ မြတ်ဗုဒ္ဓနှင့် သံဃာတော်တွေကို ဆွမ်းတွေကပ်ပြီး အခုလို ဆု ၈ မျိုးကို တောင်းလိုက်ပါတယ်။
အဘယ် ဆု ၈ မျိုးလဲဆိုရင်
(၁) သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း ၀ါဆိုသင်္ကန်းလှူခွင့်
(၂) ကျောင်းသို့ ရောက်လာကြသော ဧည့်သည် အာဂန္တု ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၃) ခရီးသွား ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၄) ဖျားနာနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၅) ဖျားနာနေသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၆) ဖျားနာနေသော ရဟန်းတို့အား အမြဲဆေးပစ္စည်းများ ကပ်လှူခွင့်
(၇) အမြဲမပြတ် ဆန်ပြုတ် - ယာဂုဆွမ်းကပ်လှူခွင့်
(၈) ရဟန်းမ - ဘိက္ခုနီမတို့အား အသက်ထက်ဆုံး ရေသနုပ်လှူရန် တို့ဖြစ်၏။
ဆု ၈ မျိုး တောင်းခြင်းအကြောင်းတွေကတော့ -
၁၊ အ၀တ်မဆီး အချည်းနှီး နေလျှင်/ရေချိုးလျှင် မစင်ကြယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်ခြင်း၊
၂၊ ဧည့်သည် အာဂန္တုရဟန်းသည် လမ်းမကျွမ်းသဖြင့် ဆွမ်းခံလို့ ရမည့်အိမ်ကို မသိသဖြင့် ဆွမ်းခက်ခဲခြင်း၊
၃၊ ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာဖွေနေရသဖြင့် သွားရေးလာရေး ခရီးဖင့်နေ ခရီးနောက်နှေးခြင်း၊
၎၊ ဖျားနာနေသော ရဟန်းသည် ရောဂါနှင့်သင့်သော ဘောဇဉ်ကို မရသဖြင့် အနာရောဂါတိုးပွား၍ သေဆုံးခြင်း၊
၅၊ ဖျားနာနေသောရဟန်းကို ပြုစုလုပ်ကျွေးသောရဟန်းသည် ၄င်းအတွက် ဆွမ်းကို ရှာဖွေနေရသောကြောင့် ဖျားနာနေသောရဟန်း ဆွမ်းငတ်နိုင်ခြင်း၊
၆၊ ဖျားနာနေသော ရဟန်းသည် လျောက်ပတ်သည့်ဆေးကို မရသည်ရှိသော် ရောဂါ တိုးပွားပြီး သေခြင်း၊
၇၊ ယာဂု - ဆန်ပြုတ်အကျိုး ဆယ်ပါးကို သိခြင်း၊
၈၊ ဘိက္ခုနီမတို့သည် အစီရ၀တီမြစ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးနေစဉ် ပြည့်တန်ဆာမများက စကြ နောက်ကြခြင်း၊ စသည့် အကြောင်းတရား ၈ ပါးကြောင့် ဆု ၈ မျိုးကို တောင်းပါတယ်။
မြတ်စွာဘုရားရှင်ဟာ ကျောင်းအမကြီး ၀ိသာခါအား အခြားအကြောင်း ရှိသေးသလားလို့ မေးတဲ့အခါမှာ" ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ၀ါလကင်းလွတ် သီတင်းကျွတ်သည်ရှိသော် မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန်လာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ 'အရှင်ဘုရား ဤမည်သောရဟန်းသည် သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ အကျွတ်တရား ရသွားပါရဲ့လားဘုရား' ဟု မေးလျှောက်သော် မြတ်စွာဘုရားရှင်က ကွယ်လွန်ခဲ့သောရဟန်းသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟု ဖြေကြားပါလိမ့်မည်။
