Monday, January 19, 2015

လူငယ်နဲ့ပညာရေး ရေးသူ - ပြည့်ဖြိုး


ဒီ note လေးဟာကျွန်တော့်ရဲ့အမြင်သာဖြစ်ပါတယ် ဘယ်သူ့ကိုမှကိုးကားထားတာလည်းမဟုတ်ပါ။ဒါ့ ကြောင့်အမှားများပါခဲ့သည်ရှိသော် စေတနာအမှားဖြစ်ပါသဖြင့် အားလုံးနားလည်နိုင်ကြပါစေ။ ဒီစာလေး က အကြောင်းအရာလေးများတော့ အချိန်အေးအေးဆေးဆေးရှိမှ ဖတ်စေချင်ပါတယ်။ မဖတ်ဘူးဆိုရင်လည်းမဖတ်ပါနဲ့ဖတ်မယ်ဆိုရင်လည်းဆုံးအောင်ဖတ်ပေးပါ။လိုအပ်ချက်တွေတော့ ရှိမှာပါ ဒါပေမဲ့ တထောင့်တနေရာ ကနေ အားလုံးကိုအကြံပေးချင်တာလေး ပါပဲ အားလုံးဗဟုသုတမပေးနိုင်ရင်တောင် ရသ လေးတခုခုရသွား ရင်ကို ကျေနပ်ပါတယ်……။ 
*************           ***********************         *************** 



လူငယ်နဲ့ပညာရေး
လောကတွင်အတတ်ပညာ နှင့် အသိပညာ ဆိုပြီး နှစ်မျိုးရှိတယ်လို့ လူတွေယူဆခဲ့ကြပါတယ်…..ကျောင်းတွေ မှာ အဓိကအားဖြင့် အတတ်ပညာ ကိုပေးသလို အသိပညာကိုလည်းပေးပါသည်သို့သော်လည်း အသိပညာဆို သည်မှာ ကားအင်မတန်ကျယ်ပြန့်ပါသည် အသိပညာသည် လောကကြီးကပေးခြင်းဖြစ်သည် ထိုလောက ထဲ တွင်ရှာယူရသည် မိမိကိုယ်တိုင်ရှာဖွေရသည်.
အတတ်ပညာဆိုသည်မှာကား ပညာရပ်တခုကို ကျောင်းတွေမှာသင်ကြားခြင်းသည်လည်း မည်သည် ထိုအပြင် ရပ်ထဲရွာထဲမှာ ပညာတခုသင်လိုက်လျင်လည်း ထိုပညာသည် အတတ်ပညာမည်သည်..။
ယနေ့ခေတ် တွင် အတတ်ပညာတည်းဟူသော ပညာကို လူငယ်များ ကျောင်းအမျိုးမျိုးနေရာအမျိုးအမျိုးတွင် တက်ရောက်ရှာဖွေနေကြပေသည်.။  ထို့ကြောင့်လဲ ကမ္ဘာပေါတွင် ပညာတတ်များပေါများလာခဲ့ပေသည်.။
မည်သို့ပင်ဆိုစေကာမူ ပညာရေးသည် လူတစ်ယောက်ရဲ့တန်ဖိုးဖြစ်လာသလို တိုင်းပြည်နိုင်ငံရဲ့ အသက်သွေး ကြောလည်းဖြစ်လာပေသည်.။ ထို့ကြောင့်လည်း နိုင်ငံအသီးသီးတို့က မိမိနိုင်ငံရဲ့ပညာရေးစနစ်ကို အကောင်း ဆုံးဖြစ်အောင်ကြိုးစားလာကြသည်။ လမ်းပေါက ကလေးတွေကို ကျောင်းထဲဆွဲသွင်းဖို့ကြိုးစားလာကြပေသည်။
ကျွန်တော်တို့နိုင်ငံတွင်လည်းထိုကဲ့သို့သော အတွေးမျိုးဖြင့် စာမတတ်သူပပျောက်ရေးအတွက် ကြိုးစားလာ ခဲ့ကြပါသည်။သို့ ရာတွင်ကား အဖက်ဖက်မှ ထောင့်စုံမှ အားနည်းမူ့များ ကိုကား ဖျေဖျောက်နိုင်စွမ်း မရှိခဲ့ပေ။
ထိုနေရာတွင် ကျွန်တော့်အမြင်ဖြင့်အားနည်းချက်များကို သုံးသပ်ကြည့်ခြင်း သာဖြစ်ပါသည်….။


ဆရာ/ဆရာမ
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း စာမတတ်သူ ဦးရေ လျော့ချရန်အတွက်ပြင်ဆင်လာခဲ့ရာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျောင်းတွေဖွင့်ခဲ့ပါတယ် ရွာတွေမြို့တွေတော်တော်များများမှာ  ထိုကျောင်းများတွင် စာသင်ပေးနိင်မဲ့ ဆရာဆရာမတွေ မွေးထုတ်ဖို့အတွက် စဉ်းစားရပြန်ပါတယ် ဒီအတွက်လည်း တက္ကသိုလ်တွေ ဖွင့်ပြီးဆရာအတတ်သင်ကျောင်းတွေဖွင့်လှစ်ခဲ့ပါတယ်။ ဒီနေရာမှာ တက္ကသိုလ်တတ်မဲ့ ဆယ်တန်းအောင်တဲ့ ကျောင်းသူကျောင်းသားတွေကိုရွေးမယ်ဆိုတဲ့အချိန်မှာ တခြားနိုင်ငံတွေရဲ့စံချိန်းစံညွန်းနဲ့ပြောင်း ပြန်ဖြစ် သွားပါတယ် ဆယ်တန်းအောင်လာတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ  အမှတ်အမှားဆုံးရတဲ့သူတွေ ကဆရာ ဝန် တွေအင်ဂျင်နီယာတွေ ရေကြောင်းအင်ဂျင်နီယာတွေစသည်ဖြင့် တက္ကသိုလ်ကြီးတွေမှာတက်ကြတယ် ဒီ အချိန်မှာ ကျန်တဲ့ အမှတ် ကအလယ်အလတ်တို့ဘာတို့ က DAY တို့အဝေးသင်တို့စသင့်ဖြင့်အသီးသီး တက်ကြတယ် ဒီအချိန်မှာ နောက်ဆုံး ကျန်ခဲ့တဲ့သူတွေက ဟိုဟာလည်းမတက်ဖြစ်ဒီဟာလည်းမမှီနဲ့ ဆိုတော့ဆရာ အတတ်သင်တွေမှာ  TTC တို့ဘာတို့မှာတက်ကြတယ်( ဝါသနာပါလို့ အမှတ်ကောင်းပါ လျက် ဆရာ အတတ်သင် တက်တဲ့သူတို့ မိဘအခြေအနေအရာ တက်ရတဲ့သူတွေကိုမဆိုလိုပါ) နောင်တချိန်မှာ လူ ငယ်ပေါင်းများစွာကိုမွေးထုတ်ပေးမဲ့သူတွေက ဆယ်တန်းမှာအဆင်ပြေသလိုအောင်လာတဲ့ သူတွေ စာကို အရမ်းကြီးပေါ့အလေးအနက်မထားတဲ့သူတွေဖြစ်လာတဲ့ အခါကျတော့ နောက် generation တွေအတွက် အင်မတန်မှရင်လေးစရာဖြစ်လာတယ်။ အရမ်းတော်တဲ့သူတွေအမှတ်ကောင်းတဲ့သူတွေက ဘာလို့ဒီ ကျောင်းဆရာအလုပ်ကိုမလုပ်ချင်လဲဆိုတော့အချိန်ကျတော့ သူ့တို့ဘက်ကတွေးတော့လည်း ဟုတ်ပြန်ရော လခလေး နည်းနည်းနဲ့ ရတဲ့အလုပ်အင်မတန်မှ ပင်ပန်းတဲ့အလုပ်ကို ဘယ်လုပ်ချင်မလဲ ဒီတော့ ကိုယ့်ဘဝ အတွက်ကိုပဲ ရွေးချယ်သွားကြတာပဲ ဒါကအပြစ်လားဆိုတော့မဟုတ်ပါဘူး လူဆိုတာ မိမိအတွက်မိမိသိတတ် တာမဆန်းဘူးလေ ။ ဒီလိုနဲ့အဲလိုမွေးထုတ်လိုက်တဲ့ဆရာ ဆရာမတွေကကျောင်းတွေကို ရောက်လာပြန်ရော.။ ဒီအချိန်မှာ အရင်အင်မတန်မှ အသင်အပြကောင်းတဲ့ဆရာမကြီးတွေ က တကယ်တော်တဲ့ဆရာကြီးတွေက လည်း တသက်လုံးလခလေးနည်းနည်းနဲ့ သင်လာတာဆိုတော့ အနားယူတဲ့သူကယူ တချို့အသက်မကြီးတဲ့ သူတွေကလည်း အထက်တန်းပြတို့အလယ်တန်းပြတို့ စသည်ဖြင့် ပေါ့ ကျောင်းအုပ်ကြီးတွေတို့ဖြစ်လာကြ တော့ ခုလို ကျောင်းပြီးလာတဲ့ဆရာ ဆရာမ ငယ်ငယ်လေးတွေကိုဘယ်မှာထားမလဲလို့ သုံးသပ်တော့ စသင် သင်ခြင်းဆိုတော့ မူလတန်းပြ အလယ်တန်းပြတို့ထားလိုက်ရော ။ အဲဒီအချိန်ဟာ မြန်မာပညာရေးစနစ်ရဲ့ စ ပြီးအားနည်းတဲ့အချက်လို့ပြောလို့ရမလားပဲ။

