Monday, March 2, 2015

ဂျပန်နိုင်ငံ၏ ပညာရေးဆိုင်ရာ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု (An overview on Japan education administration)

ဂျပန်နိုင်ငံ၏ ပညာရေးဆိုင်ရာ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု (An overview on Japan education administration)

ယခုလို အမျိုးသားပညာရေး ဥပဒေအား လွှတ်တော်သို့တင်သွင်းပြီး အကြေအလည်ဆွေးနွေးကြတော့မည့် အချိန်အခါတွင် ကမ္ဘာ့ပညာရေးအဆင့်တွင် ထိပ်ဆုံးမှရပ်တည်နေသည့် နိုင်ငံများ၏ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ် တို့အားလေ့လာသင့်သည်ဟုထင်မြင်သည်။ သူများနိုင်ငံမှာ ဒီလိုလုပ်နေလို့ ကိုယ့်နိုင်ငံမှာလဲ ဒီအတိုင်းတသွေးမသိမ်းလိုက်လုပ်ဖို့မဟုတ်ပါ။ မိမိတို့နိုင်ငံနှင့်သင့်လျော်သော အကောင်းဆုံးသော ဥပဒေတစ်ခုဖြစ်လာစေရန် reference အနေနှင့် လေ့လာရန်သက်သက်ဖြစ်ပါသည်။ အခြားအခြားသော ပညာရေးမြင့်မားသည့် နိုင်ငံများ၏ ပညာရေးစီမံခန့်ခွဲမှု စနစ်များအားလည်း တတ်နိုင်သလောက်လေ့လာပြီး မိမိတို့နိုင်ငံဥပဒေရေးဆွဲရာမှာ အသုံးချနိုင်လျင် အားလုံးလက်ခံနိုင်မည့် သင့်တင့်ကောင်းမွန်သော ဥပဒေတစ်ခုဖြစ်လာမည်ဟုယုံကြည်သည်။ အချက်အလက် သက်သက်သာဖြစ်၍ မိမိအမြင်လုံးဝ မပါဝင်ပါ။
========

ဂျပန်နိုင်ငံ လက်ရှိပညာရေး စနစ်
 ဂျပန်၏ ပညာရေးအား 6-3-3-4 စနစ်ဟု သိကြသည်။ Elementary ၆နှစ်၊ Lower secondary ၃နှစ်၊ Upper secondary ၃နှစ်၊ ဘွဲ့ကြိုတက္ကသိုလ်ပညာရေး ၄နှစ်ဖြစ်သည်။ မသင်မနေရ အခမဲ့ပညာရေးသည် Lower secondary ပြီးဆုံးသည် အထိဖြစ်သည်။ Lower secondary ပြီးဆုံးချိန်တွင် ကျောင်းသားသည် အသက်အားဖြင့် ၁၅နှစ်ခန့်၊ အတန်းအားဖြင့် ၉တန်းဖြစ်သဖြင့် မြန်မာပြည်အတန်းပညာရေးနှင့် နှိုင်းယှဉ်လျင် အလယ်တန်းပညာရေးထက်မြင့်သည်။ ဂျပန် အခြေခံဥပဒေတွင် မသင်မနေရ အခမဲ့ပညာရေးနှင့်ပတ်သက်၍ - “All people shall be obligated to have all boys and girls under their protection receive ordinary education as provided for by law. Such compulsory education shall be free.” (Article 26).
မိမိအုပ်ထိန်းမှုအောက်တွင်ရှိသော ကလေးများသည် မသင်မနေရ ပညာရေးအား သင်ကြားခွင့်ရရန် အုပ်ထိန်းသူများတွင် တာဝန်ရှိသည်ဟု တာဝန်အပိုင်းနှင့်ပတ်သက်၍ အတိအလင်းဖေါ်ပြထားသည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် ပညာရေးသည် “right” အခွင့်အရေးဖြစ်သလို၊ “obligation” တာဝန်လဲဖြစ်သည်။ မသင်မနေရ ပညာရေးအား သက်ဆိုင်ရာ ဒေသအစိုးရများနှင့် နိုင်ငံတော်အစိုးရတို့မှ အာမခံပြီးပူးပေါင်းတာဝန်ယူရသည်။
Japanese education systemJapanese education system