အကယ်၍ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ ကြွရောက်ဖူးပါက တပည့်တော်မ လှူဒါန်းသည့် မိုးရေခံသင်္ကန်း-၀ါဆိုသင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဆန်ပြုတ်-ယာဂုတို့ကို သုံးဆောင်ဖူးမည်ဖြစ်၍ ဘုရားတပည့်တော်မအား ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ငြိမ်အေးခြင်း၊ ချမ်းသာခြင်း၊ တည်ကြည်ခြင်း၊ ဣနြေ္ဒကိုပွားခြင်း၊ ဗိုလ်ကိုပွားစေခြင်း၊ ဗောဇ္ဈင်ကို ပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိပါလိမ့်မည် " ဟု လျှောက်ကြားလိုက်ပါတယ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓက အဲဒီလို အကျိုးကျေးဇူးများလို့မို့ ၀ိသာခါကျောင်းအမကြီးတောင်းသော ဆု ၈ မျိုးကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ၀ိသာခါကျောင်းအမကြီးရဲ့ ကျေးဇူးကြောင့် မိုးရေခံသင်္ကန်း - ၀ါဆိုသင်္ကန်း ပေါ်ပေါက်လာ၍ ရဟန်းတော်များ ၀တ်ရုံသုံးဆောင်ခွင့်ရပြီး ဗုဒ္ဓဘာသာဝင်များက ၀ါဆိုလပြည့်နေ့မှာ ရဟန်းသံဃာများကို ၀ါဆိုသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်း ဖြစ်ပေသည်။
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စတဲ့ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်း စတဲ့အကျိုးတရားများ ရရှိပါတယ်။ သင်္ကန်းအလှူရှင်တွေအတွက် ရရှိမည့် အကျိုးများကတော့ -
သုဝဏ္ဏ၀ဏ္ဏော ၀ိရဇော၊ သပ္ပဘာသော ပတာတ၀ါ၊
သိနိဋ္ဌံ ဟောတိ မေ ဂတ္တံ၊ ဘဝေ သံသရတော မမ။
ဒုဿသတသဟဿာနိ၊ သေတာ ပီတာ စ လောဟိတာ၊
ဓာရေန္တိ မတ္ထကေ မယှံ၊ ဒုဿ ဒါနဿိဒံ ဖလံ။
သင်္ကန်းလှူရကျိုး ၈ မျိုး
ရွှေရောင် အဆင်း၊ မြူကင်း စင်ကြယ်၊
သားရေ ၀င်းဖန့်၊ နူးညံ့လှတယ်၊
နီ ညို ဖြူ ၀င်း၊ ၀တ်ခင်း ပေါကြွယ်၊
လှူသင်္ကန်း ၈ ခန်းအကျိုးသွယ်။
သင်္ကန်းလှူခြင်းကြောင့် အသားရေသည် ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ချေး မြူအညစ်အကြေး ကင်းစင်ခြင်း၊ အသားအရေ ၀င်းဖန့်စိုပြေခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အ၀တ်အထည်တွေ၊ အညိုရောင် အ၀တ်အထည်တွေ၊ အဖြူရောင် အ၀တ်အထည်တွေ၊ ၀ါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အ၀တ်အထည်တွေရရှိခြင်း အစရှိတဲ့ အကျိုးများကို ရရှိပါတယ်။
ဒါ့အပြင်အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိမယ့်အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီးရဲ့ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရတဲ့ စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားတဲ့ ကိုးကုဋေတန် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိအုံးမှာပါ။
အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတစွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမယ်။ အခုပြောခဲ့တဲ့ ကောင်းကျိုးတွေဟာ ဝါဆိုသင်္ကန်းလှူဒါန်းခြင်းကြောင့် ရရှိတဲ့ အကျိုးတရားတွေပါပဲလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ် ။
နောက်ပြီးတော့ ဆရာလေးတို့ဟာ ဒီလကုန်ရင် ကိုယ်ကျရာကျောင်းတွေမှာ တန်းပြဆင်းရမှာ ဖြစ်လို့ ပညာရေးစံ ၄ခုကို လက်ဆောင်ပေးလိုက်ပါအုံးမယ်။