                                              
အခြေခံပညာမူလတန်းပညာရေး
  
မူလတန်းဆိုတာ အင်မတန်မှာ ဘဝမှာအရေး ပါလှပါတယ်။ ဒီအချိန်မှာသူတို့ဟာ ရွံရုပ်ကလေးတွေနဲ့တူတယ် အင်မတန်မဖြူစင်ပြီးတော့အင်မတန်ပုံသွင်းလို့ကောင်းတဲ့အချိန်ပေါ့ဟိုးယခင်က ဒီအတန်းကိုဆရာမ အသက်ကြီးကြီးတွေအတွေ့အကြုံရှိတဲ့ဆရာမကြီးတွေကိုထားတယ် ဒီအချိန်ဟာလူ့ဘဝအစရဲ့အရေး ကြီးဆုံးအချိန်တခုပဲ သူတို့လေးတွေရဲ့ စိတ်ထဲကို ကောင်းသောအရာတွေပေးရင် ကောင်းတဲ့အရာတွေကိုသေအောင်ဆွဲသွားတယ် မကောင်းတာ တွေပေးရင် မကောင်းတဲ့ဟာတွေစွဲသွားတယ် ဆရာဆရာမကြီးတွေဟာ ဒီကလေးလေးတွေကိုကျောက်ဆစ် ရုပ်တွေလိုလိုသလို ပုံသွင်းရတယ် မိဘတယောက်လိုရော ဆရာသမားတယောက်လိုယော ဘက်ပေါင်းစုံ ကနေ ဖေးမရတယ်. ဒီအချိန်မှာ စာအကြောင်းအရာထက် သူတို့လေးတွေကိုစိတ်ကို ပြုပြင်ပေးရတယ် ဖြူစင် လာအောင် ဘယ်နေရာတွေမှာဘာမလုပ်ရဘူး ဘာလုပ်တာမကောင်းဘူး စသည်ဖြင့်ပေါ့ လိုသလိုလေး ပုံသွင်းကြတယ် ( ဥပမာ. ငယ်ငယ်မူလတန်းသူငယ်တန်းလောက်က ဆရာမကြီးတွေက လက်ရေးမလှတာမ ကြိုက်ဘူး လှလှလေးတွေရေးတတ်တဲ့အကျင့်လုပ်ပေးရင် အဲကလေးကြီးလာလည်းအဲလိုအမြဲလက်ရေးကို လှလှလေးရေးတတ်လာတယ် သန့်သန့်ရှင်းရှင်းနေတတ်အောင်သင်ပေးလိုက်ရင် အဲကလေးဟာတသက်လုံး သန့်သန့်ရှင်းရှင်း နေတတ်သွားတယ်) ဒီလိုပဲသူတို့လေးတွေရဲ့ခံယူချက် လေးတွေကိုတည့်မတ်ပေးတဲ့ အတန်းဟာ မူလတန်း ပဲ ။ဆရာဆရာမတွေဟာလည်းပဲ့ကိုင်ရှင်တွေပါပဲ။ ဒီအချိန်မှာကတည်းက ဆရာဆရာ
မတွေကို ကလေးလေးတွေကိုလမ်းပေါအမှိုက်မချရဘူး အမှိုက်တွေ့ရင်ကောက်ရမယ် သူများ ပစ္စည်းမခိုးရ ဘူး စသည်ဖြင့်ပေါ့ အားလုံးကို ဒီအချိန်မှာသင်ပေးတဲ့ ကလေးလေးတွေကိုတသက်လုံး စာကြိုးစားချင်စိတ်တွေ ပေါလာအောင်လုပ်နိုင်တယ် ဒီအချိန်မှာ ပညာတွေအရမ်းထူးချွန်လို့ ဘဝမှာအောင်မြင်နေတဲ့သူတွေ ဘဝကို ဘယ်လိုကြိုးစားခဲ့ကြတာတွေ ကလေးလေးတွေရဲ့စိတ်ထဲမှာ ပညာရေးဟာအလေးထားစရာ တခုဖြစ်လာ လုပ်ပေးရပါတယ်။ ဒါကြောင့်လဲ ဆရာအတတ်သင်လိုနေရာမျိုး TTC လိုနေရာမျိုးမှာအတွေးအခေါ ပညာရပ်ကို သင်သင့်တာပေါ့။ ဆရာတယောက်ရဲ့အတွေးအခေါ ဟာသူရဲ့အနီးကပ်ဆုံးသောတပည့်တွေကို ကူးစက်မှာ မလွယ်ပါဘူး။ ဒါ့ကြောင့်ဒီမူလာတန်းဟာ အင်မတန်မှ အရေးပါတဲ့အချိန်ဖြစ်ပါတယ်။  ခုခေတ်မှာတော့ ဆ၇ာမကြီးတွေအသက်ကြီးသွားတာက တကြောင်း တခြားအကြောင်းကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပြဆရာ ဆရာမလေးတွေဟာ ကျောင်းပြီးခါစလေးတွေလည်း ဖြစ်လာတယ် ဒီအချိန်မှာ အဲဆရာမငယ်ငယ်လေး တွေက တကယ်နာ(၃)နာနဲ့ ပြည့်စုံသွားပြီလား ဒီကလေးလေးတွေကို မိဘသဖွယ်သွန်သင်ပေးနိုင်ပါ့မလား
ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တိုင်တောင်သားသမီးမရှိဖူးသေးတာ သူတို့လေးတွေကို ဘယ်လိုပျိုးထောင် ရမယ်ဆိုတာကို သိပါ့မလား။ သူတို့စိတ်ထဲမှာ ကလေးလေးတွေကို စာသင်တတ်စေချင်တဲ့စိတ်တခုပဲရှိ နိုင်မှာ ပေါ့ ။ သူတို့ရဲ့ ငယ်ရွယ်နုပျိုတဲ့အချိန်မှာတွေးတဲ့အတွေးလေးတွေက ဘာမှမသိသေးတဲ့ ကလေးလေးတွေ ဆီကိုကူးစက်သွားတယ် ဒါဟာအင်မတန်မှ ကြောက်စရာကောင်းတဲ့အမှားပါ….(ဥပမာ မူလတန်းမှာ ကလေးလေးကို စာသင်ခန်းထဲမှာ စာမေးပွဲတခု ဖြေတယ်ဆိုပါစို့ အမှတ်တွေပြောပြတယ် ဒီအချိန်မှာ အရမ်း ကောင်းတဲ့ကလေးလေးတွေရှိမယ် မကောင်းတဲ့ ကလေးလေးတွေရှိမယ် ဒီအချိန်မှာ သူတို့လေးတွေကိုအပြစ် သွားတင်ဆူပူမိသွားရင် ဒီကလေးစိတ်ထဲမှာ အနာကြီးဖြစ်သွားတယ်တသက်လုံး မှာလည်း ငါဟာ စာမတော် ဘူးဆိုပြီးခံယူသွားတတ်တယ် အရေးကြီးပါတယ် တချို့ဆရာဆရာမတွေက ကလေးလေးတွေငယ်ငယ်က တည်းက ပြိုင်ဆိုင်တာကို သင်ပေးတယ် ဒီအချိန်မှာ စာပြိုင်ထာတက် ဆရာမကို လက်ဆောင်ပေးနိုင်တဲ့ ကလေး မိဘတွေကချမ်းသာတဲ့ကလေး စသည်ဖြင့်ပေါ့ သူတို့ကို အလေးပိုပေးလာတယ် ဒီအချိန်မှာ ကလေး လေးတွေရဲ့စိတ်ထဲမှာ စာပြိုင်တာထက် ဆရာမကို ဘယ်လိုကန်တော့မယ်ဆိုတဲ့စိတ်မျိုးဝင်သွားတယ် ဒါဟာ တချိန်မှာ နိုင်ငံခေါင်းဆောင်အကြီးအကဲဖြစ်လာမဲ့ မျိုးဆက်သစ်လေးတွေ သူတို့တွေရဲ့စိတ်ထဲမှာ ဒီအချိန်က တည်းက အဲလိုစိတ်မျိုးဝင်သွားရင် စဉ်းစားသာကြည့်ပါတော့ ။ ဒါ့ကြောင့်ကျေးရွာတွေ မြို့တွေမှာ ကျောင်း တွေဖွင့်နိုင်တာကောင်းပါတယ် ဒါပေမဲ့မူလတန်းလိုနေရာမျိုးမှာ ဒီလိုအခြေအနေတွေ မဖြစ်အောင်ကာ ကွယ် နိုင်ရမယ် ကျွန်တော်တို့နိုင်ငံမှာ တက္ကသိုလ်ဆရာမတွေ ကအထက်တန်းပြတွေက မူလတန်းပြတို့ထက် လခ ပို မြင့်ပါတယ် ဒီအချက်ကမှားနေတာပါပဲ တခြားနိုင်ငံတွေမှာ ဆို ဒီကလေးလေးတွေကိုအလေးထားလွန်းလို့ မူလတန်းပြဟာလခအမြင့်ဆုံးပဲ နိုင်ငံဝန်ထမ်းတွေထဲမှာ တော်ရုံနဲ့လည်းမူလတန်းပြမပေးပါဘူး ပညာရေးရော အသိအမြင် အတွေးအခေါတွေပါစီစစ်ပြီးမှ ခန့်တယ်။ ဒီစနစ်ကို ကျွန်တော်တို့ရအောင်လျောက်ရမယ် ဒါမှ အခြေခံအုတ်မြစ်လေးတွေလှပလာမှာပါ ဒါမှလည်း ခံယူချက်ကောင်းတဲ့ ကျောင်းသားတွေ စည်းကမ်းပြည့်ဝ တဲ့ ပြည်သူတွေမွေးထုတ်ပေးရာကြမှာပါ မူလတန်းလောက်ကတည်းက အများနဲ့ဆိုင်တဲ့နေရာတွေမှာ အမှိုက်ချလို့မရဘူး တခြား နိုင်ငံပိုင်ပစ္စည်းမဖျက်စီးရဘူး စသည်ဖြင့်ပေါ့ လူတယောက်မှာရှိသင့်တဲ့ အတွေး အခေါမျိုးတွေကို ရိုက်သွင်းထားနိုင်ရမယ်ဒါမှလည်း မြန်မာပြည်သူအားလုံးစည်းကမ်းပြည့်ဝလာမှာဖြစ်ပါတယ်.