ပညာရေးအုပ်ချုပ်မှု ဖွဲ့စည်းပုံ (structure of education administration)
ဂျပန်နိုင်ငံပညာရေးအား တာဝန်ခံရသည့်အဖွဲ့အစည်းများမှာ - ဗဟိုအစိုးရအဆင့်တွင် Monbukagakusho ဟုသိကြသည့် ပညာရေး၊ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဒေသအစိုးရအဆင့်တွင် - Prefecture (မြန်မာပြည်တွင် တိုင်း၊ပြည်နယ် အဆင့်နှင့်ညီသည်) အစိုးရနှင့် မြို့အုပ်ချုပ်ရေးအဖွဲ့ များနှင့် Board of education ဟုခေါ်သည့်ပညာရေးဘုတ်အဖွဲ့များ ဖြစ်သည်။ ၀န်ကြီးဌာနသည် ဗဟိုထိန်းချုပ်မှုအား အတတ်နိုင်ဆုံးလျော့ချရပြီး လုပ်ပိုင်ခွင့်များအား ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့များအား ခွဲဝေပေးထားသည်။ ၀န်ကြီးဌာန၏ အဓိက တာဝန်များမှာ ကျွမ်းကျင်သူများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်၊ အကြံဉာဏ်များ ပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ခြင်း စသည့်တို့ဖြစ်သည်။ ဒေသဆိုင်ရာ အဆင့်တွင် ပညာရေးဘုတ်အဖွဲ့များသည် ပညာရေးနှင့်ပတ်သတ် သည့် ကိစ္စရပ်များအား အဓိကတာဝန်ယူရသည်။ ပညာရေးဘုတ်အဖွဲ့သည် နိုင်ငံရေးအားဖြင့်ဘက်လိုက်မှုကင်းရမည်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုကင်းသည့် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ရပြီး ဒေသခံပြည်သူများ၏ အမြင်များအား ထည့်သွင်းစဉ်းစားရမည်။
Board of educationBoard of education
ပညာရေးဘုတ်အဖွဲ့များအား Prefecture အဆင့်သာမက မြူနီစပယ် အဆင့်အထိ အသီးသီးဖွဲ့စည်းထားသည်။ Prefecture အဆင့် ပညာရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင် ၇ဦးထိရှိပြီး မြူနီစပယ်အဆင့်တွင် ၃- ၅ဦးပါဝင်နိုင်ပြီး သက်ဆိုင်ရာ ဒေသ၏ ပညာရေးဆိုင်ရာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အားတာဝန်ယူရသည်။ ပညာရေးဘုတ် အဖွဲ့ဝင် တစ်ဦးအား ဒေသကိုယ်စားပြု ရွေးကောက်ခံကိုယ်စားလှယ် များထဲမှ ရွေးချယ်တင်မြှောက်ပြီး ကျန်အဖွဲ့ဝင်များအား ရွေးကောက်ရာတွင် ကနဦး၌ ဒေသခံလူထုမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်သော စနစ်အားသုံးခဲ့သော်လည်း ၁၉၅၆ နောက်ပိုင်းတွင် နိုင်ငံရေးဘက်လိုက်မှုများ၊ ဒေသတွင်း စီးပွားရေးအင်အားကြီးသူများ၊ အာဏာရှိသူများ၏ လွှမ်းမိုးမှုများရှိလာသဖြင့် လူထုမှတိုက်ရိုက်ရွေးချယ်သောစနစ်မှ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များမှ အမည်တင်သွင်းသူများအား ဒေသဆိုင်ရာရွေးကောက်ခံကိုယ်စားလှယ် များ၏ သဘောတူညီချက်ဖြင့် ရွေးချယ်သောစနစ်သို့ပြောင်းလဲခဲ့သည်။ ပညာရေးဘုတ်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီဝင်များဖြစ်ခွင့်ရှိသော်လည်း နိုင်ငံရေးဘက်လိုက်မှု ကင်းစေရန်အတွက် ပါတီများတွင် ရာထူးလက်ရှိဖြင့် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။ ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးအတွက် တာဝန်ရှိသော ပညာရေးဘုတ်အဖွဲ့သည် ဒေသအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ သီးခြားလွတ်လပ်မှုရှိသည်။
 ပညာရေးဘုတ်အဖွဲ့သည် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအား ပညာရေးမှုး (superintendent of education) အဖြစ်ရွေးချယ်ခန့်အပ်ပြီး ပညာရေးစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရုံးအဖွဲ့အားဦးစီးစေသည်။ Prefecture အဆင့် ပညာရေးမှုးခန့်အပ်ရာတွင် ယခင်က ၀န်ကြီးဌာန၏ သဘောတူညီချက်လိုပြီး မြူနီစပယ် အဆင့်ပညာရေးမှုးခန့်အပ်ရာတွင် Prefecture ပညာရေးဘုတ်အဖွဲ့၏ သဘောတူညီချက်လိုသည်။ (၁၉၉၉ တွင် သဘောတူညီချက် လိုအပ်ချက်အား ပယ်ဖျက်လိုက်သည်။) ပညာရေးဘုတ်အဖွဲ့များသည် လိုအပ်သောပညာရေးဘတ်ဂျတ်အား ခန့်မှန်းတွက်ချက်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့မှ စစ်ဆေးသည်။ အုပ်ချုပ်ရေး အဖွဲ့၏ခန့်မှန်းဘတ်ဂျက်နှင့် ကွဲပြားမှုရှိပါက ဒေသဆိုင်ရာ ပါလီမန်သို့ တင်သွင်းပြီး အဆုံးအဖြတ်ရယူသည်။

ပထမအကြိမ် ပညာရေးအုပ်ချုပ်ရေး စနစ်ပြောင်းလဲမှု
၁၉၅၆ တွင် အစိုးရသည် ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့စနစ်အား ပြန်လည်သုံးသပ်ပြီး ၀န်ကြီးဌာန - Prefecture ပညာရေးဘုတ်အဖွဲ့ - မြူနီစပယ် ပညာရေးဘုတ်အဖွဲ့များ၏ ဆက်ဆံရေးအား အထက်အောက်ဆက်ဆံရေးပိုဆောင်သည့် ပုံစံသို့ပြောင်းလဲခဲ့သည်။
-       ပညာရေးဘုတ်အဖွဲ့ဝင်များအား လူထုမှ တိုက်ရိုက်ရွေးချယ်သည့်စနစ်အစား ဒေသပါလီမန်များ၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့များက ခန့်အပ်သည့် စနစ်အားသို့ပြောင်းလဲခဲ့သည်။
-       Prefecture ပညာရေးဘုတ်အဖွဲ့၏ ပညာရေးမှုးအား ရွေးချယ်ရာတွင် ၀န်ကြီးဌာန၏ သဘောတူညီချက်လိုပြီး၊ မြူနီစပယ် အဆင့် ပညာရေးမှုးအား ရွေးချယ်ရာတွင် Prefecture ပညာရေးဘုတ်အဖွဲ့၏ သဘောတူညီချက်လိုသည်။
-       ပညာရေးဘုတ်အဖွဲ့များ၏ ဘတ်ဂျက်တွက်ချက်ပြီး တောင်းခံခွင့်အားဖျက်သိမ်းခဲ့သည်။
-       ပညာရေးဝန်ထမ်းများ ခန့်အပ်ရာတွင် မြူနီစပယ် ပညာရေးဘုတ်အဖွဲ့မှတင်သွင်းသည့် အကြံပြုချက်အပေါ်မူတည်၍ Prefecture ပညာရေးဘုတ်အဖွဲ့မှ ခန့်အပ်သည်။
-       ၀န်ကြီးဌာနသည် Prefecture နှင့် မြူနီစပယ် ပညာရေးဘုတ်အဖွဲ့များ၏ ဥပဒေနှင့် မညီညွတ်သော၊ မသင့်လျော်သောလုပ်ဆောင်ချက်များအား ပြင်ဆင်နိုင်ရန် အခွင့်အာဏာရှိသည်။