ပညာရေးစံ (၄) ခု
´ Availability (ရရှိနိုင်မှု)
´ Accessibility ( လူတိုင်းအတွက် လက်လှမ်းမီနိုင်မှု)၊
´ Acceptability(လက်ခံနိုင်မှု)
´ Adaptability (အသုံးချနိုင်မှု)
by the former UN Special Rapporteur on the Right to Education, Katarina Tomasevski
၁။ Availability (ရရှိနိုင်မှု)
´ အစိုးရက ပညာရေးအတွက် ဘဏ္ဍာငွေများကို လုံလောက်စွာ အသုံးပြုခြင်း၊
´ လုံခြုံသော ကျောင်းများ၊ စာသင်ခန်းများရှိခြင်း၊
´ မြို့ရွ့ာကျေးလက်များတိုင်းတွင်ကျောင်းရှိခြင်း၊
´ ကျောင်းသားနှင့် ဆရာဆရာမအရေအတွက်အချိုးကိုက်ညီစွာရှိခြင်း၊
´ သင်ရိုးညွန်းတမ်းစာအုပ်များ အခမဲ့ရရှိခြင်း၊
´ သင့်လျော်သော သွားလာမှုအစီအစဉ်များရှိခြင်း၊
Questions for Availability
´ မူလတန်းပညာရေးဟာ အခမဲ့ဖြစ်ရဲ့လား
´ မဖြစ်သေးရင် မသင်မနေရ အခမဲ့မူလတန်းဖြစ်အောင် သင်လျော့်တဲ့အချိန်ကာလ၊ ဘတ်ဂျက်တွေချပြီး လုပ်ဆောင်နေလား၊
´ အစိုးရက မူလတန်းပညာရေးလူတိုင်းသင်နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးတွေ သုံးစွဲရဲ့လား၊
´ ဆရာဆရာမတွေကို ကောင်းမွန်စွာ လေ့ကျင်ပေးထားလား။
´ နိုင်ငံအလိုက်သင့်တော့တဲ့ လခခံစားမှုတွေရရဲ့လား၊ သင့်လျော်တဲ့ လုပ်ငန်းခွင်၊ သင်ထောက်ကူတွေရှိရဲ့လား၊ အဖွဲ့အစည်းဖွဲ့နိုင်ခွင့်ရှိလား၊
´ ကျောင်းတွေက လုံခြုံပြီး သန့်ရှင်းရဲ့လား။
Accessibility လူတိုင်းအတွက်လက်လှမ်းမှီနိုင်မှု
´ ပညာရေးစနစ်မှာ ခွဲခြားခြင်းလုံးဝမရှိခြင်း၊
´ ပတ်ဝန်းကျင်က ဖယ်ကျဉ်ထားတဲ့သူတွေကအစ ပါဝင်သင်ကြားနိုင်အောင် အထူးအစီအစဉ်တွေချမှတ်ပြီး လုပ်ဆောင်ပေးခြင်း၊
´ ပညာရေးကို ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ စီးပွားရေးဆိုင်ရာအရဖြစ်စေ လူတိုင်းရယူလေ့လာနိုင်အောင် လုပ်ပေးခြင်း၊
Questions for accessibility
´ ပညာရေးမှာ ခွဲခြားမှုရှိနေလား.. လူတိုင်း ( ဘာသာ၊ လူမျိုး၊ ကျားမ၊ စီးပွားရေးအဆင့်အတန်း။ မသန်စွမ်းသူများ)
´ ပိုမိုဆိုးဝါးတဲ့အလွှာတွေဆီရောက်အောင် လုပ်ဆောင်ရဲ့လား၊
´ ပညာသင်ပေးနေတဲ့ကျောင်းတွေဆီ သွားလာဖို့ လွယ်ကူရဲ့လား
´ ပညာသင်ဖို့ လူတိုင်းရော တတ်နိုင်ကြရဲ့လား
´ ကျောင်းအပ်ဖို့လိုအပ်တဲ့ အထောက်အထားတွေ၊ လုပ်ထုံးလုပ်နည်းတွေက လွယ်ကူရဲ့လား။
Acceptability (လက်ခံနိုင်မှု)
´ သင်ယူရတဲ့ပညာရေးဟာ လက်တွေ့ဘ၀နဲ့ကိုက်ညီခြင်း၊
´ မတူကွဲပြားမှုကို သဘောပေါက်ကျင့်သုံးခြင်း၊
´ အရည်အသွေးပြည့်ဝသော ပညာရေးဖြစ်ခြင်း၊
´ သင်ကြားတဲ့ ဆရာဆရာမများဟာလဲ အရည်အသွေးနဲ့ ပြည့်စုံခြင်း၊
´ အရည်အချင်းတိုးတက်စေသည့် ပညာရေးပုံစံဖြင့် သင်ကြားခြင်း၊
Question for Acceptability
´ ပညာရေးပုံစံက မတူကွဲပြားမှု၊ ဗဟုဝါဒကို အခြေခံရဲ့လား၊
´ ဘာသာရေးအယူအဆ (သို့မဟုတ်) အယူအဆတခုခုအပေါ် အခြေခံသင်ကြားတာမျိုးလား
´ သင်ရိုးညွန်းတမ်းတွေက မတူကွဲပြားမှုတွေကို ပွင့်လင်းမြင်သာအောင် ဖန်တီးပေးသလား၊
´ သင်ကြားတဲ့ သင်ထောက်ကူတွေ၊ သင်ကြားပုံတွေက အစွဲတွေ၊ ပုံစံခွက်တွေ ကင်းရဲ့လား၊
´ ယဉ်ကျေးမှုနဲ့ ကိုက်ညီရဲ့လား၊
´ ကျောင်းတွေမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ရူတ်ချတာတွေရှိသလား။
´ ကျောင်းစည်းကမ်းတွေကို အနိမ့်ဆုံးစံချိန်စံညွန်းအဖြစ် သတ်မှတ်ထားတာတွေရှိသလား၊
´ ဆရာဆရာမတွေကို လေ့ကျင့်ထားပေးပြီး ဆရာကောင်းဂုဏ်များနဲ့ သတ်မှတ်ထားတာရှိသလား။
Adaptability (အသုံးချနိုင်မှု)
´ ကလေးများ၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း၊
´ တိုးတက်ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းတို့ရဲ့လိုအပ်ချက်နှင့် တသားထဲကျ နေခြင်း၊
´ ကွဲပြားခြားနားတဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေခံတွေအပေါ်မူတည်ပြီး လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း၊
´ ဘ၀အာမခံချက်ပေးနိုင်ပြီး လက်တွေ့မှာ ပြန်အသုံးချနိုင်တဲ့ ပညာရေးမျိုးဖြစ်ခြင်း၊
Questions for Adaptability
´ ကျောင်းတွေရဲ့ လုပ်ဆောင်မှုဟာ ဒေသခံကျောင်းသားတွေရဲ့ အထူးလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လုပ်ဆောင်နိုင်ရဲ့လား( ကျောင်းပိတ်ရက်၊ သင်ကြားပုံ)
´ ပညာရေးဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ရပ်ရွာ ပတ်ဝန်းကျင်လိုအပ်ချက်တွေနဲ့ သဟဇာတဖြစ်ရဲ့လား၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုလူနည်းစုတွေရဲ့ ဘာသာစကားရယ် နိုင်ငံတော်သုံးဘာသာစကားတွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးရဲ့လား၊
´ ကျောင်းထွက်နိုင်တဲ့အသက်နဲ့ အလုပ်လုပ်နိုင်ခွင့်ပြုတဲ့အသက်၊ စစ်မှုထမ်းနိုင်တဲ့အသက်၊ အိမ်ထောင်ပြုခွင့်ရှိတဲ့အသက်၊ ရာဇ၀တ်မှုအဖြစ်လက်ခံနိုင်သောအသက်တို့ လိုက်လျောညီထွေဖြစ်ရဲ့လား၊
´ ကျောင်းဟာ ကလေးအခွင့်အရေးတွေကို ကာကွယ်ပေးတာ၊ တိုးတက်အောင်လုပ်ဆောင်ပေးတာတွေ လုပ်ပေးနိုင်ရဲ့လား တဲ့လေ.......
ဘုန်းသစ်
၂၈.၇.၂၀၁၅
မှတ်ချက်။ ။ ဝါဆိုသင်္ကန်းများကပ်လှူပူဇော်ကြသော
သင်တန်းသား/သူတို့အား မြန်မာ့ရိုးရာမုန့်များဖြစ်သော နှမ်းမုန့်ကြော်နဲ့ မုန်းဆီကြော်တို့ဖြင့် ဧည့်ခံရင်း
MBAPFမှ တစ်လလျှင်၆၀ဂစ်လှူထားသော wifiကို
အခမဲ့အသုံးပြုမှုများပေးပြီး ဆရာလေး ဆရာမလေးတို့၏ လိုအင်များကိုဖြည့်ခဲ့ပါတယ်။
