အခြေခံပညာအလယ်တန်းပညာရေး
အလယ်တန်းကလည်း ကျောင်းသားကလေးဘဝ အဖြူစင်ဆုံးအချိန်လေးတွေပါပဲ ။ဒီအချိန်မှာ လည်းလမ်းပြ ဆရာတွေဟာအင်မတန်မှအရေးပါလှပါတယ်.။ ဒီအတန်းမှာ ကလေးတွေကို ကောင်းတဲ့အကျင့်လေးတွေ ရိုက် သွင်းပေးရမယ် ။ ပညာရပ်တွေအပေါမှာအလေးထားတတ်လာအောင် သင်ပေးရမယ်။ကျောင်းသားလေးတွေ ကိုစာကို မိမိဘဝအတွက်မရှိမဖြစ် လို့ထင်လာအောင်လုပ်ပေးနိုင်တယ်။ တခြားသော အကြောင်းအရာတွေကို လည်းပြောပြနိုင်လာတယ်။ ဒီအချိန်မှာ ပြောချင်တာလေးတခု က ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှ ချစ်စရာ ကောင်းတဲ့အပြုအမူလေးဟာ တချိန်မှာ အမြဲတမ်းယုံကြည်မူ့ပျောက်ဆုံးနေစေသလိုဖြစ်စေတယ်ဆိုတာလေး ကိုပါ။ ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှအနာန္တောအနန်န ငါးပါးကို သက်ဝင်ယုံကြည် ရိုသေတဲ့နိုင်ငံဖြစ်ပါ တယ် ။ ဒီဓလေ့လေးဟာအင်မတန်ကောင်းတဲ့ဓလေ့လေးပါ။ ဆရာဆရာမတွေအပေါမှာရိုသေမူ့ဟာ မြန်မာ နိုင်ငံ ဟာ ချီးကျူးစရာအကောင်းဆုံးပါပဲ အနောက်နိုင်ငံဆရာဆရာမများဆို အင်မတန်မှချစ်ကြပါတယ် မြန်မာ ကျောင်းသားဆိုရင် ဆရာဆရာမတွေကိုရိုသေတွေအတွက်ပေါ့။ ဒီနေရာမှာ မှားနေတာလေးတချက်ကို ပြောပြ ချင်ပါတယ် အလယ်တန်းလောက်မှာကျောင်းသားလေးတွေဟာ ဆရာဆရာမဆိုရင် သေအောင်ကြောက်ပါ တယ် ရိုသေတယ်ပဲထားပါတော့ စာသင်ချိန်တွေမှာဆို ဆရာစာသင်နေတယ်ဆိုရင်တုတ်တုတ်မလှုပ်ရဲဘူး ဆရာပြောတာအားလုံးအမှန်လို့ယူဆကြတယ် ဆရာ ကစာမေးစ၇ာရှိသေးလားလို့ပြောရင်ဆရာထွက် သွား ပြီးရော မရှိပါဘူး ဆိုပြီးဖြေတတ်တာ မြန်မာကျောင်းသားတွေရဲ့ ငယ်ဘဝကဓလေ့လို့တောင်ပြောလို့ရပါ တယ် ဒါဟာအင်မတန်မကောင်းတဲ့အချက်ဖြစ်သလို အင်မတန်မှကို လူညွန့်တုံးစေပါတယ် ကျောင်းသားတွေ ရဲ့အရာရာသိချင်တဲ့စိတ်ကိုပိတ်ပင်ရာလည်းရောက်ပါတယ် ဆရာတွေအနေနဲ့အဖြစ်သင့်ဆုံးကတော့  ကျောင်းသားတွေကို ဒီအလယ်တန်းလောက်ကတည်းက why ?ဆိုတဲ့မေးခွန်းကိုမေးတတ်လာအောင် သင်ပေး လေ့ကျင့်ပေးသင့်ပါတယ် ဘာ့ကြောင့်ဒီလိုဖြစ်တာလဲ စာသင်တယ်ဆိုရင် ဒီ အကြောင်းအရာဟာ ဘာကြောင့် ဘာဖြစ်တယ်ဆိုတဲ့မေးခွန်းကိုမေးတတ်အောင်သင့်ပေးရမယ် စာတခုသင်ပြီးပြီဆိုရင် သင်ပြီး ပြီး တာပဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့အတွေးမျိုးထက် ဒီစာပေါမှာမြင်တဲ့ကျောင်းသားအမြင်ကို ဖော်ထုတ်ရမယ် (ဥပမာ သမိုင်းသင်တယ်ဆိုပါစီု့ အနော်ရထာမင်းအကြောင်း ကျန်စစ်မင်းအကြောင်း စသည်ဖြင့်ပေါ့ ဒီ စာကို သင်ပြီးတဲ့အချိန်မှာ ကျောင်းသားရဲ့အတွေးအခေါ ဒီဘုရင်ပေါမှာ မြင်တဲကအမြင် စတာတွေကို အချိန်ယူ ပြီးဖော်ထုတ် ရမယ်ဒါမှသာ ကျောင်းသားတွေမှာ အရာရာကို သုံးသပ်တွေးခေါနိုင်တဲ့စိတ်မျိုးပေါပေါာက်လာ မယ်  အတွေးအခေါတွေမြင့်မားလာမယ် ။နောက်တချက်က ကျောင်းသားတယောက်ကျောင်းပျက်တယ်ဆို ပါစို့ ဆရာကိုယ်တိုင်ကလည်း ကျောင်းသားကိုရိုက်နှက်ဆုံးမတယ်မင်းနောက်မလုပ်ရဘူးဆိုပြီးပြောတယ် ဒါနဲ့ ပြီးသွားတယ် ဒါဟာမှားယွင်းတဲ့အချက်ပါ ဒီအချိန်ကလေးလေးတွေကို ရိုက်နှက်ပြီး အကြောက်တရားနဲ့ သွန် သင်ပေးတာ ဟာ သူဟာအဲဒီအကြောက်တရားနဲ့ဝေးသွားတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာလုပ်ပြီးပျက်စီးသွား တယ် ဒါ့ကြောင့်လည်းတချို့ တက္ကသိုလ်တွေရောက်တဲ့အခါလွတ်လပ်တဲ့အတွက် အကြောက်တရားမရှိ တဲ့အတွက် ပျက်စီးသွားတတ်တယ်။ဒါ့ကြောင့် ကျောင်းမှာကျောင်းသားတယောက်ကျောင်းသား တယောက် ကျောင်းပြေးတယ်ဆိုပါစို့ ဒီပြသာနာကို သေသေချာချ အလေးထားလုပ်ရပါ့မယ် သူဘာကြောင့် ကျောင်း ပြေး တာလဲ ဆိုတဲ့ ဘာ့ကြောင့်ဆိုတဲ့ အဖြေကိုရအောင်လုပ်ရမယ် စာမလိုက်နိုင်တာလား ပျင်းတာလား ဒါမှမဟုတ် သူ့အိမ် မှာအခက်အခဲတွေကြောင့်လား စသည်ဖြင့် အဖြေကိုရှာပြီး ဒီ problem ကို solve လုပ် ပေးနိုင်ရမယ် ဒါမှလည်းကျောင်းသားဟာ ပြသာနာတခုကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာသိလာသလို မိမိကိုယ် မိမိလည်း ထိန်းသိမ်းတတ်လာမယ် အကြောက်တရားနဲ့မဟုတ်ပဲ အသိတရားနဲ့ပေါ့ဒါမှလည်းဘယ်နေရာ ရောက်ရောက်အဆင်ပြေပြေနဲ့အောင်မြင်တဲ့သူဖြစ်လာမယ်။ ဒါ့ကြောင့်လည်း အလယ်တန်းပညာရေး ဟာလည်း အရေးပါလှပါတယ်။ ဒီအချိန်မှာကျောင်းသားတွေကို လူမူ့ရေးပိုင်းတွေ ကြံခိုင်ရေးပိုင်းတွေကိုလည်း လုပ်နိုင်အောင်ကျင့်ပေးရမယ် ကျောင်းတွေမှာ ကျောင်းသားတွေပျော်ပွဲရွင်ပွဲတွေလုပ်ပြီးကျောင်းသားတွေ ကိုတက်ကြွလာအောင် လူကြောက်တဲ့ရော ဂါမဖြစ်အောင် လေ့ကျင့်ပေးရမယ် ( ဥပမာ ကျောင်းကပွဲတွေ မှာ ကျောင်းသားအားလုံးကို စတိတ်စင်မကြောက်အောင်လုပ်ပေးရမယ် သူတို့ကို အလှည့်ကျဖြစ်စေ အားလုံး ဖြစ်စေ စင်ပေါတက်ဖူးအောင် စင်ပေါကနေ လူတွေကို ရဲ၇ဲဝင့်ဝင် ပြောရဲ ဆိုရဲ မိမိဘာလုပ်တတ်တယ်ဆို တာကို ပြရဲ တဲ့စိတ်မျိုးပေါပေါက်လာအောင်မွေးထုတ်ပေးရမယ် မြန်မာလူမျိုးတော်တော်များများ ဟာ အင်မ တန်မှ စတိတ်စင်ကို ကြောက်ပါတယ် စင်ပေါရောက်သွားရင်ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတတ်ပါတယ် အမှားမှားအယွင်းယွင်းပေါ့ ဒါတွေကိုကျောင်းတွေကတည်း ကငယ်ငယ်ကတည်းက  လေ့ကျင့်ပေးသင့် ပါတယ်။ဒါမှလည်း ကလေးတွေငယ်ငယ်ကတည်း ကိုယ့်ကိုကိုယ် ယုံကြည်မူ့ရှိလာမှာဖြစ်ပါတယ်။ )ကြံ့ ခိုင် တဲ့ ကလေးတွေတက်ကြွတဲ့ကလေးတွေဖြစ်ဖို့ ကျောင်းတွေမှာ အားကစားပြိုင်ပွဲတွေကို စနစ်တကျလုပ်သင့် ပါတယ် ဝတ်ကျေတန်းကျေပြိုင်ပွဲလုပ်ပေးတာထက်စာရင် သေသေချာချာလေး အလေးထားလုပ်ပေးရမယ် ဒါမှလည်းကျောင်းသားတွေဟာ မိမိလုပ်နိုင်တယ်ဆိုတာကို လူအများရှေ့မှာ ပြရတာကို တန်ဖိုးထားတတ် လာမှဖြစ်တယ် ဒီအချိန်မှာ မိဘရောဆရာဆရာမတွေရောနဲ့အားလုံးတက်တက်ကြွကြွလုပ်ပေးသင့်ပါ တယ် မိဘတွေအနေနဲ့ သားသမီးတွေအတွက်ဒီတခုကိုတော့အချိန်ပေးနိုင်ရမယ် သားသမီးတိုင်းဟာ မိဘရှေ့မှာ သားဒါလုပ်နိုင်တယ်ဆိုတာကိုပြချင်တာပါပဲ ဒါ့ကြောင့်ဒါတွေကို ကျောင်းတွေက ညွန်ကြားချက်အရသာ လုပ်ရ တာ ဆိုပြီးဖြစ်နေရင်ဘာမှလုပ်လို့မရပါဘူး ဒါတွေကအဓိကထားပြင်ရမဲ့အချက်တွေပါ။ဒါမှလည်းကျောင်းသား လေးတွေက  အနိုင်ရဲ့အောင်မြင်ခြင်းရဲ့ ခံစားချက်ကို နားလည်ခံနိုင်ရည်ရှိသလို ၇ှုံးတဲ့ အရှုံးကိုလည်း ခံနိုင် အောင် လေ့ ကျင့်ပြီးသားဖြစ်သွားမှာပါ။ ဒါလေးတွေက အပြင်ပန်းကြည့်ရင် ပေါ့ပေါ့တန်တန်ပေမဲ့ တကယ်တမ်း တော့ အင်မတန်ဘဝမှာအရေးပါပါတယ် ။ ဒါ့ကြောင့်လည်းအလယ်တန်းပြဆရာဆရာမတွေ ဟာလည်း ကျောင်းသားလေးတွေလူငယ်တွေရဲ့ ဘဝရဲ့အုတ်မြစ်တွေပါပဲ ။ဒီအချက်တွေကို ကျွန်တော်တို့နိုင် ငံ ဟာစနစ်တကျပြုပြင်နိုင်ရင်တော့ အားရစရာကောင်းပါတယ်။ဒါပေမဲ့ယနေ့အချိန်မှာတော့ ဒါတွေဟာ တကယ် ကိုအားနည်းချက်တွေဖြစ်နေပါတယ်.။
အခြေခံပညာအထက်တန်းပညာရေး
ဒီအတန်းကတော့ ဘဝမှာအားလုံးက အရေးကြီးဆုံးလို့ခံယူထားကြပါတယ်။ ဘဝရဲ့ အသက်မွေးဝမ်းကြောင်း ပညာရပါတွေကိုခွဲပေးမဲ့နေရာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းကျောင်းသားတွေရောမိဘတွေရော ကအလေး ထားပြီး လုပ်ကြပါတယ်။ မှန်ပါတယ် ဒီအချက်ဟာဒါပေမဲ့လည်း ဒီကျောင်းသားလေးတွေဟာ ဆယ်တန်းမှာ အမှတ်ကောင်းဖို့ဆိုတဲ့ အချက်တခုကိုပဲခေါင်းထဲမှာစွဲသွားတယ်။ဒါမှလည်းလိုင်း ကောင်းကောင်းလျောက်နိုင် မှာဖြစ်တဲကအတွက်ပေါ့.။ ဒီအချိန်မှာ သူငယ်ငယ်ကတည်းက ဝါသနာပါခဲ့တဲ့အရာတွေ ဟာမိဘတွေ ဆရာ တွေရဲ့အရောင်ဆိုးမူ့ကြောင့် ပတ်ဝန်းကျင်ရဲ့အရောင်ဆိုးမူ့တွေနဲ့ အတူတူဝါသနာ တွေပျောက်ပြီး လိုင်း ကောင်း ကောင်းရဖို့ကိုပဲဦးတည်သွားတယ်။ ဒါကလည်းပတ်ဝန်းကျင်အခြေအနေကလည်းဒီလိုဖြစ်နေတာဆို တော့မိဘ ကိုလည်းအပြစ်တင်လို့မရဘူး ။ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်အင်ဂျင်နီယာမှ လူတန်း စေ့တယ် ဆိုတဲ့အမြင်လူအထင်ကြီးတယ်ဆိုတဲ့အမြင် တွေဖြစ်နေတာ ဆိုတဲ့ ကျန်တဲ့အသက်မွေးဝမ်းကျောင်းပညာရပ် တွေ စောစောကပြောခဲ့သလို TTC လိုနေရာမျိုးတွေဟာဘာမှမဟုတ်သလိုဖြစ်လာတယ် ဒါတွေကို ပြင်ဆင်နိုင် အောင်ကြိုးစားရမယ် ဥပမာ ပထဝီသမားတို့ ဥပဒေသမားတို့ သမိုင်းတို့ဆရာဆရာမတွေဆိုတာ နိုင်ငံတော်ကို ပဲ့ကိုင်ပေးမဲ့သူတွေဆိုတာ ကိုသိလာအောင်အထက်တန်းမှာလုပ်ပေးရမယ် ။နိုင်ငံတော်ကလည်း ဒီလူ တွေကို အကောင်းဆုံးအခွင့်အရေးဖန်တီးပေးမူ့ တွေလုပ်ပေးရမယ် ဒါမှသာ တော်တဲ့သူတွေ ဝါသနာပါတဲ့သူတွေ ဟာ နိုင်ငံရဲ့ အုတ်မြစ်ဖြစ်တဲ့ ဆရာအတတ်သင်တို့ တခြား ဥပဒေ စသည်ဖြင့်ပေါ့ မြန်မာစာတို့ ကိုအလေးထားလာမယ်။ဒါမှလည်းတကယ့် ကောင်းတဲ့ generation ကိုမွေးထုတ်ပေးရမယ်။ အထက်တန်း ပညာရေးအချိန်မှာကျောင်းသားဟာ အသိညန်ဖွင့်ဖြိုးနေပြီဖြစ်တဲ့အတွက် သူဟာဘေးပတ်ဝန်းကျင် က အသိ အမြင်တွေ ကိုအတုခိုးတတ်လာတယ် ကောင်းတာတွေရောမကောင်းတာတွေရော စသည်ဖြင့်ပေါ့ ဆေးလိပ် သောက်တာ အရာက်သောက်တာ ကွမ်းစားတာ ကျောင်းပြေးတာ ဘောလုံးပွဲလောင်းတာ လဘက်ရည် ဆိုင် ထိုင် တာ တွေပေါ့ဒါတွေကို အစိုးရ ကထိန်းသိမ်းပေးသလို မိဘဆရာတွေ မြို့ကလူတွေကလည်း တာဝန်သိ သိနဲ့ ထိန်းသိမ်းရမယ် ဆေးလိပ်ဗူးတွေမှာ ၁၈ နှစ်အောက်မသောက်ရဆိုပေမဲ့ ဆိုင်တွေကလည်းစီးပွားရေး အခြေအနေအရေ၇ာင်းရရင်ပြီးရောဆိုပြီးေ၇ာင်းတယ် ဒီအချိန်မှာဘာမှတားမရဘူး ငယ်ငယ်လေးနဲ့ဆေး လိပ်လေး တဖွာဖွာနဲ့ဖြစ်လာတယ်။ ဒါ့အပြင် လက်ဘက်ရည်ဆိုင်တွေမှာဆို ကျောင်းတွေလစ်ပြီးဆိုင်ထိုင်တာ တွေဖြစ်လာတယ် ဒါတွေကို ဆိုင်တွေကလည်းအဖြူအစိမ်းနဲ့ ထိုင်နေတာ သိသိကြီး ကျောင်းချိန်မှန်းသိ ရဲ့နဲ့ မတားဘူး ရောင်းရပြီးရောဆိုပြီးရောင်းတယ် ဒါတွေဟာလူငယ်တွေကိုဖျက်စီးနည်းတမျိုးပါပဲ ကျောင်းသားတွေ ဟာလက်ဘက်ရည်ဆိုင်မှာ အကြာကြီးထိုင်စကားစုပြောတဲ့အကျင့် ကဒီအရွက်ကတည်းကပါသွားတာ ကြီးလာ တော့လည်းတားလို့မရတော့ဘူး တနေ့ကိုလက်ဘက်ရည်ဆိုင်မှာ တနာရိနှစ်နာရီလောက် ထိုင်လိုက်ရမှ ကျေနပ်လာတယ် ဒါတွေကိုလူကြီးတွေကလည်းလမ်းပြလုပ်နေတယ် ဒါတွေက မှားတဲ့အချက် တွေပါ ဒါတွေကိုပြင်ပါလို့ပြောရင်လူကြီးတွေပါပြင်ရမယ် ဘယ်နိုင်ငံမှာမှ ကျွန်တော်တို့နိုင်ငံလို ရေနွေးအိုး သုံး လေးအိုးကုန်အောင်ထိုင်ပြီးနေ့တိုင်စကား မပြောကြဘူး ဆိုင်ကလည်းမပေးဘူး ခွက်တခွက်လောက်ပဲပေး တယ် ဒါတွေကကောင်းတဲ့အကျင့်လေးတွေပါ ဒီအထက်တန်းကျောင်းသားလေးတွေဟာ သင်လွယ်တတ်လွယ်တဲ့ အချိန်မှာ အမှားသရုပ်ပြမှု့တွေမလုပ်တာအကောင်းဆုံးပါပဲ မိဘတွေလူကြီးတွေက လည်း သားသမီး တွေကို ကွမ်းဝယ်ခိုင်းတာတို့ ဆေးလိပ်ဝယ်ခိုင်းအရက်ဝယ်ခိုင်းလုပ်ကြတယ် ဒါတွေဟာ အဲ ကလေးကို ဒီလမ်းကိုတွန်းပို့သလိုပဲ ဆိုင်တွေကလည်းဘယ်သူဝယ်ခိုင်းခိုင်းမရောင်းရဘူးအသက်မပြည့်ရင် ဒါကြောင့်အထက်တန်းအချိန်မှာ တချို့ကတော့ အမှတ်ကောင်းကောင်းနဲ့အောင်တယ်တချို့တော့ တဗုန်းဗုန်းကျ တယ် ဒါတွေဟာတကယ့်ကိုအနာဂါတ်ရဲ့ သားကောင်းလေးတွေပါ အထက်တန်းမှာ ကျောင်း သားလေးတွေကိုဆေးလိပ်ရဲ့ဆိုးကျိုးတွေ ကွမ်းရဲ့ဆိုးကျိုးတွေကိုအရက်ရဲ့ဆိုးကျိုးတွေကို ပေါ့ ဆရာကိုယ် တိုင်ကလည်းကိုယ်ဒါတွေလုပ်တယ်ထားဥိး တပည့်တွေရှေ့မှာလုပ်မပြရဘူး ဘယ်တော့မှ ဆ၇ာကကွမ်း လေးတမြုံမြုံနဲ့ မင်းတို့ကွမ်းမစားရဘူးပြောရင်တော့ ဘယ်တပည့်မှ နားထောင်မှာမဟုတ်ပါဘူး.။ဒါ့ကြောင့် အထက်တန်း ဟာလည်းဘဝရဲ့တဆစ်ချိုးလို့ပြောရသလို အကောင်းအဆိုးနှစ်ခုလုံးရဲ့လမ်းခွဆိုလည်းဟုတ်ပါ တယ် ဒါ့ကြောင့် ဒါတွေကိုပြုပြင်နိုင်အောင်ကြိုးစားရမယ်ဒါ့အပြင်ဖြစ်သင့်တာက အထက်တန်းကတည်း ကျောင်း သားတွေကို ကိုယ်ဝါသနာပါတဲနေရာကို ရွေးချယ်စေပြီး ဘာသာရပ်တွေမှာစနစ်တကျ specialize ဖြစ်အောင်လုပ်ပေးသင့်ပါတယ် ကျွန်တော်တို့ဆီမှာ ခွဲထားတာတွေရှိပါတယ်ဒါပေမဲ့ တော်တော်လေးအား နည်းနေသေးပါတယ် ဒါတွေကို အသေးစိတ်တခြားနိုင်ငံတွေမှာဘယ်လိုလုပ်တယ်ဆိုတာတွေကိုအတုယူပြီး ပြုပြင်ရပါမယ်။
အဆင့်မြင့်တက္ကသိုလ်ပညာရေး
ဒီပညာရေးစနစ်ကတော့ ဘယ်သူ့ကိုမေးမေးဘဝရဲ့အပျော်ဆုံးအချိန်လို့ပဲဖြေမှာပါ။အားလုံးကလည်း ဒီလို ပဲ ခံယူထားကြတယ် ငယ်ငယ်ကတည်းကမိဘအိမ်မှာနေပြီး စည်းကမ်းနဲ့နေလာရတာ ဒီနေရာရောက်တဲ့ အချိန် မှ လွတ်လပ် ပျော်ရွင်မူ့တွေစရတယ်ဆိုပြီး အပျော်ကြီးပျော်တတ်ကြပါတယ် ဒါ့ကြောင့်လည်း မိမိကိုယ်မိမိ မထိန်းနိုင်မသိမ်းနိုင်တွေ ဖြစ်ပြီးဘဝပျက်ရတာတွေလည်းမနည်းပါဘူး ဒါတွေဟာ အပေါက ကျွန်တော်ဆွေးနွေးချက် တွေတည်းကလို ကျောင်းသားလေးတွေရဲ့လွတ်လပ်မူ့ မိမိကိုယ်မိမိ ထိန်းသိမ်းတတ် အောင် လေ့ကျင့်မူ့တွေ ပြီးတော့ဆရာ မိဘ ကျောင်းသား တသားတည်းမကျတဲ့အချိန်မှာ ခုလို လွတ်လပ် တဲ့နေရာရောက်လာတဲ့အချိန်ကျတော့ စိတ်ကလွတ်ထွက်သွားတာပါပဲ ဒါ့ကြောင့်ငယ်ငယ်ကတည်းက ကလေး ကို  စည်းကပ်းရှိပြီးလွတ်လပ်တဲ့မိမိကိုယ်မိမိထိန်းသိမ်းနိုင်တဲ့ သူတယောက်ဖြစ်အောင် လေ့ကျင့် ပေးတာ ဟာအင်မတန်မှ ကိုအရေးပါလှပါတယ်။ တက္ကသိုလ်နယ်မြေဆိုတာ ခုနောက်ပိုင်းမှာတော့ ကျောင်း သားတွေဟာ ပျော်ရွင်ဖွယ်ကောင်းတဲ့ ပြဇာတ်ရုံကြီးလိုပါပဲ တနေ့လာတယ် ကျောင်းလေးမတက်တချက် တက်တချက်လုပ်လိုက် စာသင်ချိန်မပြည့်ရင်စာမေးပွဲမဖြေရဘူးဆိုလို့သာ ပြေးတက်လိုက် ပြီးရင်တနေကုန် လက်ဘက်ရည်ဆိုင်လေးထိုင်လိုက် ညနေဆို သူငယ်ချင်းတွေနဲ့ ဘီယာလေးပြေးသောက်လိုက် ညပိုင်းကျ အဆောင်ရှေ့ဂစ်တာလေး သွားတီးလိုက်နဲ့ ပိုက်ဆံလိုရင် မိဘဆီလှမ်းမှာလိုက်နဲ့ တကယ်ကို အားကျစရာ ကောင်းတဲ့နေရာလေးတခုလိုဖြစ်လာတယ် (အားလုံးကိုမဆိုလိုပါ) အောက်ကအငယ်ကျောင်းသားလေးတွေ ကလည်း တက္ကသိုလ်ရောက်ရင်ငါ့အကိုကြီးတွေလိုပဲ အရမ်းပျော်စရာကောင်းမှာပဲလို့ဘယ်သူမှမတွေး တော့ ဘူး ဆယ်တန်းမှာတော့ အသေအလဲစာတွေကျက် လိုင်းကောင်းကြောင်းဆေးကျောင်းတွေဘာတွေမှီ ပဲ စာမေးပွဲတွေကျ ကျောင်းထုတ်ခံရနဲ့အဲလိုတွေဖြစ်သွားတယ် တော်တော်များများက လိုင်းကောင်းကောင်း ၇သွားရင် ဘဝက အေးဆေးဖြစ်သွားပြီလိုကျောင်းသားလေးတွေခံယူတတ်ကြတယ် ဒါတွေကအမှားတွေပါ တကယ် တက္ကသိုလ်ပြီးမှ ကိုယ့်ဘဝကစမှာပါ ဒီတက္ကသိုလ်တွေမှာ ကိုယ့်ဘဝရဲ့လိုအပ်ချက်တွေကို ဖြည့် ဆည်းသွားရမှာပါ ကိုယ်လျေက်လှမ်းမဲ့ဘဝမှာ ကို့ရဲ့အတတ်ပညာကို ဘယ်လိုအသုံးချမလဲ ဘာတွေလိုမလဲ ဆိုပြီး စဉ်းစားဖြည့်ဆည်းသွားရမှာပါ။  ဒါမှလည်း ကိုရဲ့ ဘဝကို ကိုယ့်အတတ်ပညာနဲ့ ဖြတ်သန်းသွားရ မှာပါ။ ကျွန်တော်တို့နိုင်ငံမှာ မိဘရောကျောင်းသားရောခံယူထားကျတာက လူအထင်မသေးအောင်ဘွဲ့လေးတခုရ အောင်လုပ်မယ်ပြီးရင် မိဘအလုပ်လုပ်မယ်ဆိုပြီးတော့တော်တော်များများက တွေးကြပါတယ် ဒါ ဟာ ကလေး တွေကိုဖျက်စီးခြင်းတမျိုးပါပဲ ကျောင်းသားတွေစိတ်ထဲမှာ အချိန်တန်ငါ့မိဘအလုပ်ရှိတယ်အေးဆေးလုပ်ယုံပဲ ဘာမှပူစရာမလိုဘူးဆိုပြီး တော့အတွေးတွေဝင်ကုန်တယ် ဒါဟာ လူတယောက်ရဲ့အရည်အချင်းကိုတုန်းစေတာ ပါပဲ ငါ ငါ့အတတ်ပညာနဲ့ဘဝကိုရပ်တည်နိုင်ရမယ်ဆိုတဲ့ခံယူချက် မျိုးပျောက်သွားတယ်။ ကျောင်းမှာ ဘာမှလည်း မတတ်ဘူးလို့ခံယူလာတယ်။ ဒါဟာလည်းပညာရေးစနစ်ရဲ့အားနည်းချက်ပါပဲ နိုင်ငံအနှံ့အပြားမှာ တက္ကသိုလ်ပေါင်းမြောက်များစွားဖွင့်လှစ်တာနဲ့အမျှ ညီမျှတဲ့ ဆရာလုပ်နိုင်စွမ်းသော ပညာတတ်တွေ အလုံ အလောက်မရှိခြင်းပါပဲ  ဆရာကမိမိသင်တဲ့ဘာသာရပ်မှာ ကျွမ်းကျင်မူ့မရှိပဲနဲ့ ကျောင်းသားကိုသင်တဲ့အချိန် မှာကျောင်းသား တွေကို မရေမရာ အတွေးအခေါတွေကိုပဲပေးနိုင်ပါတယ် တခြားနိုင်ငံတွေမှာ ကျောင်း တွေမှာ ဆရာလုပ်မဲ့သူဟာ ကိုယ်တိုင်စာအုပ်တွေရေးနိုင်တဲ့သူတွေ ဖြစ်တဲကအတွက် ကိုယ်တိုင်က ဒီဘာသာရပါမှာ အပ်သေးသေးလေးက အစသိတယ်ရှင်းပြနိုင်တယ်။ ကျွန်တော့်တို့ဆီမှာ ဒီလိုဆရာကြီးတွေနည်းပါတယ် ဒါ့ကြောင့်ဒါတွေကိုကျောင်းတွေမှာကတည်းက တက္ကသိုလ်တွေမှာ train လုပ်ပေးရမယ်။စာသင်ခန်းထဲ ဆရာ ငယ်ငယ်လေးကဝင်လာတယ် သူဒီညကြည့်လာတဲ့အခန်းတခန်းကို သူရေးလာတဲ့အတိုင်း သင်ပုန်းမှာရေး တယ်သူသင်လာခဲ့ရတဲ့အတိုင်း ပြန်သင်ပေးတယ် ဒီအချိန်မှာ သူ ကျောင်းသားဘဝထဲက ဆရာဆီက ၁၀၀ % မရနိုင်ပါဘူး ၇၀ % အများဆုံးပဲ ဒါကိုသူကပြန်ပေးတော့ ကျောင်းသားကဘယ်လောက်ရမလဲပြန်တွေးကြည့်ပါ ဒါကို အပြစ်တင်နေလို့မရတော့ဘူး ဒီတော့ကျွန်တော်တို့ဘာလုပ်မလဲဆရာကို ပြန်ပြီး train လုပ်ပေးရမယ် စာသင်တယ်ပြီးပြီးရောမဖြစ်အောင် ကျောင်းသားက နားမလည်တာကို ချက်ချြင်းမေး ဘာ့ကြောင့်ဆိုတဲ့ အပေါကပြောခဲ့တဲ့ why မေးခွန်းကိုများများမေးရမယ် ဒါမှ ဆရာ ဟာအစပိုင်းသူ ဖြေနိုင်ချင်မှ ဖြေနိုင်မယ် ဒါပေမဲ့ သူက ဆရာဆိုတဲ့အရှက်ရှိတဲ့အတွက် သူရအောင်နောက်ဆို စာသင်ချိန်ဆို လက်ချာလေးပဲဖတ်ပြီး မလာတာ့ဘူးစာအုပ်တွေ မရမကရှာဖတ်လာမယ် သူတဖြေးဖြေးနဲ့ကျောင်းသားမေးသမျှ သူ့ဘာသာရပ်နဲ့ ဆိုင်တာကို ဖြေနိုင်လာမယ် တပည့်အရည်အသွေးတိုးတက်လာသလိုဆရာ အရည်အသွေးလည်း တိုး တက်လာ မယ် ဒီဆရာလုပ်သက်ရင့်လာတာနဲ့အမျှသူကိုယ်တိုင်စာအုပ်တွေရေးနိုင်လာမယ်သီအိုရီကို ကျွမ်းကျင် လာမယ် ဒါဟာ ပညာရေးအတွက်အင်မတန်ကောင်းတဲ့လက္ခနာပါ ကျောင်းသားကလည်း အားနာ စရာမလိုဘူး ကိုယ်သိချင်တာကိုမေးရမယ် စာလာသင်တာကိုဝတ်ကျေ တန်းကျေသဘောမထားရဘူး။ ဒါ့အ ပြင်ပညာရေး ဝန်ကြီးရုံးကလည်းဆရာတွေကို ဘာသာတွေပြောင်းသင်ခိုင်းတာခနခနမလုပ်သင့်ဘူး သူပိုင် တဲ့ အပိုင်းကိုပဲသင်ခိုင်းသင့်တယ် ဆရာအခြေအနေအရ သင်ခိုင်းတာကိုနားလည်နိုင်ပါတယ် ဒါဟာ ခနတာ အတွက် အဆင်ပြေသွားမှာပါ ဒါပေမဲ့ ဆရာကောင်းတယောက်အဖြစ်မွေးထုတ်ပေးဖို့က တော့မဖြစ်နိုင်တော့ ဘူး တက္ကသိုလ်ဆရာဆိုတာ နာ (၃ ) နဲ့မရဘူး သူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်မူ့ က နိုင်ငံတော်ရဲ့ အနာဂါတ်မျိုးဆက် တွေကိုမှန်ကန်တဲ့ ပညာတွေကို တိကျသေချာတဲ့ အကြောင်းအရာတွေကို ပေးနိုင်ရမယ် ဒါမှလည်းကျောင်း