သင်ကြားစနစ်နှင့် Curriculum ဆိုင်ရာအပြောင်းအလဲ
၁၉၅၈နောက်ပိုင်းတွင် သင်ကြားရေးစနစ်အပြောင်းအလဲများအား လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကျင့်သုံးခဲ့သော child-centered, activity based curriculum အားပုံတူကူးပြီး သင်ကြားခဲ့ခြင်းအကျိုးဆက်အားဖြင့် ကလေးများ၏ ပညာရပ်ဆိုင်ရာ စွမ်းရည် academic ability ကျဆင်းလာသည်ဟု ဝေဖန်မှုများရှိလာပြီးနောက် ကလေးများ၏ အခြေခံစွမ်းရည်များကို ပိုမိမြှင့်တင်ပေးနိုင်သည့် သင်ကြားရေးပုံစံများသို့ပြောင်းလဲခဲ့ကြသည်။ moral education ကိုလဲ စတင်ထည့်သွင်းခဲ့သည်။ အချိန်နှင့် အမျှပြောင်းလဲနေသည့် အခြေအနေများနှင့် လိုက်လျောညီထွေသည့် ပညာရေးဖြစ်စေရန် သင်ကြားသည့် ဘာသာရပ်များအား ၁၀နှစ်တကြိမ် မဖြစ်မနေပြန်လည်သုံးသပ်သည်။ သင်ကြားရေး စာအုပ် Text books များနှင့်ပတ်သက်၍ Prefecture ပညာရေးဘုတ်အဖွဲ့များမှ (authorize) စစ်ဆေးခွင့်ပြုသည်။ Public school များအတွက် text books များကို ဘုတ်အဖွဲ့မှသတ်မှတ်ပေးပြီး Private ကျောင်းများသည် မိမိတို့နှစ်သက်ရာ Authorized text books များအားသုံးခွင့်ရှိသည်။

သင်ကြားရေး ၀န်ထမ်းများနှင့် ပတ်သက်၍
Prefecture ပညာရေးဘုတ်အဖွဲ့သည် သင်ကြားရေးဝန်ထမ်းများ၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးအား တာဝန်ယူသည်။ ကျောင်းအုပ်ကြီးသည် မိမိအလိုရှိရာ ဆရာအား ကျောင်းသို့ပြောင်းရွှေ့ခွင့်ရရန် ဒေသပညာရေးဘုတ်အဖွဲ့သို့တင်ပြရသည်။  ဒေသပညာရေးဘုတ်အဖွဲ့မှတဆင့် သဘောထားမှတ်ချက်နှင့်အတူ Prefecture ဘုတ်အဖွဲ့သို့တင်ပြတောင်းခံရသည်။ ဆရာ၊ဆရာမ အပြောင်းအရွှေ့အား သတ်မှတ်ထားသော နှစ်ကာလတန်လျင် မြိုပြဒေသများတွင် တာဝန်ချထားသည့် ဆရာများနှင့် ဝေးလံသောဒေသတွင် တာဝန်ချခံထားရသော ဆရာများအား အလှည့်ကျ လဲလှယ်သည့်စနစ်အားသုံးသည်။ ကျောင်းတစ်ကျောင်းတွင် နှစ်ရှည်တာဝန်ပေးခြင်းမှ ရှောင်ကျဉ်သည်။

ဆရာသမဂ္ဂ
ဆရာသမဂ္ဂအား ၁၉၄၇တွင် စတင်တည်ထောင်ခဲ့ပြီး တခဏအတွင်း အဖွဲ့ဝင်ပေါင်း ၅သိန်းခန့်နှင့် အင်အားကြီးသမဂ္ဂဖြစ်လာသည်။ သမားရိုးကျ လမ်းစဉ်ကိုင်စွဲသူများသည့် သမဂ္ဂသည် ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီတို့ဖြင့် ပလဲပနံသင့်ပြီး စစ်ပြီးခေတ် အစိုးရ၏ ပညာရေးပြန်လည် သုံးသပ်ခြင်း အစီအစဉ်အား အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ၀န်ကြီးဌာနအနေနှင့် နိုင်ငံရေးဘက်လိုက်မှုကင်းရမည်ဆိုသည့် political neutrality မူအား ကိုင်စွဲပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်သွားခဲ့သဖြင့် ဆရာသမဂ္ဂခေါင်းဆောင်များအား ရာဇ၀တ်မှုဖြင့်တရားစွဲဆိုခြင်း စသည်တို့ဖြစ်ပွားခဲ့သည်။ ၁၉၇၀ နှင့် ၁၉၈၀နှစ်များတွင် ဆရာသမဂ္ဂလှုပ်ရှားမှုများ တဖြည်းဖြည်း အားနည်းလာသည်။ အဓိကအကြောင်းရင်းမှာ ဆရာများ၏ လစာများတိုးမြင့်လာမှု ၊ အချို့သောသမဂ္ဂခေါင်းဆောင်များ၏ ရန်လိုသောထိပ်တိုက်ရင်ဆိုင်မှုများအား စိတ်ပျက်လာသည့် ဆရာများ တိုးပွားလာခြင်းကြောင့်ဖြစ်သည်။ ၁၉၈၀ နှစ်များတွင် ဆရာသမဂ္ဂ၏လှုပ်ရှားမှုများ လုံးဝပျောက်ကွယ်သွားသည်။