>>>ဆက်ဖတ်ရန်>>> >>

ပညာရေးစံ(၄)ချက်



ပညာရေးစံ (၄) ခု
´  Availability  (ရရှိနိုင်မှု)
´  Accessibility ( လူတိုင်းအတွက် လက်လှမ်းမီနိုင်မှု)၊
´  Acceptability(လက်ခံနိုင်မှု)
´  Adaptability (အသုံးချနိုင်မှု)
by the former UN Special Rapporteur on the Right to Education, Katarina Tomasevski

၁။ Availability  (ရရှိနိုင်မှု)
´      အစိုးရက ပညာရေးအတွက် ဘဏ္ဍာငွေများကို လုံလောက်စွာ အသုံးပြုခြင်း၊
´  လုံခြုံသော ကျောင်းများ၊ စာသင်ခန်းများရှိခြင်း၊
´   မြို့ရွ့ာကျေးလက်များတိုင်းတွင်ကျောင်းရှိခြင်း၊
´  ကျောင်းသားနှင့် ဆရာဆရာမအရေအတွက်အချိုးကိုက်ညီစွာရှိခြင်း၊
´  သင်ရိုးညွန်းတမ်းစာအုပ်များ အခမဲ့ရရှိခြင်း၊
´  သင့်လျော်သော သွားလာမှုအစီအစဉ်များရှိခြင်း၊

Questions for Availability
´  မူလတန်းပညာရေးဟာ အခမဲ့ဖြစ်ရဲ့လား
´  မဖြစ်သေးရင် မသင်မနေရ အခမဲ့မူလတန်းဖြစ်အောင် သင်လျော့်တဲ့အချိန်ကာလ၊ ဘတ်ဂျက်တွေချပြီး လုပ်ဆောင်နေလား၊
´  အစိုးရက မူလတန်းပညာရေးလူတိုင်းသင်နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးတွေ သုံးစွဲရဲ့လား၊
´  ဆရာဆရာမတွေကို ကောင်းမွန်စွာ လေ့ကျင်ပေးထားလား။
´  နိုင်ငံအလိုက်သင့်တော့တဲ့ လခခံစားမှုတွေရရဲ့လား၊ သင့်လျော်တဲ့ လုပ်ငန်းခွင်၊ သင်ထောက်ကူတွေရှိရဲ့လား၊ အဖွဲ့အစည်းဖွဲ့နိုင်ခွင့်ရှိလား၊
´  ကျောင်းတွေက လုံခြုံပြီး သန့်ရှင်းရဲ့လား။

Accessibility လူတိုင်းအတွက်လက်လှမ်းမှီနိုင်မှု
´  ပညာရေးစနစ်မှာ ခွဲခြားခြင်းလုံးဝမရှိခြင်း၊
´   ပတ်ဝန်းကျင်က ဖယ်ကျဉ်ထားတဲ့သူတွေကအစ ပါဝင်သင်ကြားနိုင်အောင် အထူးအစီအစဉ်တွေချမှတ်ပြီး လုပ်ဆောင်ပေးခြင်း၊
´  ပညာရေးကို ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ စီးပွားရေးဆိုင်ရာအရဖြစ်စေ လူတိုင်းရယူလေ့လာနိုင်အောင် လုပ်ပေးခြင်း၊
Questions for accessibility
´  ပညာရေးမှာ ခွဲခြားမှုရှိနေလား.. လူတိုင်း ( ဘာသာ၊ လူမျိုး၊ ကျားမ၊ စီးပွားရေးအဆင့်အတန်း။ မသန်စွမ်းသူများ)
´  ပိုမိုဆိုးဝါးတဲ့အလွှာတွေဆီရောက်အောင် လုပ်ဆောင်ရဲ့လား၊
´  ပညာသင်ပေးနေတဲ့ကျောင်းတွေဆီ သွားလာဖို့ လွယ်ကူရဲ့လား
´  ပညာသင်ဖို့ လူတိုင်းရော တတ်နိုင်ကြရဲ့လား
´  ကျောင်းအပ်ဖို့လိုအပ်တဲ့ အထောက်အထားတွေ၊ လုပ်ထုံးလုပ်နည်းတွေက လွယ်ကူရဲ့လား။