သားတွေဟာ မိမိသင်နေတဲ့မိမိ အသက်မွေးဝမ်းကြောင်းပညာကို ပိုင်ပိုင်နိုင်နိုင် ရဲ၇ဲဝင့်ဝင့်နဲ့ လုပ်ရဲမယ်  ဒါမှလည်းခံယူချက်တွေပြောင်းလာမယ် ကျောင်းပြီးရင်ဘာမှမတတ်ဘူးဆိုတဲ့အသိတွေပေါ့.။ ဒါတွေဟာ အစိုး ရတခုတည်းနဲ့ပြုပြင်လို့မရသလို အားလုံးဝိုင်းပြင်ရမယ် ကျောင်းတွေမှာလည်း တိကျခိုင်မာစနစ်ကျတဲ့ ပညာရေးစ နစ်ရှိရမယ် ဘယ်အချိန်မှာဘာသင်မယ် ဘယ်နှစ်မှာဘယ်အကြောင်းအရာသင်မလဲဆိုတာကို နှစ် တိုင်းတနှစ်တမျိုးပြောင်းနေရင် ဘယ်လိုမှစနစ်မကျနိုင်ဘူး ဒါ့အပြင်ကျောင်းသားတွေရဲ့လွတ်လပ်မူ့ ကိုလည်း လမ်းဖွင့်ပေးရမယ် တချို့ကျောင်းသားကျောင်းသူလေးတွေချစ်သူရည်းစားတွေဖြစ်ကြတယ်ဖြစ်မှာပဲ ဒါက လူပဲလေ ဒါတွေကိုသူတို့ကိုကနု့်သတ်ချက်တွေသွားမထားရဘူး သူတို့လေးတွေကိုလူမြင်ကွင်းမှာပဲသွားလာ နေုထိုင်တတ်အောင် လုပ်ပေးရမယ်ကျောင်ထဲမှာလည်းဆိုင်လေးတွေစသည်ဖြင့်ပေါ့ ကျောင်းရဲ့သက်သာ ချောင်ချိ ရေးလည်းအဆင်ပြေတယ် ဒီလိုလုပ်တာ ဟာ ထိန်းသိမ်းပေးတာပဲ ကျွန်တော်တို့နိုင်ငံဟာအရှက် အကြောက်အင်မတန်မှကြီးတယ်အတွက်လူမြင်ကွင်းမှာ ချစ်သူရည်းစားတွေမတွေ့ရဲ့ဘူး ဒါသိပ်မကောင်းဘူး ဒီလိုဆက်ထားရင်သူတို့တွေက လူမမြင်ကွယ်ရာကိုရှာမှာပဲ ဒီအချိန်မှာ ကျောင်းသူကျောင်းသားလေတွေနဲ့ ကြားလို့မကောင်းတဲ့အခြေအနေတွေဖြစ်လာတယ် ဒါတွေကိုလည်းကာကွယ်နိုင်ရမယ် မိဘ ပြည်သူကဝိုင်းဝန်း ထိန်းသိမ်းရမယ် ကို့ရှေ့မှာတွေ့တာကို မကြိုက်ဘူးဆိုပြီး ဇွတ် မလုပ်ပါနဲ့ကွယ်ရာမှာ ဆို ဘေးတွေ့ဘို့က  သေချာပါတယ်။ ဒါ့ကြောင့်တက္ကသိုလ်တွေမှာ စနစ်ကျတဲ့စနစ်တွေကိုသေချာ plan နဲ့လုပ်ရမယ် ကျောင်း ဆောက်လိုက်ရင်ပြီးရောမရပါဘူး တခြားဟာတွေအတွက်ပါဆိုင်တွေ ဘယ်လိုဖွင့်မယ် စနစ်တကျဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကိုပေါ့။ ကျောင်းသားတွေကျောင်းမတတ်ပဲ ကန်တင်းထိုင်တာတွေကိုလည်း ပျော်ကအောင်လုပ်နိုင်ရမယ် ဆိုင်တွေကိုစနစ်တကျပေါ့ အကြာကြီးထိုင်လို့မရနိုင်တဲကနည်းနဲ့ပဲဖြစ်ဖြစ် ပေါ့ တခြားနိုင်ငံတွေမှာကျောင်းထဲမှာ ဆိုင်လေးတွေကို မတ်တပ်ရပ်ခုံလေးတွေနဲ့ ရောင်းကျတယ် အဲလိုမျိုးလေး တွေပေါ့ မင်းတို့ဆိုင်အကြာကြီးမထိုင်ရဘူးဆိုတဲ့ အမိန့်တွေထုတ်မဲ့အစား ဆိုင်တွေနဲ့ကျောင်းတွေဆွေးနွေး တိုင်ပင်ပြီးစနစ်တကျပြင်ဆင်သင့်တယ် ။ ကျောင်းသားတော်တော်များများဟာ ညီးကျတယ် လက်တွေ့ မလုပ်ရ ဘူးဆိုပြီး တော့ ဒါကို အစိုးရက ကျောင်းတိုင်းအတွက်လုပ်နိုင်ချင်မှလုပ်နိုင်မဲ့ ဒီအတွက် အပြင် စက် မူ့လုပ်ငန်းတွေနဲ့ စနစ်တကျ ကျောင်းသားတွေလေ့လာနိုင်အောင်လုပ်ပေးရမယ် ဒါမှသာ ကျောင်းသားအား လုံးလည်းအဆင်ပြေမယ် အစိုးရ ဘက်ဂျက်ပိုင်းဆိုင်ရာလည်းအဆင်ပြေမယ်။ ဒီနေရာမှာပြောချင်တာက ကျောင်း သားတွေဒီလိုလက်တွေ့သွားတဲ့အချိန်မှာကျောင်းသားတွေကိုအမှားသရုပ်မပြမိအောင်တော့ နိုင်ငံ တော်စက်မူ့လက်မူ့လက်ငန်းတွေက အလေးထားရမယ် ကျောင်းသားတွေရှေ့မှာ ဥပမာ လိုတပေ ပိုတပေ standard နဲ့လုပ်ပြနေရင်တော့ ကျောင်းသားတွေလည်းအတွေ့အကြုံမှားတွေဖြစ်လာမယ်။ ဒါတွေက စက်မူ့ ဝန်ကြီထာနနဲ့ ပညာရေးနဲ့ပေါင်းလုပ်ရမယ် နောက်တခုက ကျောင်းသားတွေကိုပျော်ပွဲရွင်ပွဲတွေလုပ်ပေးရ မယ် ကျောင်းသားတွေကျောင်းနေပျော်လာရမယ်။ ကျောင်းသားတွေဆီက ပိုက်ဆံကောက်တယ်ဆိုရင် အဲဒီ ကျောင်းသားတွေကိုပဲဦးဆောင် ခေါင်းပြီး လုပ်ရမယ် ဒါမှ ကျောင်းသားတွေဟာ အရာရာကိုဦးဆော်ငတတ်တဲ့ စိတ် လုပ်တတ်ကိုင်တတ်တဲ့ စိတ်မျိုးဝင်လာမယ် ဒါတွေကအပိုအလုပ်တွေမဟုတ်ဘူးတကယ်လုပ်ရမယ် ။ဒါ့ အပြင် အရေးကြီးဆုံးတချက်က ကျောင်းသားတွေစာအုပ်မရှိတဲ့ ကိစ္စ။ ဒါကအရေးကြီးပါတယ် တကယ်ကို ကျောင်း တိုင်းကအလေးထားရမယ် ကျောင်းသားတွေအတွက်စာအုပ်တွေကို စာကြည့်တိုက်ကို စနစ်တကျ လုပ်နိုင်ရမယ် ကြားဖူးတာလေးရှိတယ် စာကြည့်တိုက်ကောင်းကောင်းမရှိတဲ့ ကျောင်းဟာ ဘယ်တော့မှ ကျောင်းကောင်းတခုမဟုတ်ဘူးတဲ့ ဒါ့ကြောင့် စာကြည့်တိုက် ကိုအလေးထားဆောင်ရွက်နိုင်ရမယ် ဒီစာအုပ် ဖိုးတွေအတွက် ဘယ်အစိုးရမှ တာဝန်မယူနိုင်ဘူးဆိုတာလက်ခံပါတယ် ဒါပေမဲ့ ဖြစ်အောင်လုပ်ရမယ် ဘယ်လိုလုပ်မလဲ  အစိုးရက ကျောင်းတိုင်းကို တော့ standard text book လုပ်ပေးရမယ် ဆိုင်ရာဆိုင်ရာ အလိုက်ပေါ့ ဒါကိုမှ သက်ဆိုင်ရာကျောင်းတွေက ဒီမူရင်းတွေကို အော့ဆက်ပွားပြီးတော့ဖြစ်ဖြစ် စာကြည့် တိုက်လုပ်ရမယ် ကျောင်းသားတွေအတွက်လုံလုံလောက်လောက်ဖြစ်အောင် ဒီနေရာမှာ ဒါတွေလုပ်ဖို့ ပိုက်ဆံ လိုလာမှာပါပဲ ဒါကိုမြို့တာဝန်ရှိသူတွေ နဲ့ပူးပေါင်းရမယ် ကျောင်းတာဝန်ရှိသူတွေနဲ့ပေါ့ စနစ်တကျ လုပ်ငန်း ရှင်တွေ အလူရှင်တွေရှိမှာပဲ ဒါတွေကို မြို့ရွာစာကြည့်တိုက်အတွက်  အလူခံခြင်းဖြင့်ဖြစ်စေ ဒီစာကြည့် တိုက် အတွက်လို ငွေကိုရှာရမယ် ဒီနေရာမှာအရေးကြီးဆုံးက ဒီအလှူဟာ ပညာအလှူဖြစ်တယ် ဒါကို စနစ်တကျ စရင်း ရှိရမယ် ဒီကော်မတီမှာ ကျောင်းသားတွေလည်းပါရမယ် မျြို့ရွာကလူငယ်တွေပါရမယ် မျြို့မှာ ယုံကြည်ရ တဲ့သူတွေပါရမယ် စုပြီးစနစ်တကျပေါ့ စရင်းနဲ့လုပ်ရမယ် အားလုံးငွေလှူစရာမလိုဘူး ဥပမာ အုတ်တတ်နိုင် ရင် အုတ် သဲဆိုရင်သဲ လုပ်အားဆိုလုပ်အားပေါ့ ဒီလိုမျိုးနဲ့ အားလုးစနစ်တကျ plan ချတွက်ချက်ပြီးလုပ်ရမယ် စာလုပ်လိုအပ်မူ့အင်အားများတော့ ဒါနဲ့ပဲအဆင်ပြေမှပြေမှာပါဒါတွေကိုလိုနေသေးတာတွေကို အစိုးရ က ကျောင်းတွေကိုမှပြီးဘက်ဂျက်ချပေးရမယ် နောက်ဆုံးလိုငွေကိုမှ ကျောင်းသားတွေကို ကျခံစေရမယ် ဒါမှ ဘယ် သူမှ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး အစိုးရ လည်းမဖြစ် ဘူး ကျောင်းသားလည်းမဖြစ်ဘူး မြို့နေပြည်သူတွေလည်းမဖြစ်ဘူး ဒီတော့ တော်တော်လေးအားရစရာကောင်းတဲ့ စာကြည့်တိုက် ပြည့်စုံ တဲ့ စာကြည့်တိုက်တခု ကိုယ့်အားကိုယ်ကိုးပေါလာမှာပါ။ ဒါကိုလည်းစနစ်တကျထိန်းသိမ်းရမယ် ကျောင်း သား တွေ ဟာ စာအုပ်တွေ ငှားသုံးနိုင်မယ် စာသင်နှစ်တနှစ်ပြီးတိုင်းပြန်အပ်ရမယ် ဒါတွေကိုသာအစဉ်အဆက် ထိန်းသိမ်းလုပ်သွားရင်ကျောင်းတွေမှာ စာအုပ်အကုန်မရှိဘူးဆိုတာပျောက်ကွယ်သွားမှာပါ။ အားလုံးတညီတ ညွတ်တည်းဖြစ်ဖို့တော့လိုတာပေါ့။ ဒါမှသာ ကျောင်းသားလည်းစာသင်ရတာပျော်လာမယ်စာအုပ်ရှိမှ။ ဒါ့အပြင် တက္ကသိုလ်ဆရာဆရာမတွေကို လုပ်ပိုင်ခွင့်အပြည့်ပေးနိုင်အောင်ကြိုးစားရမယ် ကျောင်းသားတယောက်ကို အအောင်လည်းပေးနိုင်ရမယ် ချလို့လည်းရရမယ် သူတို့ရဲ့အတန်းတက်မူ့ စာ အား ထုတ်မူ့ စာမေးပွဲရလဒ်စသည်ဖြင့်ကြည့်ပြီးဆရာ ကစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ပြုရမယ်။ ဒါမှသာ ဆရာကို ကျောင်းသားအလေးထားလာမှာဖြစ်တယ် ဒါပေမဲ့ လေတ်ပေးလတ်ယူတော့ မဖြစ်အောင် ကာကွယ် နိုင်ရမယ်.။ သို့မလည်း ကောင်းမွန်တဲ့ပညာရေးစနစ်တခုဖြစ်လာမယ်။ တခြားလိုအပ်ချက်တွေကိုလည်း တဖြေး ဖြေး ပြင်ဆင်သွားရမယ်။တက္ကသိုလ်ပညာရေးဟာ နိုင်ငံရဲ့အနာဂါတ်အောင်မြင်မူ့ ကျဆုံးမူ့ ဟာမူ တည်နေတဲ့အတွက်အလေးထားသင့်ပါတယ်။
တက္ကသိုလ် ပြီးပညာရေး
  ကျောင်းသားတော်တော်များများဟာ ဘွဲ့ရပြီးတဲ့အချိန်မှာ နောက်ဆက်တွဲ master and phd အတွက် စိတ်ဝင်စားမူ့လျော့နည်းလာတယ်။ လက်တွေ့လုပ်ငန်းခွင်ကိုပဲဦးတည်နေတယ်။ ဒါတွေဟာလည်း လိုအပ် ချက်တွေပါ။ သူတို့အမြင်မှာ ဒီနောက်ကျောင်းဆက်တက်ရင်ဘာမှဖြစ်လာမှမဟုတ်ဘူး ဆိုပြီးသဘောထား  တယ် ကျောင်းတွေမှာဆရာပဲဖြစ်မယ်လို့သတ်မှတ်ထားတယ်ဒါတွေက ကောင်းတဲ့ အချက်တွေမဟုတ်ပါဘူး နိုင်ငံတော်က သူတို့တွေကို လမ်းမှန်မြင်အောင်လမ်းပြနိုငိရမယ် (ဥပမာ master , phd )ပြီးတဲ့ သူတွေကို တန်ဖိုးထားကြောင်းအခွင့်အရေးပေးကြောင်းဘယ်လိုနေရာတွေမှာ အသုံးပြုမဲ့အကြောင်းတွေကို မြင်သာ အောင်ပြရမယ် အဲလိုမှမဟုတ်ဘူးဆိုရင်နောက်ဆိုရင် မာစတာတက်မဲ့သူတွေပျောက်သွားမယ် ။ အစိုးရ ကလုပ် နေပေမဲ့မြင်သာအောင်လုပ်ပေးရမယ် လက်တွေ့မှာ ဒါမှသာ အားလုံးက ကြိုးစားချင်စိတ်ပေါလာမယ် ခုလို မာစတာတို့ phd တို့ဟာ research ကိုဦးတည်ပါတယ် ဒါဟာနိုင်ငံတနိုင်ငံရဲ့တိုးတက်မူ့ကိုအထောက် အကူပြုပါတယ် အရေးပါပါတယ် research ကိုဦးတည်တဲ့ပညာရေးမရှိတဲ့နိုင်ငံဟာ အမြဲတမ်းနည်းပညာဝယ် နေရမှာပါ ဒါ့ကြောင့် စာရွက်ပေါမှာ ဦးတည်လို့မရဘူးလက်တွေ့မှာဦးတည်ရမယ် ဒီအတွက်လညး နိုင်ငံ တော် ကငွေကြေးအကုန်အကျ သီးသန့်ထားရမယ် ဒါမှရေရှည်မှာအောင်မြင်မှာပါ။။ ကျောင်းပြီးခါစသူတွေဟာ အလုပ်ထဲကိုပဲအားသန်ကုန်တယ် ဒီအချိန်မှာ နိုင်ငံဟာတဖြေးဖြေး ချည့်နဲ့လာမှာပါ လုပ်အားတွေများလာ မယ်နည်းပညာတွေ မရှိဖြစ်နေမယ်ဒါ့ကြောင့်ဒီအချက်ကိုအလေးအနက်ထားဖြေရှင်းရမယ်။ နောက်တခုဟာ ဘွဲ့ရပညာတတ်တွေရဲ့ခံစားခွင့်ကို စနစ်တကျထုတ်ပြန်ရမယ် လုပ်ငန်းရှင်တွေပါးစပ်ထဲက လစာနဲ့လုပ်လို့ မရဘူးဒါဟာအရေးကြီးတယ် အင်ဂျင်နီယာတယောက်ရဲ့အနိမ့်ဆုံးလစာဘယ်လောက် ဆရာဝန်တယောက် ဘယ်လောက်စတဲ့ စံနှုန်းထားရမယ် ပြီးတဲ့ ပညာတတ်ဘွဲ့ရတယောက်ကိုစော်ကားတဲ့ အပြုအမူအတွက် ဥပဒေရှိရမယ် ဒါမှ ကျောင်းပြီးခါစတွေဟာ မိမိဘွဲ့ကိုတန်ဖိုးထားတတ်လာမယ် ဒါမှလည်းပညာကိုတန်ဖိုးထား လာမယ် အလုပ်တွေထဲမှာ ဘွဲ့ရတွေရဲ့ခံစားခွင့်တွေကိုလည်းတရားဝင်သတ်မှတ်ထားရမယ် ဒါမှ လုပ်ငန်းရှင် တွေရဲ့ပိုက်ဆံရှိရင်ရှီသလို ဆက်ဆံမူ့မျိုးတွေကိုကာကွယ်ပေးနိုင်ရမယ်။ဒါ့အပြင် တက္ကသိုလ်တွေမှာ ကျောင်း ပြီးခါနီး ဘွဲယူစာတမ်းလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ် အပြင်လုပ်ငန်းရှင်တွေဟာကျောင်းတွေနဲ့ပူးပေါင်းပြီး ထူးချွန် တဲ့သူတွေကို စာချုပ်ချုပ်ခေါအလုပ်တန်းခန့်တဲ့စနစ်မျိုးထားရှိရမယ် ဒါမှ ကျောင်းသားတွေ ကြိုးစားချင်စိတ် ဖြစ် လာမယ်။ ဒါ့အပြင် အလုပ်ခေါတဲ့အချိန်မှာ အဆင်ပြေသလိုခေါတာမျိုးထက် နိုင်ငံမှာ အလုပ်ရှာဖွေရေး အေဂျင်စီလိုမျိုးနဲ့ အင်တာနက်ပေါမှာလည်းခေါတာမျိုးစနစ်တကျလုပ်ရမယ် အလုပ်ခန့်ပြီဆိုရင်လည်းအလုပ် သမားဝန်ကြီးရုံးမှာ မှတ်တမ်းလုပ်တဲ့စနစ်ပါရှိရမယ် ဒါမှ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ် အဆင်ပြေရင် ပြေသလို ခန့်ချင်ခန့်တယ် ထုတ်ချင်ထုတ်တယ် မရပါဘူး စနစ်တကျရှိရမယ် ဒါမှ ပညာတတ်တွေအတွက် ကောင်းမွန်တဲ့အနေအထားတခုဖြစ်လာမယ် ဒါမှလည်းကိုယ်ရတဲ့ဘွဲ့ကိုတန်ဖိုးထားတတ်လာမယ်။မြန်မာ နိုင်ငံမှာ certificate ပေးတဲ့နေရာတွေလည်းပေါပါတယ် ဒီနေရာတွေကလည်းစနစ်တကျလေ့ကျင့်ပြီးမှ ပေးရ မယ် သူတို့သင်တန်းဆင်းကိုသူတို့အာမခံနိုင်ရမယ် လုပ်ငန်းရှင်တွေကလည်းဒီ လက်မှတ်ကို တန်ဖိုးထားရ မယ်ဒါမှ ဘွဲ့ရလေးတွေလည်းအဆင်ပြေမယ်အားလုံးလည်းအဆင်ပြေမှာဖြစ်ပါတယ်။ အားလုံးက အစိုးရ ရော ပြည်သူရော နှစ်ခုပေါင်းပြီးပြင်ရမှာပါ ။


နိဂုံး
နောက်ဆုံးပြောာချင်တာဟာ ဒီလိုအခက်အခဲတွေ အမှားတွေကို ပြည်သူရော အစိုးရရော လူငယ်တွေရော အား လုံးက ဝိုင်းဝန်းအကောင်အထည်ဖော်မှ အောင်မြင်မှာပါ တဦးတယောက်ရဲ့စွမ်းအားနဲ့တော့ မဖြစ်နိုင်ပါဘူး။ တကယ်တမ်းသာမြန်မာနိုင်ငံတိုးတက်စေချင်တယ် ပညာရေးစနစ်ကောင်းမွန်ချင်တယ်ဆိုရင် တော့ အားလုံး က တသားတည်းဖြစအောင်ကြိုးစားမှ အောင်မြင်မှာပါ။ ခုလို အတန်း တိုင်းအလိုက် ကျွန်တော့်ရဲ့ထင်မြင်ယူ ဆချက်တွေမှာအားနည်းချက်တွေရှိနိုင်ပါတယ်။ ပြောသလောက်မလွယ်တဲ့ အချက်တွေလည်းအများကြီးပါ ဒါ့ ကြောင့်အားလုံးအနေနဲ့ သုတ အနေနဲ့ပဲဖြစ်ဖြစ် ရသအနေနဲ့ပဲဖြစ်ဖြစ် တခုခုရသွားရင်ပဲကျေနပ်ပါတယ် .။ကျွန်တော့်အမြင်တွေမှာမှားယွင်းတာတွေရှိနေခဲ့ရင် နားလည်ပေးကြပါ ။ စေတနာအမှားလည်းဖြစ်ပါတယ်။
တိုးတက်စေချင်ပါသည်မြန်မာပြည်။