၁၉၉၀ နောက်ပိုင်းပြုပြင်ပြောင်းလဲမှုများ
၁၉၉၉တွင် ဒေသဆိုင်ရာ အစိုးရများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို ပိုမိုပေးထားသည် “Comprehensive Decentralization Law” ကိုပြဌာန်းခဲ့သည်။ ထိုနှစ်မှာပင် ပညာရေးကဏ္ဍတွင်လည်း ပညာရေးဘုတ်အဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် တာဝန်များအား ပြင်ဆင်သည့် ဥပပဒေတို့အားပြဌာန်းခဲ့သည်။ ပညာရေးမှုးအား ခန့်အပ်ရာတွင် သဘောတူညီချက် လိုအပ်သည့်စနစ်အားပယ်ဖျက်ခဲ့သည်။ ဒေသဆိုင်ရာ ပညာရေးဘုတ်အဖွဲ့များအပေါ်ဗဟိုထိန်းချုပ်မှုများအား ဖြေလျော့ပေးခဲ့သည်။

ကျောင်းသားသမဂ္ဂ
ဂျပန်တွင် ကျောင်းသား သမဂ္ဂအား学生自治会 (gakusei-jichi-kai)  Students’ self-government-organization ဟုခေါ်သည်။ သမဂ္ဂသည် ယဉ်ကျေးမှုဖလှယ်ပွဲများ၊ အားကစားပွဲများ၊ ကျောင်းသားဖိုရမ်များ၊ international exchanges များ၊ ကျောင်းပွဲတော်များအား လွတ်လပ်စွာ ကျင်းပသည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့သည် ကျောင်းသားအဖွဲ့အစည်းများ၏ လွတ်လပ်သည့် လှုပ်ရှားမှုများအပေါ် ၀င်ရောက်စွက်ဖက်မှုမရှိ။ ကျောင်းသားခေါင်းဆောင်များအား ကျောင်းသားများမှ လွတ်လပ်စွာ ရွေးချယ်သည်။ လွတ်လပ်စွာ အဖွဲ့အစည်းများ၊ အသင်းများဖွဲ့ခွင့်ရှိသော ဂျပန်တွင် ကျောင်းသားအဖွဲ့အစည်းများဖွဲ့စည်းရန် မည်သည့်ခွင့်ပြုချက်မှ မလိုအပ်။

https://www.scribd.com/doc/257292154/JP-Education-Administration-System
https://www.scribd.com/doc/257294709/Japanese-Education-System


References:
http://www.nier.go.jp/English/educationjapan/pdf/201203EAJ.pdf
http://www3.grips.ac.jp/~coslog/activity/01/04/file/Bunyabetsu-9_en.pdf
>>>ဆက်ဖတ်ရန်>>> >>
June 24, 2014 တုန်းက ကျနော်တို့ ဆရာသမဂ္ဂက ဆရာတွေ ဖြေဖြစ်ကြတဲ့ Hot News က အင်တာဗျူး ပြန်တွေ့လို့ ကိုယ့်ဟာကို ပြန် share ပါတယ်
အဲဒီကတည်းက ကျနော် ပြောဖြစ်ပါတယ်
”ပညာရေးဥပဒေကိုပြည်သူတွေ ကိုတင်ပြပါ။ ပြည်သူတွေထံသက်ရောက် ရမယ့် ဥပဒေကိုပြည်သူတွေကိုမပြဘဲ ခွက်ပုန်းခုတ်နေတာတွေရပ်ပါ။
ပညာရေး မှာ နိုင်ငံရေးက၀င်ရောက်စွက်ဖက်ခွင့် မရှိအောင် အမျိုးသားပညာရေးကောင်စီ ကိုပယ်ဖျက်ပါ။ ဥပဒေသက်ရောက်မယ့် နယ်ပယ်က ပညာရှင်တွေ နောက်ဆရာတွေ ကျောင်းသားတွေ၊ မိဘတွေအသံကို နားထောင်ပြီး ဥပဒေကိုအများလက်ခံနိုင် လောက်တဲ့အထိ ကျေကျေညက်ညက် ဆွေးနွေးပြီးမှ အတည်ပြုပါ။
ကျောင်း သားတွေ၊ ဆရာတွေ၊ မိဘတွေလမ်းပေါ် တက်လာမှ ဆူပူတယ်။ သောင်းကျန်း တယ်။ ကျောင်းထုတ်မယ်။ အလုပ်ထုတ် မယ်။ ဖမ်းဆီးအရေးယူမယ်မလုပ်ပါနဲ့။ တိုင်းပြည်အပေါ်စေတနာမှန်ရင် ပြည်သူ့ ဆန္ဒလေးစားပါ။ “
http://www.facebook.com/l.php…
မနေ့က ဖြေပေးလိုက်တဲ့ အင်တာဗျူး
+++++++++++++++++++++++++
ဗဟိုချုပ်ကိုင်မှုတွေနဲ့ မလွတ်လပ်တဲ့ပညာရေးစနစ်ကို မကျင့်သုံးကြပါနဲ့တော့
====================================================
BY HOTNEWS_EDITOR·THU, 01/01/1970 - 06:30·0 COMMENTS