Acceptability (လက်ခံနိုင်မှု)
´  သင်ယူရတဲ့ပညာရေးဟာ လက်တွေ့ဘ၀နဲ့ကိုက်ညီခြင်း၊
´  မတူကွဲပြားမှုကို သဘောပေါက်ကျင့်သုံးခြင်း၊
´  အရည်အသွေးပြည့်ဝသော ပညာရေးဖြစ်ခြင်း၊
´   သင်ကြားတဲ့ ဆရာဆရာမများဟာလဲ အရည်အသွေးနဲ့ ပြည့်စုံခြင်း၊
´  အရည်အချင်းတိုးတက်စေသည့် ပညာရေးပုံစံဖြင့် သင်ကြားခြင်း၊
Question for Acceptability
´  ပညာရေးပုံစံက မတူကွဲပြားမှု၊ ဗဟုဝါဒကို အခြေခံရဲ့လား၊
´  ဘာသာရေးအယူအဆ (သို့မဟုတ်) အယူအဆတခုခုအပေါ် အခြေခံသင်ကြားတာမျိုးလား
´  သင်ရိုးညွန်းတမ်းတွေက မတူကွဲပြားမှုတွေကို ပွင့်လင်းမြင်သာအောင် ဖန်တီးပေးသလား၊
´  သင်ကြားတဲ့ သင်ထောက်ကူတွေ၊ သင်ကြားပုံတွေက အစွဲတွေ၊ ပုံစံခွက်တွေ ကင်းရဲ့လား၊
´  ယဉ်ကျေးမှုနဲ့ ကိုက်ညီရဲ့လား၊
´  ကျောင်းတွေမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ရူတ်ချတာတွေရှိသလား။
´  ကျောင်းစည်းကမ်းတွေကို အနိမ့်ဆုံးစံချိန်စံညွန်းအဖြစ် သတ်မှတ်ထားတာတွေရှိသလား၊
´  ဆရာဆရာမတွေကို လေ့ကျင့်ထားပေးပြီး ဆရာကောင်းဂုဏ်များနဲ့ သတ်မှတ်ထားတာရှိသလား။

Adaptability (အသုံးချနိုင်မှု)
´  ကလေးများ၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း၊
´  တိုးတက်ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းတို့ရဲ့လိုအပ်ချက်နှင့် တသားထဲကျ နေခြင်း၊
´  ကွဲပြားခြားနားတဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေခံတွေအပေါ်မူတည်ပြီး လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း၊
´  ဘ၀အာမခံချက်ပေးနိုင်ပြီး လက်တွေ့မှာ ပြန်အသုံးချနိုင်တဲ့ ပညာရေးမျိုးဖြစ်ခြင်း၊ 
Questions for Adaptability
´  ကျောင်းတွေရဲ့ လုပ်ဆောင်မှုဟာ ဒေသခံကျောင်းသားတွေရဲ့ အထူးလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လုပ်ဆောင်နိုင်ရဲ့လား( ကျောင်းပိတ်ရက်၊ သင်ကြားပုံ)
´  ပညာရေးဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ရပ်ရွာ ပတ်ဝန်းကျင်လိုအပ်ချက်တွေနဲ့ သဟဇာတဖြစ်ရဲ့လား၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုလူနည်းစုတွေရဲ့ ဘာသာစကားရယ် နိုင်ငံတော်သုံးဘာသာစကားတွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးရဲ့လား၊
´  ကျောင်းထွက်နိုင်တဲ့အသက်နဲ့ အလုပ်လုပ်နိုင်ခွင့်ပြုတဲ့အသက်၊ စစ်မှုထမ်းနိုင်တဲ့အသက်၊ အိမ်ထောင်ပြုခွင့်ရှိတဲ့အသက်၊ ရာဇ၀တ်မှုအဖြစ်လက်ခံနိုင်သောအသက်တို့ လိုက်လျောညီထွေဖြစ်ရဲ့လား၊
´  ကျောင်းဟာ ကလေးအခွင့်အရေးတွေကို ကာကွယ်ပေးတာ၊ တိုးတက်အောင်လုပ်ဆောင်ပေးတာတွေ လုပ်ပေးနိုင်ရဲ့လား၊

>>>ဆက်ဖတ်ရန်>>> >>

ရတနာဆောင်သူတို့ရဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ (၂၅.၇.၂၀၁၅) စနေနေ့