ပြည့်ဖြိုး
>>>ဆက်ဖတ်ရန်>>> >>

လူငယ်နှင့် နိုင်ငံရေး အတွေး


Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgBLzGKjfvInO3qlg5_7StUIFYszVShaHmOJ3fY-HaHcEpfldUNXOCLFTq2zDiViERe2wQCnwRAJn78Izz9x1lD2dSfP04QlDlDw3iGiCaIDU8h6gPdU-ZCYR0J3o6dnUt_sU6ADzhbHg/s400/ZayarThaw.jpg


ရန်ကုန်မှာနေတယ်။ အသက်က ၂၁ နှစ်။ အလုပ်အကိုင်က အွန်လိုင်းနှင့် ဆက်စပ်မီဒီယာ လစာက မိသားစု ချောင်ချောင်လည်လည်ရှိ။ ငယ်ပေမယ့် ကြိုးစားလို့ တစ်မိသားစုလုံး ဝန်ကိုထမ်းနိုင်ပြီး ကိုယ်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိသူ။

ငယ်သေးတော့ ပညာဆက်သင်ဖို့ ကြိုးစားရင်း လျှောက်ရမယ့် လမ်းကြောင်းမှန်ကိုတွေ့၊ အားလုံး ကလည်း အဆင်ပြေနေတော့ ဘဝဆိုတာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ တစ်ချိန်ကျ သာယာကို သာယာမှာပါ။

ဈေးသက်သာဖုန်းတွေ ချပေးတော့မယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျောင်း တက်နေတဲ့ ညီမလေးတွေကို ဒီလကုန်လစာထုတ်ရင် ဝယ်ပေးရ မယ်လေ။ တောင်ကြီးကျောင်းတက်နေတဲ့ ညီမငယ်ကလည်း ဆိုင်ကယ်တောင်းနေပြီ။ အားလုံးစီးနေချိန်မှာ သူကတော့ လိုင်းကားစီးတယ် ဆိုတော့ တောင်ကြီးလို နယ်မြို့ မှာ ဆိုင်ကယ်ကတော့ လိုအပ်မှာပဲ။ သူ့အတွက် ပထမဦးစားပေးခေါင်းထဲမှာမှတ်လိုက်တယ်။ နောက် ၂ လလောက်ဆိုရင် ဝယ်ပေးနိုင်မှာပါ။

ရန်ကုန်မှာလည်း များလိုက်တဲ့ အလုပ်တွေ။ မအားတဲ့ကြားထဲ တိုင်းပြည်နဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခေါင်းစဉ်နဲ့ ပရဟိတလိုလို ပညာပြန်လည် မျှဝေပေးမယ့် အဖွဲ့ကို သူငယ်ချင်းတွေနဲ့ စုပေါင်း ပြီးတော့ ထောင်ဖြစ် လိုက်သေး။

ဒါလည်းအဆင်ပြေနေတာပဲ။ တားဆီးမယ့်သူ မရှိဘူး။ ပိတ်ပင်မယ့်သူ မရှိဘူး။ လိုအပ်မယ်ထင်တဲ့ အစစအရာရာကို ကူညီမယ့် အဖွဲ့အစည်းတွေ တောင် အများကြီးရှိနေပါသေးတယ်။ ဒီတော့ အားလုံးကိုတောင် ကျေးဇူးတင်မိလိုက်သေးတယ်။

ရန်ကုန်မြို့ ကြီးရော၊ သမ္မတကြီးကိုရော၊ စီးပွားရေး လုပ်ငန်းရှင်တွေကော၊ ဒီလိုအခြေအနေရောက်လာ အောင် ကူညီပေးတဲ့ အဖွဲ့အစည်းတွေကိုရော၊ ဆိုင်ရာဆိုင်ရာတွေကိုရောပေါ့။ ရန်ကုန်မြို့ ကြီးမှာ ကြိုးစားနိုင်ရင် ကြိုးစားနိုင် သလောက် ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်လာတော့ ကျေးဇူးတင်လို့ကို မဆုံးတော့ပါဘူး။ ကိုယ့်အပေါင်းအသင်းတွေမှာလည်း အဆင်မပြေ ရင်တောင် ခက်ခက်ခဲခဲနဲ့ လုပ်ကိုင်စားသောက်နေရသူတွေ သိပ်မရှိတော့ ဒီအခြေအနေဟာ အရမ်းကောင်းနေပြီလို့ ထင်တောင် ထင်မိလိုက်သေး။

ဟိုနေ့က အင်တာနက်က ရှာဖွေရင်း ကချင်စစ်သတင်းတွေ ဝင်ဖတ်မိ တယ်လေ။ ကြားတာကြာပေမယ့် ကိုယ်လည်းမအားတော့ ကိုယ့်အရေး မဟုတ်သလို ခေါင်းထဲတောင် ထည့်မထားမိခဲ့ဘူး။ ခုတော့ မြင်လိုက်ရတဲ့ ဓာတ်ပုံတွေက စိတ်မချမ်းသာစရာ။ ကိုယ်ချင်းစာတယ် ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားဖူးမှ အများကြီး ခံစားပေးလို့ ရတာလေ။ ဟာ.... သနားစရာကောင်းလိုက်တာလို့ စိတ်ထဲမှာ ရေရွှတ်လိုက် ပေမယ့် အတွင်းကျကျ စာနာနားလည်ပေးနိုင်စိတ် ပေါ်ဖို့ကျတော့ ကိုယ်တိုင် မဟုတ်တော့ ပြောရလည်းအခက်သား။

ဒီလိုနဲ့ နယ်တွေဖက် ခရီးရောက်ဖြစ်သေးတယ်။ အလုပ်ကိစ္စခေါင်းစဉ်နဲ့ပေါ့။

များလိုက်တာ၊များလိုက်တာ

များလိုက်တဲ့ အလုပ်လက်မဲ့ လူငယ်လေးတွေ။ ကိုယ့်ငယ်ပေါင်း မိတ်ဆွေတွေတောင် "သယ်ရင်း မင်းကတော့ ရန်ကုန်မှာ ရေရေလည် လည်မိုက်နေတယ်ကွာ၊ အဆင်ပြေရင် င့ါကို အလုပ်လေး တစ်နေရာလောက် ရှာပေးပါအုံး" လို့ စသလိုလိုနဲ့ အတည်ပြောကြတယ်။ အချို့ က ဘွဲ့ရပညာ တတ်၊ အချို့ က ၁၀ တန်းအောင်၊ အချို့ က ၇ တန်းကျ ကျောင်းမတက်၊ အချို့ ကျတော့လည်း ပိုက်ဆံရပြီးရောကွာနဲ့ တွေ့ကရာ အလုပ်လုပ်သူက ရှိသေးတယ်။

အရမ်းခင်လို့ သွားရှာတွေ့မယ့် သူငယ်ချင်းက အချုပ်ထဲရောက်နေ တယ်လေ။ သူက ဆေးခြောက်တွေ ဖြန့်တာကို။ ကိုယ်တိုင်က လည်း ဆေးဆွဲနေတော့ ထောင်လဲကျမယ်။ ဆေးလည်းဖြတ်ရမယ်။ အခြေအနေမကောင်းရင် ဒီထက်တောင် ဆိုးနိုင်သေးသပ။

အချို့ ကျတော့ ရန်ကုန်မြို့ ကြီးရောက်ချင်လွန်းလို့ ဘာအလုပ်ပဲ လုပ်ရလုပ်ရ ဆိုပြီး စားသောက်ဆိုင်ရောက်သူကရောက်၊ ပွဲရုံမှာ ကုန်ထမ်းဖြစ်သူက ဖြစ်၊ ပညာတတ်ပြီး ငွေရှိတဲ့ သူအချို့ ကတော့ အဆင်ပြေသွားတာပေါ့။

ဟာ....။ ရှုပ်လိုက်တာ။ ဒါတောင် အိုးအိမ်မရှိလို့ ထွက်ပြေးနေတဲ့ ကချင်က ဒုက္ခသည်တွေအကြောင်းကို ခေါင်းထဲ ထည့်မထားဘူး။ အေးချမ်းတဲ့ မြို့ ကြီးက လူတွေတောင် အလုပ်ရှားရ၊ ဝင်ငွေနည်းရ၊ ပျက်ဆီးရနဲ့ စစ်ခဏခဏ ဖြစ်၊ သတ်ပွဲတွေ ခဏခဏဖြစ်နေတဲ့ ဒေသမှာ ကြီးပြင်းတဲ့ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး၊ လူအို တို့ဆိုရင် ဘယ်လိုနေမလဲ။

တို့တွေက ရန်ကုန်မှာ ဈေးသက်သာဖုန်း ထွက်မယ်ဆိုလို့ ပျော်နေ တာ၊ ချောင်ချောင်လည်လည်ရှိလို့ ပျော်နေတာ၊ နယ်တွေဘက်မှာ၊ တောတွေထက်မှာ အပျက်ပျက်နဲ့ နှားခေါင်းသွေး ထွက်နေတဲ့ ကိစ္စတွေကို ခေါင်းထဲ မထည့်မိခဲ့ဘူး။ ငါ ကွန်ပြူတာရှေ့ မှာ စာတွေရိုက်၊ Facebook သုံးနေပေမယ့် မြန်မာပြည်တွင်းက င့ါလို ရွယ်တူ လူငယ် တစ်ယောက်အနေနဲ့ ဘာတွေလုပ်နေမလဲ။

မိသားစုနဲ့ စင်္ကာပူကို အလည်ခရီးပဲ သွားနေမလား၊ ဈေးကြီးပေး ပညာသင်ကြား ကျောင်းတွေပဲ စာတွေပဲလုပ်နေ မလား၊ နိုင်ငံခြားကျောင်း မှာပဲ စာတွေနဲ့ အလုပ်များနေမလား၊ ချစ်သူနဲ့ပဲ အချိန်ဖြုန်းနေကြ မလား၊ ဘော်ဒါတွေနဲ့ ဒိုးနေကြမလား၊ သီချင်း သစ် အတွက် စတူဒီယိုမှာ သီချင်းသွင်းနေကြမလား၊ မော်ဒယ်ပြိုင်ပွဲ တစ်ခုအတွက် ပြင်ဆင်နေမလား။

တစ်ဖက်ကလည်း

ဝေါ့ရှော့က ဆီးချေးတွေကြားပဲအလုပ်လုပ်နေမှာလား၊ ငွေရဖို့ တစ်ခုတည်းနဲ့  ဆေးခြောက်ပဲ ကုန်သွယ်နေမလား၊ ပွဲရုံမှာ ကုန်ထမ်းနေမလား၊ စစ်ဘေး ကြောင့် ဒူးနှစ်လုံးကြား ခေါင်းညှပ်လို့ ထမင်းပဲ စားနေမလား၊ သေ နတ် အထောက်ခံထားရလို့ ငိုနေမလား၊ မိသားစု အိမ်အသိမ်းခံရလို့ တစ်နယ်တခြား ခြေဦးတည့်ရာ သွားနေပြီလား၊ လယ်ကွင်းမှာ အလုပ်တွေများနေမလား၊ နေပူဒဏ် တော်တော် ခံနေရပြီလား။

အဲယာကွန်းခန်းမှာ ထိုင်ပြီး စာရေးနေတဲ့ ကျနော်တို့ကတော့ လက်တွေ့ကျကျ ကြုံတွေ့နေရ  သူအကြောင်းကို ဘယ်လောက်ကြီး သိအုံးမလဲလေ။

အရောင်လှတဲ့ မြင်း ၁၀ ကောင်ကို အစားကောင်းကျွေးတော့ သခင့် ကို ကျေးဇူးတင်နေမှာပဲ။ အရောင်မလှလို့ ကွင်းထဲမှာ ခြံစည်းခပ်ပြီး လွတ်ထားတဲ့ မြင်းက အကောင် ၁၀၀၀ မကလေ။ ၁၀ ကောင်ထဲမှာ ပါတဲ့ ကျနော်ကတော့ သခင့်ကို ရှယ်တွေ ကျေးဇူးတင်ပစ်လိုက် တာ။ ကောင်း လိုက် တဲ့ င့ါသခင်၊ အစားကောင်းတွေ ရှယ်ကျွေး သဟတွေ ပျော်မဆုံးဖြစ်ခဲ့ပေါ့။

ကျနော်သာ ကွင်းထဲမှာ အလွတ်ခံထားရတဲ့ မြင်းထဲက တစ်ကောင် ဖြစ်ခဲ့ရင် ဒီ ၁၀ ကောင်ကို ဘယ်လိုမြင်တော့မလဲ။

ခုတောင် ကိုယ်က ညီမအတွက် ဆိုင်ကယ်ဝယ်ပေးမယ်။ ဖုန်းဝယ်ပေးမယ်။ ရန်ကုန်မှာ လပေးစနစ်နဲ့ တိုက်ခန်းဝယ်မယ် အစရှိတဲ့ မျော်လင့်ချက် အိပ်မက် တွေကို လက်တွေ့အကောင်အထည်ဖော်ရင်း ပျော်ရွှင်နေတာ။

အလုပ်လက်မဲ့ဖြစ်ပြီး မိသားစု ဆင်းရဲရတဲ့ သူတွေက ဘာတွေတွေးနေမလဲ။ စစ်ကြောင့်မို့ ထမင်းငတ်လုနီးနီးထွက်ပြေးနေတဲ့ လူတွေကျတော့ ဘာတွေ လုပ်နေမလဲ။ ထမင်းတစ်နှပ်အတွက် အလုပ်တွေ တစ်ပိတစ်ပိုးလုပ်နေရတဲ့ သူတွေကျတော ဘယ်လိုရှေ့ ဆက်မလဲ။ သေမလားမသိ၊ ရှင်မလား မသိ အသက်ကို ဓားသွားပေါ် တင်ပြီး လျှောက်ရတဲ့ သူတွေကတော့ ကျနော်တို့ သုံးတဲ့ Facebook ဆိုတာ သူ့အတွက် ချိုမြိန်ချင်မှ ချိုမြိန်မှာလေ။