အမျိုးသားလွှတ်တော်တွင် လက်ရှိ ဆွေးနွေးနေသည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)ဦးဖြိုးမင်းသိန်း နှင့် ပညာရေးလောကတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့်ဆရာများ၏ အမြင် များအားစုစည်းတင်ပြလိုက်ပါသည်။
ဦးဖြိုးမင်းသိန်း (ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်)
********************************************************
ဆရာသမဂ်္ဂနဲ့ကျောင်းသားသမဂ်္ဂက အမျိုးသားပညာရေးကောင်စီအပါအ၀င် အခြားအချက်တွေကိုကန့်ကွက်နေတာ သိပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ပညာ ရေးစနစ်ကို ဘယ်လိုပုံစံပုံဖော်မယ်ဆိုတာ သေသေချာချာဆွေးနွေးဖို့လိုအပ်တယ်။ ပညာရေးကိုပုံဖော်တဲ့နေရာမှာ ပုံသဏ္ဍာန် တွေအများကြီးရှိတယ်။ ပညာရေးကို ပုံ ဖော်တဲ့နေရာမှာ ဆန္ဒတွေစိတ်ကူးတွေက အများကြီးရှိကြတယ်။ ပညာရေးလောက မှာ လက်တွေ့လုပ်ဆောင်နေသူတွေရဲ့ သဘောထားတွေကိုထိတွေ့မေးမြန်းဖူးပါ တယ်။ ဒါကြောင့်မို့လို့ ဒီအသံတွေကို သိ နေတာပေါ့။ တချို့ကဥပဒေကိုကောင်း ကောင်းမသိသေးဘူး။ ကန့်ကွက်တယ်ပဲ ပြောနေကြတယ်။ ဘာကိုကန့်ကွက်တာ လဲ။ ဘယ်အချက်တွေကို ကန့်ကွက်ပြီး ဘာကြောင့်ကန့်ကွက်တာလဲဆိုတာကို သိချင်တယ်။ အရပ်ပြောပြောပြီးဆွေးနွေး ရမယ့်ကိစ္စမဟုတ်ဘူး။ ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာကိစ်္စတွေပါတယ်။ ဒီကိစ္စ လွဲချော်သွားခဲ့ရင် တိုင်းပြည်ရဲ့အနာဂတ် အလားအလာမကောင်းနိုင်ဘူး။ မလိုလား အပ်တဲ့ပြဿနာတွေပေါ်လာနိုင်တယ်။ အဲဒါတွေဟာမဖြစ်သင့်တဲ့ကိစ္စတွေဖြစ် တယ်။ ကျွန်တော်တို့လည်းကျောင်းသား ခေါင်းဆောင်ဘ၀ကနေလာခဲ့တာပါ။ ပညာရေးစနစ်ကြီးမကောင်းခဲ့လို့ကျွန်တော် တို့မျိုးဆက်တွေလည်းပျက်သုဉ်းခဲ့ပြီးပါပြီ။ တိုင်းပြည်ကို ထူထောင်တဲ့နေရာမှာ ကျွန်တော်တို့တကယ်ကိုစနစ်ကျတဲ့ပုံဖော် မှုတစ်ခုဖြစ်အောင်လုပ်ရမယ်။ ဆန့်ကျင် ကန့်ကွက်တဲ့ကိစ္စဟာလည်း ရိုးရိုးလောက် နဲ့ မလုံလောက်ဘူး။ စနစ်ကျတဲ့ပုံစံဖြစ်ဖို့ လိုတယ်။ ဆွေးနွေးနေတဲ့အချက်အလက် တွေကို အပြစ်ဆိုနေတာလည်းမဟုတ် သလို ထောက်ခံနေတာလည်းမဟုတ်ဘူး။ အမျိုးသားပညာရေးစနစ်ကိုပုံဖော်မယ် ဆိုရင် မှန်မှန်ကန်ကန်သုတေသနပြုဖို့လို တယ်။ ကျွန်တော်တို့ခေတ်တုန်းက ပညာ ရေးစနစ်မကောင်းခဲ့လို့ ကျောင်းသူကျောင်း သားတွေလမ်းပေါ်ရောက်ခဲ့ရတယ်။ ဒီကိစ္စ ဟာ လွယ်လွယ်ကူကူဆုံးဖြတ်ဆောင်ရွက် ရမယ့်ကိစ္စမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က ပြည်သူလူထုရဲ့အသံတွေကို နားထောင် နေမှာပါ။
ဦးသန်းထိုက်အောင်(လ/ကထိကအရှေ့ပိုင်း တက္ကသိုလ်၊ သမိုင်းဌာန)
***************************************************************************
တိုင်းပြည်အတွက် ပညာရေးဟာ အရေးကြီးပါတယ်။ ဘယ်လောက်ထိ အရေးကြီးလဲတိုင်းပြည်ငြိမ်းချမ်းရေးကိုပါ တည်ဆောက်နိုင်တယ်လို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးဟာ အသားအရောင်ကွဲပြားခြင်း၊ ဘာသာကွဲ ပြားခြင်း ဘယ်လိုမျိုးကွဲပြားသည်ပဲဖြစ်စေ ပညာရေးရဲ့ဖန်တီးပေးနိုင်မှုဟာအားလုံးကို တသားတည်းဖြစ်အောင်ဆောင်ရွက်နိုင် တယ်။ စစ်မှန်တဲ့ပညာရေးကိုသာ ဖော် ဆောင်ပေးမယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်း ရေးအထိပါလုပ်ဆောင်နိုင်တယ်။ လွတ် လပ်စွာစဉ်းစားတွေးခေါ်ဝေဖန်နိုင်မယ့် အသိပညာမျိုးကို ငါတို့ပြည်သူတွေ မရ ခဲ့ဘူး။