နေ့ မကွေးပညာရေးကောလိပ်မှာ ပညာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်သွင်သွင်​​အေးတို့နဲ့ PPTT(2/15)နှင့် DTED(19/14) ရတနာဆောင်သူတို့ရဲ့ ဝါဆိုသင်္ကန်း၊ဝါဆိုပန်း စတဲ့ လှူဖွယ်တို့ ကို လှူတဲ့​​အခုလို ပွဲမှာ ဘုန်းဘုန်းအနေနဲ့ အနုမောဒနာတရားလေးကို အနည်းငယ်​​ပြောပြပေးပါမယ်
ဘုန်
းဘုန်းတို့လောကမှာ ဝါဆိုသင်္ကန်းလို့ပြောလိုက်ရင် ၇နှစ်အရွယ်က သောတာပန် ဖြစ်ခဲ့တဲ့ ကျောင်းအမကြီး ဝိသာခါရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားများကို အောက်​​မေ့သတိရမိပါတယ်။ ဇာတ်လမ်တော့မပြောတော့ပါဘူး။ ဒါပေမယ့် နည်းနည်တော့ပြောမှဖြစ်မယ်။ အခုလိုဝါဆိုလမှာ ဝိသာခါကျောင်းအမကြီးက
ဘုရားအမှူးရှိ
သော ဇေတဝန်တစ်​​ကျောင်းလုံးရှိ သံဃာတော်​​တွေကို ဆွမ်းစားပင့် ၊ နောက်တစ်​​နေ့ နံနက်ပိုင်းမှာ လေးကျွန်းလုံးကို တစ်ပြိုင်တည်းရွာတဲ့ နောက်ဆုံးမိုးဖြစ်လို့ မြတ်ဗုဒ္ဓက သံဃာတော်တို့အား ရေချိုးခွင်ပေးခဲ့ပါတယ်။အဲဒီအချိန်က သင်္ကန်းရှားပါးလို့ အဝတ်မပါဗလာရေချိုးနေရခြင်ရဲ့ အကြောင်း စုံကို တပည့်မလေးမှတဆင့် ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါသိလို့ မြတ်ဗုဒ္ဓနှင့် သံဃာတော်​​တွေကို ဆွမ်တွေကပ်ပြီး အခုလို ဆု ၈ မျိုးကို တောင်းလိုက်ပါတယ်
အဘယ် ဆု ၈ မျိုးလဲဆိုရင်
(၁) သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း ၀ါဆိုသင်္ကန်းလှူခွင့်
(၂) ကျောင်းသို့ ရောက်လာကြသော ဧည့်သည် အာဂန္တု ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၃) ခရီးသွား ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၄) ဖျားနာနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၅) ဖျားနာနေသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၆) ဖျားနာနေသော ရဟန်းတို့အား အမြဲဆေးပစ္စည်းများ ကပ်လှူခွင့်
(၇) အမြဲမပြတ် ဆန်ပြုတ် - ယာဂုဆွမ်းကပ်လှူခွင့်
(၈) ရဟန်းမ - ဘိက္ခုနီမတို့အား အသက်ထက်ဆုံး ရေသနုပ်လှူရန် တို့ဖြစ်၏။

ဆု ၈ မျိုး တောင်းခြင်းအကြောင်းတွေကတော့ -
၁၊ အ၀တ်မဆီး အချည်းနှီး နေလျှင်/ရေချိုးလျှင် မစင်ကြယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်ခြင်း၊
၂၊ ဧည့်သည် အာဂန္တုရဟန်းသည် လမ်းမကျွမ်းသဖြင့် ဆွမ်းခံလို့ ရမည့်အိမ်ကို မသိသဖြင့် ဆွမ်းခက်ခဲခြင်း၊
၃၊ ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာဖွေနေရသဖြင့် သွားရေးလာရေး ခရီးဖင့်နေ ခရီးနောက်နှေးခြင်း၊
၎၊ ဖျားနာနေသော ရဟန်းသည် ရောဂါနှင့်သင့်သော ဘောဇဉ်ကို မရသဖြင့် အနာရောဂါတိုးပွား၍ သေဆုံးခြင်း၊
၅၊ ဖျားနာနေသောရဟန်းကို ပြုစုလုပ်ကျွေးသောရဟန်းသည် ၄င်းအတွက် ဆွမ်းကို ရှာဖွေနေရသောကြောင့် ဖျားနာနေသောရဟန်း ဆွမ်းငတ်နိုင်ခြင်း၊
၆၊ ဖျားနာနေသော ရဟန်းသည် လျောက်ပတ်သည့်ဆေးကို မရသည်ရှိသော် ရောဂါ တိုးပွားပြီး သေခြင်း၊
၇၊ ယာဂု - ဆန်ပြုတ်အကျိုး ဆယ်ပါးကို သိခြင်း၊
၈၊ ဘိက္ခုနီမတို့သည် အစီရ၀တီမြစ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးနေစဉ် ပြည့်တန်ဆာမများက စကြ နောက်ကြခြင်း၊ စသည့် အကြောင်းတရား ၈ ပါးကြောင့် ဆု ၈ မျိုးကို တောင်းပါတယ်