ကဲ စဉ်းစားရင်း အတွေးတွေ အတော်လေးများသွားပြီ။ ကိုယ်ချင်းစာ ကြစို့ဗျာ။ ကျနော်တို့ အဆင်ပြေနေပေမယ့် အဆင်မပြေတဲ့ သူတွေ အများကြီး၊ ဆင်းရဲနေသူ အများကြီး၊ ရုန်းကန်နေရသူတွေ အများကြီး၊ တိုင်းပြည် တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကျနော်တို့ တိုးတက်နေရုံနဲ့ မရဘူးလေ။


ကျနော်တို့ တတ်သလို၊ ကျနော်တို့ ရသလို၊ ဖြစ်သလို၊ ရှိသလို ကို အားလုံး သာ ရလိုက်ရင် ငါတို့ တိုင်းပြည် ဘယ်လောက်တောင် တိုးတက်မလဲ။ ငါက နိုင်ငံခြားမှာ ကျောင်းတက်တယ်။ ကျောင်းမတက်ရတဲ့ တို့နိုင်ငံက လူငယ်တွေကို ဘာပြန်လုပ်ပေးသင့်လဲ။ ဆင်းရဲတဲ့ သူတွေကို ဘာလုပ်ပေးသင့်လဲ။

ခုက ဒန်အိုးကြီးလိုပဲ။ ချိုင့်နေတဲ့ နေရာက မီးနဲ့ နီးတော့ သူက ပိုပူမယ်။ ကြက်ဥကြော်ရင် အလယ်က ပိုကျက်လွယ်ပြီး ဘေးအသားက နည်းနည်း နုနေသေးတယ်။ သရက်သီးလိုပဲလေ၊ တစ်နေရာထဲမှာ ကွက်နုပြီး အခြားအပိုင်းတွေစိမ်းနေရင် စားလို့ ကောင်းပါ့မလား။ ကိုယ်တစ်ယောက်တည်း အဆင်ပြေပြီး အားလုံးခက်ခဲတဲ့ အခြေအနေ မှာ ဒီအသိုက်အဝန်းကရော လှပပါ့မလား။

ဒီလိုပါပဲ ကျနော်တို့ လူနည်းစုလေးက အဆင်ပြေ၊ချောင်ချိတယ်လို့ မဟုတ်တောင် အဲ့လိုဖြစ်ဖို့ အခွင့်အလမ်းတွေ လွယ်ကူနေပေမယ့် မလွယ်ကူပဲ ကြိုးစားရုန်းကန်နေရတဲ့ လူတွေ အများကြီးမှ အများကြီးရယ်။ ကိုယ်ကသာ င့ါမိသားစု အဆင်ပြေရင် ပြီးရောလေဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားပစ်လိုက်တာ တစ်နေ့တော့ သူဌေးဖြစ်ပါလေရော။ ဖြစ်မှာပေါ့ ဒါသူကြိုးစားတာပဲ။ ဒါသူတော်တာပဲ။ ကံကလည်းလိုက်တာပဲ။ အင်း. လက်ခံတယ်။

တော်လည်းမတော်၊ ကံလည်းမလိုက်၊ ဥာဏ်မလည်းမလိုက်၊ ဆင်းရဲတဲ့ သူတွေအတွက် အနာဂတ်ကဘာလဲ။ ကံမလိုက်ဘူး။ ဆင်းရဲတယ်။ သို့ပေမယ့် ဥာဏ်ကောင်းသပ သူတို့လို ရွှံ့  ထဲက ပတ္တမြားလုံးကိုရော ဘယ်လို ဆယ်ထုတ်ပေးမလဲ။

ကျနော်ကတော့ ၁၀ ကောင်စာရင်းထဲမှာပါနေလို့ သခင်ကိုကျေးဇူးတင်ပေ မယ့် အတင်မလွန်ချင်သေးဘူး။ ကွင်းပြင်က အကြောင်းအမျိုးမျိုးကြောင့် တောက်ပလျက်၊ သန်မာလျက်၊ အရောင်လှလျက်နဲ့ ပျောက်ကွယ်နေတဲ့ မြင်းကောင်းတွေ အများကြီးပဲ။ တိုင်းပြည် တစ်ခုတိုးတက်ဖို့ဆိုတာ ကိုယ်တစ်ယောက်တည်း တော်နေလို့ လုံးဝ မရဘူး။ ဟီးရိုးတွေကို အားကျတယ်ဆိုတာ ရုပ်ရှင်တွေထဲမှာပဲ ကောင်းတယ်။ အပြင်မှာ အားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အားလုံး ဖွံ့ဖြိုးတိုးတက်နေမှ။ ကိုယ်မှာ ရှိတဲ့ အတွင်းအားတွေကို နောက်ကျောခုံးမှာ ရိုက်ပြီးပေးတဲ့ သိုင်းကားတွေလို တကယ်ရရင်လည်း မဆိုးဘူး။ ဒါဆို အားလုံးမျှဝေလို့ရတယ်လေ။

ကဲ။ မျှဝေကြစို့ဗျာ။ မျှဝေကြစို့။ ကိုယ်တတ်သမျှ တစ်လုံးမကျန် ပြန်လည် မျှဝေကြမယ်လေ။ ရှိတာတွေ၊ ပိုင်တာတွေ နိုင်သလောက်မျှဝေကြမယ်လေ။ တစ်ချိန်မှာ အားလုံးဟာ နိုင်ငံ အတွက် အားကိုးအားထားရသူ များ ဖြစ်ကိုဖြစ်ရမှာပါ။
From:(International news for myanmar) မှ ကူးယူဖော်ပြပါသည်။

>>>ဆက်ဖတ်ရန်>>> >>

လူငယ်နှင့် ယုံကြည်မှု



19.1.2015 
05 Jul 2012  |
By Pyi Myanmar
Description: လူငယ်နှင့် ယုံကြည်မှုယုံကြည်မှု ဆိုတာ လူတစ်ယောက် ဘဝ မှာ အရေးကြီးဆုံး အရာဖြစ်တယ်။ ယုံကြည်မှု ၂ရပ်ရှိတယ်။(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု(၂) ကိုယ့်အလုပ် ကိုယ် ယုံကြည်မှု ဒီယုံကြည်မှု ၂ရပ်နဲ့ပြည့်စုံမှ လောက မှာ စိတ်ချမ်းသာ စွာ နေနိုင် လိမ့်မယ်။ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု လူပေါင်း များစွာ တို့ဟာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု အားနည်းနေကြတယ်။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ငါ လုပ်လို့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့ ချီတုံချတုံ ဖြစ်နေတတ်တယ်။ အဲဒီတော့ လုပ်တဲ့အ ခါမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ် ပြီးမလုပ်ဘဲ မဝံ့မရဲနဲ့(Half Hearted Efforts)လုပ်လေ့ရှိတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်း တဲ့အခါ တစ်ပါးသူကို အားကိုးအားထား ပြုချင်လာတယ်။ မှီခိုချင်လာတယ်။ အဲဒီ အကျိုးဆက်က တစ်ပါးသူရဲ့ခြယ်လှယ်မှုကို အနည်းနဲ့အများ ခံလာရခြင်းဖြစ် တယ်။ သူများခြယ်လှယ်တာ၊ သူများသြဝါဒပေး တာကိုခံရတယ်ဆိုကတည်းက ဘယ်နည်း နဲ့မှ စိတ်ချမ်းသာမှု အပြည့်အဝ မရ နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့အတွက် ကိုယ်နဲ့ “ရွယ်တူတန်းတူ” လူများနဲ့နှိုင်းယှဉ်ကြည့်ပါ။ ဘောလုံး ဝါသနာပါတဲ့သူက ဒီနေ့ရော်နယ်လ် ဒိုနဲ့ဒီနေ့ဒေးဗစ် ဘက်ခမ်းကို မကြည့်ပါနဲ့၊ ကိုယ့်အသက် အရွယ်လွန်ခဲ့တဲ့ ၅နှစ်က၊ လွန်ခဲ့တဲ့ ၁ဝနှစ်က ရော်နယ်လ်ဒိုနဲ့ ဘက် ခမ်းတို့နဲ့ နှိုင်းယှဉ်ကြည့်ပါ။ ကွန်ပျူတာ ဝါသနာပါတဲ့သူက ဘီလ်ဂိတ် ကိုကြည့်ပါ။ ကြည့်တဲ့အခါ မှာလည်း သူတို့ အောင်မြင်ကျော်ကြားတာ၊ သူတို့ချမ်းသာတာတွေကို ချည်း မကြည့်ပါနဲ့။ တစ်နေ့တစ်နေ့သူတို့ ဘယ်နှနာရီလောက် အလုပ်လုပ်ကြသလဲ ဆိုတာတွေကိုပါ ကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်း လာတာလွန်ကဲလာရင် စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်ရဲမကိုင်ရဲ၊ မလုပ်ချင် မကိုင်ချင် ဖြစ်လာလေ့ရှိတယ်။ အဲဒီက တစ်ဆင့် တက်လာတော့ စိတ်ပျက် လက်ပျက်ဖြစ်ပြီး လောကကြီးနဲ့ လူ့ဘဝကြီးကိုပါ အပြစ် မြင်လာတတ်ပါတယ်။ ယုံကြည်မှုအားနည်းခြင်းရဲ့ အကြောင်းအရင်းက တစ်ကြိမ် တစ်ခါက တစ်ခုခုမှာ ရှုံးနိမ့်ခဲ့ ဖူးခြင်းဖြစ်တယ်။ ရှုံး နိမ့်ခြင်းကို လက်တွေ့ကျကျ ကြည့်တတ်၊ သုံးသပ်တတ်ရင် စိတ်ပျက်စရာမရှိပါဘူး။ လောကမှာ မရှုံးဖူးတဲ့ သူ ဘယ်မှာ ရှိလို့လဲ။ မဟာအလက်ဇန္နားတို့၊ နပိုလီယံတို့လည်း ရှုံးဖူးကြတာပါပဲ။ ရှုံးတာဟာ ရှက်စရာ၊ ကြောက်စရာမဟုတ်ပါဘူး။ အရှုံးထဲက သင်ခန်းစာယူပြီး မှားတာတွေကို ပြင်ပြီး ဆက်လုပ်သူဟာ တစ်နေ့မှာ အောင်မြင် သူ ဖြစ်လာတာပါပဲ။ ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေရုံနဲ့ တင် မပြီးသေးဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်း ယုံကြည်မှုရှိဖို့လိုတယ်။ လူပေါင်းများစွာတို့ဟာ နေ့စဉ်နဲ့အမျှ မသေမချင်း အလုပ်တွေ လုပ်နေကြပေမယ့် လို့ သူတို့ဘာကြောင့် လုပ်နေတယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိကြဘူး။
ထမင်းစားဖို့ အလုပ်လုပ်ရတယ် ဆိုတဲ့ရည်ရွယ်ချက် ထက်ပိုပြီး ကြီးမားတဲ့ရည်ရွယ်ချက်မျိုး မရှိကြဘူး။ ရည်ရွယ်ချက်မရှိတဲ့သူဟာ သူ့ အလုပ်ပေါ်မှာ ဘယ်တော့မှ အလေးအနက် သဘောထားလေ့ မရှိဘူး။ ဒါ့အပြင် လူပေါင်းများစွာ တို့ဟာ သူတို့ လုပ်နေတဲ့ အလုပ်အပေါ်မှာ လူ့ လောကအတွက်လိုအပ်တဲ့အလုပ်၊ ကောင်း ကျိုးပြုတဲ့ အလုပ်လို့ ယုံကြည်မှုမရှိကြဘူး။ ယုံကြည်မှုမရှိတော့ တွယ်တာမှု လည်း မရှိဘူး။ တွယ်တာမှုမရှိတော့ ကောင်းသထက် ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးပေါ်မလာဘူး။ဒီတော့ဘယ်တော့ မှ အောင်မြင်မှုမရှိဘူး။ အောင်မြင်မှု မရှိ တော့ လုပ်ရတာ မပျော်ပိုက်တော့ဘူး။ အဲဒါကြောင့် လူ့လောကမှာ စိတ်ချမ်း သာပျော်ရွှင်စွာနေချင်ရင် ခိုင်မာပြတ် သားတဲ့ ယုံကြည်မှု မရှိမဖြစ်ကို လိုအပ်ကြောင်း လူငယ်တွေကိုပြောပြချင်ပါတယ်။
Pyi Myanmar
Description: Pyi Myanmar မှ ကူးယူဖော်ပြပါသည် ။
>>>ဆက်ဖတ်ရန်>>> >>