နောက်မတွေးရဲအောင်၊ မပြောရဲ အောင် နှိပ်ကွပ်လေ့ရှိတယ်။ ပညာရေး ဌာနတွေမှာတာဝန်ထမ်းဆောင်နေတဲ့ ပုဂိ္ဂုလ်တချို့တွေဟာလည်း မှန်တာကို ပြောရဲအောင်ပညာကပဲစွမ်းဆောင်နိုင်တယ် လို့ ယူဆတယ်။ အဲလိုအရေးကြီးတဲ့ ပညာရေးကိုအကောင်အထည်ဖော်တဲ့နေရာ မှာ အဓိကအချုပ်ကအမျိုးသားပညာရေး ဥပဒေလို့ပြောလို့ရတယ်။ ပညာရေးရဲ့ မိခင်ဥပဒေဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေဟာအရမ်းအရေးကြီးတယ်။ ဒါ ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အသံကိုနားထောင်ပေးပါ။ ပေါ် လစီကို ကြေညက်မှဥပဒေကိုပြောင်းလဲ သင့်တာ။ လွှတ်တော်ဟာပြည်သူ့အသံကို နားထောင်သင့်တယ်။ သတင်းစာထဲမှာ ပြည်သူကိုအသိပေးတာက ပညာရေး ၀န်ကြီးဌာနအစိုးရကဆွဲတဲ့ဟာ။ လွှတ် တော်ထဲမှာလည်း ဆွဲတာရှိတယ်။
ပြည်သူ့လွှတ်တော်မှာဆွေးနွေးခဲ့တာ က အစိုးရကဆွဲထားတာနဲ့လွှတ်တော်က ဆွဲတာရောမွှေထားတာ။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ပြည်သူက Centralization (ဗဟိုချုပ်ကိုင်မှု)ကိုမလိုချင်ဘူး။ ပြည်သူ့လွှတ်တော်မှာအတည်ပြုပြီး အခု အမျိုးသားလွှတ်တော်မှာရောက်နေတဲ့ ဥပဒေမူကြမ်းဟာ ဗဟိုချုပ်ကိုင်မှုကိုအားပြု နေတာတွေတွေ့နေရတယ်။ ဗဟိုချုပ်ကိုင် မှုကို လျော့ချလိုက်ပြီး Autonomous ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှသာ ပညာရေး တိုးတက်မှာဖြစ်တယ်။ စစ်သားမှတိုင်းပြည် ချစ်တာမဟုတ်ဘူး။ ဒေါက်တာအေးမောင် တို့ ဆွေးနွေးနေတာကိုကြိုက်တယ်။ ဒီ ဥပဒေမှာ လွှမ်းမိုးနေတဲ့ centralization ကို ပယ်ဖျက်ပြီး Autonomous ရဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ လည်း ဆောင်ရွက်သင့်တယ်။ တက္ကသိုလ် တွေကိုပွနေအောင် ဆိုင်းဘုတ်တွေတင် ပြီး ထူထောင်ပေးခဲ့တာတွေရှိတယ်။ တက္ကသိုလ်တိုင်းတက္ကသိုလ်တိုင်းကို ကိုယ် ပိုင်လွတ်လပ်ခွင့်တွေပေးလိုက်။ တက်္ကသိုလ် တွေရဲ့အထက်မှာအမျိုးသားပညာရေး ကောင်စီကိုမရှိစေချင်ဘူး။ ဗဟိုချုပ်ကိုင် မှုတွေနဲ့မလွတ်လပ်တဲ့ပညာရေးစနစ်ကို မကျင့်သုံးကြပါနဲ့တော့လို့ပြောချင်တယ်။ Centralization နဲ့ အုပ်ချုပ်ခဲ့တဲ့အတွက် ပညာရေးစနစ်ကြီးတစ်ခုလုံးဇောက်ထိုး မိုးမျှော်ဖြစ်သွားခဲ့တယ်။ ချောက်ထဲကျ နေတဲ့ ပညာရေးစနစ်ကို ဘယ်လိုတွေ လုပ်ကြဦးမလဲမသိဘူး။
ဦးအာကာမိုးသူ (လ/ထ ကထိက၊ ဒဂုံ တက္ကသိုလ်၊ အရှေို့င်းပညာဌာန)
***************************************************************************
အမျိုးသားပညာရေးဥပဒေမူကြမ်းဟာ အရေးကြီးတဲ့ဥပဒေတစ်ရပ်ဖြစ်တယ်။ ဒီ မူကြမ်းထဲမှာ ပညာရေးအတွက်သုံးစွဲမယ့် ရန်ပုံငွေသုံးစွဲမှုစနစ်ကိုသေချာပြောထား တာမရှိဘူး။ Autonomous University (ကိုယ်ပိုင်အုပ်ချုပ်မှု)ရပြီဆိုရင် ကျောင်း ကောင်စီလိုမယ်။ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂလိုတယ်။ အဲဒါတွေကို အသိအမှတ်မပြုရင် autonomous university ရဲ့ အရည်အသွေးမပြည့်မီဘူး။ Autonomous University ဆိုတာ ဆရာ တွေ ကိုယ်စားပြုတဲ့ဟာတွေ၊ ကျောင်း သားတွေကိုယ်စားပြုတဲ့ဟာတွေပါရမယ်။ အစိုးရကိုယ်စားပြုတာတွေမဟုတ်ဘူး။ တက်္ကသိုလ်အာဏာပိုင်တွေက၀င်ရောက် စွက်ဖက်ခြင်းမရှိရဘူး။ ပါ/ချုပ်ကိုလည်း ဆရာ/ဆရာမတွေကရွေးချယ်ရမယ်။ တာဝန်ယူ၊ တာဝန်ခံမှုတွေရှိဖို့လိုတယ်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုမှာပြောရဲ တဲ့လူတွေလိုအပ်တယ်။ အကြောက်တရား ကိုအမြဲတမ်းခံစားခဲ့ရတော့ အမှန်တရား အတွက် မစွန့်စားရဲကြဘူး။ အစိုးရရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒနဲ့ ပြည်သူလူထုရဲ့အသံတွေနဲ့အတော်ဟနေ တယ်။ တချို့ညွှန်ကြားချက်တွေအမိန့် လွှာတွေက ဆရာ၊ ဆရာမတွေရဲ့ရင်ဘတ် ထဲကို ကျွန်ပြုသလိုဖြစ်နေတယ်။ အခု ချိန်ထိ ဆရာ၊ ဆရာမတွေရဲ့စိတ်ထဲမှာ ကျွန်စိတ်ဓာတ်မလျော့သေးဘူး။ ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သခင်စိတ် ဓာတ်မျိုး ဆရာ၊ ဆရာမတွေမွေးမြူသင့် တယ်။ ခိုင်းမှလုပ်တဲ့ယဉ်ကျေးမှုမျိုးတွေ မရှိသင့်တော့ဘူး။ ကိုယ်တိုင်ချင့်ချိန်ဖို့လို တယ်။ င်္မနနိသာ ဖြစ်တဲ့ ဆရာ၊ ဆရာမ တွေလိုတယ်။ ဆရာ၊ ဆရာမတွေ စိတ် ဓာတ်လျော့ကျလာတာဟာ အုပ်ချုပ်ရေး စနစ်အမှားကြောင့်ဖြစ်တယ်။ ဒီမိုကရေစီ ပညာရေးစနစ်ကိုလုပ်ပေးမယ်ဆိုရင် ကျောင်းသူကျောင်းသားတွေနဲ့ဆရာ၊ဆရာမ တွေရဲ့ အခန်းကဏ္ဍကိုလျော့လို့မရဘူး။ အတုအယောင်ပညာရေးစနစ်မျိုးမလုပ် ကြပါနဲ့။ လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ ပညာရေးစနစ်မျိုးဖန်တီးပေးသင့်တယ်။ အဖွဲ့အစည်းတွေရဲ့တန်ဖိုးကိုလည်းအသိ အမှတ်ပြုဖို့လိုတယ်။ လွတ်လပ်စွာတွေး ခေါ်နိုင်မှုကို တက်္ကသိုလ်တွေကနေစပြီး လုပ်စေချင်တယ်။ မြန်မာနိုင်ငံဒီမိုကရေစီ အစ တက္ကသိုလ်ကဆိုတဲ့စနစ်ကိုအကောင် အထည်ဖော်သင့်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ် လပ်မှုကိုတန်ဖိုးထားတဲ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့ တက္ကသိုလ်မှာမျိုးစေ့ ချစေချင်တယ်။ တက်္ကသိုလ်တွေထဲမှာ နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး လက်မှတ် ထိုးရတာတွေရှိတယ်။ နိုင်ငံခြားထွက်ရင် လည်း နိုင်ငံရေးကင်းရှင်းကြောင်းတာဝန် ယူရတာတွေရှိတယ်။ ကျောင်းဆရာတွေ နဲ့ နိုင်ငံရေးဟာသက်ဆိုင်တယ်။ တက်္ကသိုလ် မှာ ကျောင်းသားထုနဲ့ ဆရာ၊ ဆရာမ တွေရဲ့ လွတ်လပ်စွာတွေးခေါ်ပြောဆိုနိုင် မှုကို ဆောင်ကျဉ်းပေးဖို့ ဒေါ်အောင်ဆန်း စုကြည်ကိုတိုက်တွန်းပါတယ်။ ဆရာ၊ ဆရာမတွေရဲ့စိတ်ဓာတ်ကိုမပြောင်းနိုင် သရွေ့ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေး ဟာ ခရီးရောက်မှာမဟုတ်ဘူး။
ဦးဇော်မျိုးလှိုင် (လ/ထ ကထိက၊ ဒဂုံ တက်္ကသိုလ်၊ ရူပဗေဒဌာန)
********************************************************************
လက်ရှိပညာရေးလောကမှာရှင်သန် နေတဲ့ လက်တွေ့အကောင်အထည်ဖော် နေတဲ့state holder ဖြစ်တဲ့ ဆရာတွေ ဆီက အသံကိုဘယ်လွှတ်တော်ကိုယ်စား လှယ်မှ လာမမေးဘူး။ မလေ့လာဘူး။ အတိတ်ကဘာတွေမှားခဲ့လို့ အနာဂတ် မှာ ဘာတွေပြင်သင့်လဲမမေးဘူး။ ဆရာ တို့မှာ ပြောပြချင်တာတွေအများကြီးရှိ တယ်။ ဒီအမျိုးသားပညာရေးဥပဒေက လွှတ်တော်မှာအာဏာသက်ရောက်မှာ မဟုတ်ဘူး။ တက္ကသိုလ်တွေကျောင်းတွေ မှာရှိတဲ့ ဆရာတွေ၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေဆီမှာသက်ရောက် မှာဖြစ်တယ်။ ခုချိန်ထိပြည်သူကိုဘာတွေ ထည့်ရေးထားလဲမတင်ပြဘူး။ လာချမပြ နဲ့ တင်ပြရမှာ။ အဲဒီတော့ ပြည်သူကို မလေးစားတာအသိသာကြီးပဲ။ ပြည်သူ တွေက သိချင်နေတဲ့ဥပဒေကြမ်းကို ခွက် ပုန်းခုတ်နေကြတယ်။ ပြည်သူတွေဘာလို့ သိချင်လဲဆိုတော့ အိမ်တိုင်းမှာကျောင်း သားရှိတယ်။ ပညာရေးစနစ်နိမ့်ကျနေ တာကို အားလုံးသိတယ်။ ပြည်သူတိုင်း