မြတ်စွာဘုရားရှင်ဟာ ကျောင်းအမကြီး ၀ိသာခါအား အခြားအကြောင်း ရှိသေးသလားလို့
မေးတဲ့အခါမှာ" ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ၀ါလကင်းလွတ် သီတင်းကျွတ်သည်ရှိသော် မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန်လာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ 'အရှင်ဘုရား ဤမည်သောရဟန်းသည် သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ အကျွတ်တရား ရသွားပါရဲ့လားဘုရား' ဟု မေးလျှောက်သော် မြတ်စွာဘုရားရှင်က ကွယ်လွန်ခဲ့သောရဟန်းသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟု ဖြေကြားပါလိမ့်မည်။
အကယ်၍ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ ကြွရောက်ဖူးပါက တပည့်တော်မ လှူဒါန်းသည့် မိုးရေခံသင်္ကန်း-၀ါဆိုသင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဆန်ပြုတ်-ယာဂုတို့ကို သုံးဆောင်ဖူးမည်ဖြစ်၍ ဘုရားတပည့်တော်မအား ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ငြိမ်အေးခြင်း၊ ချမ်းသာခြင်း၊ တည်ကြည်ခြင်း၊ ဣနြေ္ဒကိုပွားခြင်း၊ ဗိုလ်ကိုပွားစေခြင်း၊ ဗောဇ္ဈင်ကို ပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိပါလိမ့်မည် " ဟု လျှောက်ကြားလိုက်ပါတယ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓက အဲဒီလို အကျိုးကျေးဇူးများလို့မို့ ၀ိသာခါကျောင်းအမကြီးတောင်းသော ဆု ၈ မျိုးကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ၀ိသာခါကျောင်းအမကြီးရဲ့ ကျေးဇူးကြောင့် မိုးရေခံသင်္ကန်း - ၀ါဆိုသင်္ကန်း ပေါ်ပေါက်လာ၍ ရဟန်းတော်များ ၀တ်ရုံသုံးဆောင်ခွင့်ရပြီး ဗုဒ္ဓဘာသာဝင်များက ၀ါဆိုလပြည့်နေ့မှာ ရဟန်းသံဃာများကို ၀ါဆိုသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်း ဖြစ်ပေသည်။
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စတဲ့ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်း စတဲ့အကျိုးတရားများ ရရှိပါတယ်။ သင်္ကန်းအလှူရှင်တွေအတွက် ရရှိမည့် အကျိုးများကတော့ -
သုဝဏ္ဏ၀ဏ္ဏော ၀ိရဇော၊ သပ္ပဘာသော ပတာတ၀ါ၊
သိနိဋ္ဌံ ဟောတိ မေ ဂတ္တံ၊ ဘဝေ သံသရတော မမ။

ဒုဿသတသဟဿာနိ၊ သေတာ ပီတာ စ လောဟိတာ၊
ဓာရေန္တိ မတ္ထကေ မယှံ၊ ဒုဿ ဒါနဿိဒံ ဖလံ။

သင်္ကန်းလှူရကျိုး ၈ မျိုး
ရွှေရောင် အဆင်း၊ မြူကင်း စင်ကြယ်၊
သားရေ ၀င်းဖန့်၊ နူးညံ့လှတယ်၊
နီ ညို ဖြူ ၀င်း၊ ၀တ်ခင်း ပေါကြွယ်၊
လှူသင်္ကန်း ၈ ခန်းအကျိုးသွယ်။

သင်္ကန်းလှူခြင်းကြောင့် အသားရေသည် ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ချေး မြူအညစ်အကြေး ကင်းစင်ခြင်း၊ အသားအရေ ၀င်းဖန့်စိုပြေခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အ၀တ်အထည်တွေ၊ အညိုရောင် အ၀တ်အထည်တွေ၊ အဖြူရောင် အ၀တ်အထည်တွေ၊ ၀ါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အ၀တ်အထည်တွေရရှိခြင်း အစရှိတဲ့ အကျိုးများကို ရရှိပါတယ်
ဒါ့အပြင် အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိမယ့်အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီးရဲ့ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရတဲ့ စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားတဲ့ ကိုးကုဋေတန် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိအုံးမှာပါ။
အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတစွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမယ်။ အခုပြောခဲ့တဲ့ ကောင်းကျိုးတွေဟာ ဝါဆိုသင်္ကန်းလှူဒါန်းခြင် ကြောင့် ရရှိတဲ့ အကျိုးတရားတွေပါပဲလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ် ။
                        ဘုန်းသစ်
ကျမ်းကိုး.....မဟာဝဂ်ပါဠိတော် - ၀ိသာခါဝတ္ထု ။ 


















>>>ဆက်ဖတ်ရန်>>> >>