Wednesday, August 26, 2015

ဖိတ်​ကြားလွှာ



                                        ဖိတ်​ကြားလွှာ
မကွေးမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယျာရပ်၊ မကွေး-တောင်တွင်းလမ်း မကွေးပညာရေးကောလိပ်အနီး ကပ်ကျော်ကမ္ဘာအေး ဝိပဿနာဓမ္မရိပ်သာ ၊
 ပညာပါရမီကုသိုလ်ပြုအဖွဲ့ ၊ ပညာပါရမီစာကြည့်တိုက် ၌
e-Library & Computer Center
ဖွင့်ပွဲအခမ်းအနားတွင် ရေဘေးသင့်ပြည်သူတို့၏ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲနှင့် ရန်ကုန်မြို့၊ နှင့် နယ်မြို့များမှ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း တို့နှင့် မကွေးမြို့နှင့် ဝန်းကျင်ကျေးရွာတို့မှ စာဖတ်သူတို့၏ ရေးသူဖတ်သူဆွေးနွေးပွဲကို ပြုလုပ်ကျင်းပမည်ဖြစ်ပါသည် ။ သို့ပါ၍ အောက်ပါအစီအစဉ်အတိုင်း လူကြီးမင်းကိုယ်တိုင် မပျက်မကွက် ကြွရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် ။

ရေဘေးသင့်ပြည်သူတို့အတွက်
 ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲ အစီအစဉ်
နေ့ရက်...၃၀.၈.၂၀၁၅ခု ၊ တနင်္ဂနွေနေ့
အချိန်... နံနက် (၈)နာရီ မှ (၁၁)နာရီ အထိ။

ရေးသူ၊ဖတ်သူဆွေးနွေးပွဲအစီအစဉ်
နေ့ရက်...၃၀.၈.၂၀၁၅ခု မှ
အချိန်... မွန်လွဲ(၁)နာရီ မှ ညနေ(၄)နာရီအထိ ။
မှတ်ချက်။ ။ အင်္ကျီများ၊ စာရွက်များအပေါ်တွင် ကာတွန်း ပုံတို့ကို ရန်ကုန်နှင့် နယ်မြို့များမှ ပန်းချီဆရာ၊ ကာတွန်းဆရာတို့က ရေးဆွဲပြီး တစ်ပုံ/တစ်​ထည်​ ၃၀၀၀ကျပ်ဖြင့် ရေးဆွဲပေးပါမည်။ ထိုရရှိလာသော အလှူငွေတို့ကို ရေဘေးသင့် ပြည်သူတို့အတွက် လှူဒါန်း သွားပါမည်။ သီးသန့်အလှူရှင်တို့သည် အောက်ပါပစ္စည်းများ လှူဒါန်း နိုင်ပါသည်။ ၁။ ဗလာစာအုပ်နှင့်စာရေးကိရိယာများ ၂။ ကျောင်းဝတ်စုံများ၊ (မူ၊လယ်၊ထက်) ၃။ လွယ်အိတ်များ ၄။ ဘိနပ်များ ၅။ ဦးထုပ်များ ၆။ ပိတ်စအဖြူ ၇။ ထမင်းတစ်နပ်စာ

နေရာ...ပညာပါရမီစာကြည့်တိုက်
ပညာပါရမီကုသိုလ်ပြုအဖွဲ့ 
 ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာ
မကွေး-တောင်တွင်းလမ်း
မကွေးပညာရေးကောလိပ်အနီး
အောင်ဇေယျာရပ်၊
အောင်မင်္ဂလာရပ်ကွက်၊
 မကွေးမြို့ ။





>>>ဆက်ဖတ်ရန်>>> >>