အတွက် အရေးကြီးတဲ့ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာအတည်ပြုပြီးကတည်း က ပြည်သူကိုချပြသင့်တယ်။ အထဲမှာ ဘာတွေမကြိုက်လဲသူတို့တရားဝင်မပြော တဲ့အတွက် တို့မှာပြောရတာ အရူးလင် လုပ်ရသလိုပါပဲ။ အဓိကမကြိုက်တာက အမျိုးသားပညာရေးကောင်စီဒုသမ္မတက ဥက္ကဋ္ဌလုပ်ပြီး ၀န်ကြီးတွေကအဖွဲ့ဝင်လုပ် မယ်ဆိုတာပဲ။ ပညာရေးမှာဆိုင်ရာပညာ ရှင်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုတွေ မလွဲမသွေရှိလာမှာကို ဘာနဲ့အကာအကွယ် ပေးမလဲ။ ခေတ်အဆက်ဆက်ပညာရှင် တွေအပေါ်မှာ အာဏာရှိသူတွေကဟိုလို လုပ်ပါလား။ ဒီလိုလုပ်ပါလားနဲ့ တိုင်းပြည် ပညာရေးချောက်ထဲထိုးဆင်းတာကမ္ဘာ့ အလယ်ရှက်စရာဖွယ်မျက်နှာငယ်နေရပြီ။ ပညာရေးအပေါ်မှာ ဒုသမ်္မတနဲ့ဝန်ကြီး တွေပါမယ့် အမျိုးသားပညာရေးကောင်စီ ရှိနေရင် ဘယ်လိုမှပညာရေးမတိုးတက် နိုင်တာ အားလုံးသိတယ်။ ပညာရေးတိုး တက်ဖို့ ပညာရှင်ပဲအရေးကြီးတယ်။ ပြည်တွင်းပညာရှင်မလုံလောက်ရင်ပြည်ပ/ နိုင်ငံခြားသားအတွေ့အကြုံရင့်ပညာရှင် တွေဆီက အကြံဉဏ်ယူလို့ရတယ်။ အဲဒီတော့ ပညာရေးဥပဒေကိုပြည်သူတွေ ကိုတင်ပြပါ။ ပြည်သူတွေထံသက်ရောက် ရမယ့် ဥပဒေကိုပြည်သူတွေကိုမပြဘဲ ခွက်ပုန်းခုတ်နေတာတွေရပ်ပါ။ ပညာရေး မှာ နိုင်ငံရေးက၀င်ရောက်စွက်ဖက်ခွင့် မရှိအောင် အမျိုးသားပညာရေးကောင်စီ ကိုပယ်ဖျက်ပါ။ ဥပဒေသက်ရောက်မယ့် နယ်ပယ်ကပညာရှင်တွေနောက်ဆရာတွေ ကျောင်းသားတွေ၊ မိဘတွေအသံကို နားထောင်ပြီး ဥပဒေကိုအများလက်ခံနိုင် လောက်တဲ့အထိ ကျေကျေညက်ညက် ဆွေးနွေးပြီးမှ အတည်ပြုပါ။ ကျောင်း သားတွေ၊ ဆရာတွေ၊ မိဘတွေလမ်းပေါ် တက်လာမှ ဆူပူတယ်။ သောင်းကျန်း တယ်။ ကျောင်းထုတ်မယ်။ အလုပ်ထုတ် မယ်။ ဖမ်းဆီးအရေးယူမယ်မလုပ်ပါနဲ့။ တိုင်းပြည်အပေါ်စေတနာမှန်ရင် ပြည်သူ့ ဆန္ဒလေးစားပါ။
***************************************************************************
အာကာဗိုလ်
Zaw Myo Hlaing Facebook မှ ကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>
နဝမအကြိမ်
မိုးကုတ်ဝိပဿနာတရားစခန်းပွဲ
ဖိတ်ကြားလွှာ
သံသရာအဆက်ဆက်မှ တော်ဆပ်ခဲ့သော မိဘ၊ဆရာကျေးဇူးရှင်တို့နှင့် ဆွေတော်မျိုးတော်တို့အား သစ္စာဓမ္မဖြင့်
ကျေးဇူးဆပ်သောအားဖြင့်
ပညာပါရမီ ကုသိုလ်ပြုအဖွဲ့ မှ ကြီးမှူး၍ ဖွင့်လှစ်သော မိုးကုတ်ဝိပဿနာတရားစခန်း ပွဲ၌ ကျေးဇူးတော်ရှင်အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿျအတိုင်း ကပ်ကျော်ဆရာတော် အရှင်သဇ္ဇန(သာကီနွယ်သွေး) အရှင်သူမြတ်က ၁၃၇၆ခု၊ တပေါင်းလပြည့်ကျော် (၄)ရက်၊ (၈.၃.၂၀၁၅)တနင်္ဂနွေနေ့ မှ ၁၃၇၆ခု၊ တပေါင်းလပြည့်ကျော်(၉)ရက်၊ (၁၃.၃.၂၀၁၅)သောကြာနေ့ အထိ ခန္ဓာဥာဏ်ရောက်သစ္စာစိုက်အောင် ဟောကြားမည်ဖြစ်ပါသည်။
သို့ပါ၍ တရားစခန်းဝင်လိုသူ ယောဂီတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
၁၃၇၆ခု၊ တပေါင်းလပြည့်ကျော်(၄)ရက်၊ (၈.၃.၂၀၁၅)တနင်္ဂနွေနေ့ ညနေ(၅)နာရီ၌ ယောဂီများ ရောက်ရှိရမည်။
၁၃၇၆ခု၊ တပေါင်းလပြည့်ကျော်(၉)ရက်၊ (၁၃.၃.၂၀၁၅) သောကြာနေ့ ၊ ညနေ (၄)နာရီတွင် လှူဒါန်းသူ ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး စုပေါင်း၍ ရေစက်ချပါမည်။
ပညာပါရမီကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာဓမ္မရိပ်သာ
အောင်ဇေယျာရပ်
မကွေးမြို့ ။
Ph - 09401557922
thitzana.mgy@gmail.com
www.carpkyaw.blogspot.com


>>>ဆက်ဖတ်ရန်>>> >>