Monday, February 2, 2015

နိုင်ငံသားတိုင်း ဗိုလ်ချုပ်မွေးနေ့ အစဉ်မမေ့ဖို့ လိုပါသည်



နိုင်ငံသားတိုင်း ဗိုလ်ချုပ်မွေးနေ့  အစဉ်မမေ့ဖို့ လိုပါသည်
                                               မြို့မသိင်္ခ
                                                          2.2.2015

ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေထဲမှာ ကျွန်တော်တို့ နိုင်ငံ ဟာ နေ့ထူးနေ့ မြတ် ပေါင်း များစွာနဲ့ ဖြတ်သန်းနေတဲ့ နိုင်ငံ ပါ။ အဲဒီ နေ့ထူးနေ့မြတ်တွေ ကိုလည်း မြန်မာ လူမျိုးတိုင်း မမေ့မလျော့ သတိ တရ ရှိနေခဲ့ ကြတာပါ။ အဲဒီလို ရှိခဲ့ကြ လို့လည်း နှစ်စဉ်မပြတ် အမှတ်တရ ပွဲ တွေ၊ အခမ်းအနားတွေ စီရင် ကျင်းပလာ ခဲ့ကြတာပါ။ ဥပမာ လွတ် လပ်ရေးနေ့ ဆိုရင် ကျွန်တော် တို့ တိုင်းပြည်၊ တိုင်း တစ်ပါး ကျွန်ဘဝက လွတ်မြောက်ခဲ့တဲ့ အချိန် ကနေ စီရင် ကျင်းပလာခဲ့ကြတာ ခုဆို (၆၆) နှစ်တိုင်ခဲ့ပါပြီ။
ထို့အတူပဲ တခြား နေ့ထူးနေ့မြတ် တွေကိုလည်း စတင် ပေါ်ပေါက်တဲ့ အချိန်ကနေ ယနေ့ထိ မပျက်မကွက် စီရင် ကျင်းပခဲ့ကြတာကို စာဖတ်သူများ လည်း သတိထား မိကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်စဉ်မပြတ် စီရင် ကျင်းပခွင့် ရနေတဲ့ နေ့ထူးနေ့မြတ်တွေ ရှိသလို ပြည်သူ လူထုကြား မှာ မှေးမှိန် ပျောက်ကွယ်နေတဲ့ နေ့ ထူးနေ့မြတ်တွေ လည်း ရှိနေပြန်သေး တယ်။ အဲဒီနေ့က တော့ ကလေး များနေ့လို့ ခေါ်တဲ့ ဗိုလ်ချုပ် အောင် ဆန်း မွေးနေ့ ပဲဖြစ်ပါတယ်။ စစ်တပ် အုပ်ချုပ်တဲ့ ကာလ စစ် အာဏာ ပိုင်တွေ လက်ထက်မှာ ဘာကြောင့် ဗိုလ်ချုပ် မွေးနေ့ကို စီရင် ကျင်းပခွင့် ပိတ် ပင်ခဲ့သလဲ။ ဘာဖြစ်လို့ ကလေးများနေ့ ကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ခဲ့ ကြ သလဲ။ ဒါကိုတော့ ကျွန်တော်မပြော တတ်။
သို့သော် ကျွန်တော် ပြောတတ် တာ (ဝါ) ပြောနိုင်တာ တစ်ခုတော့ ရှိ တယ်။ အဲဒါက ဗိုလ်ချုပ် မွေးနေ့ကို ဖျောက်ဖျက် ထားတာဟာ မိဘကို ပြစ် မှား စော်ကားတာနဲ့ အတူ တူပဲ။ တစ် နည်းပြောရင် ဗိုလ်ချုပ်ကို သမိုင်းဖျောက် ထားတာဟာ မိမိရဲ့အလုပ်၊ တာဝန်ကို မချစ် မနှစ်သက်သူ၊ တိုင်းပြည်ကို မချစ် တတ်သူလို့ ဆိုရမှာပဲ။ ဘာဖြစ်လို့လဲ၊ ဗိုလ်ချုပ် မွေးနေ့ကိုပင် ဖယ်ထားပြီး ဗိုလ် ချုပ်ကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ခဲ့တဲ့ တပ်မတော် အာဏာပိုင်တွေ ဆိုတာ ဗိုလ်ချုပ်စတင် ဖွဲ့စည်း တည် ထောင်ပေး ခဲ့တဲ့ တပ်မတော် ရဲ့ တပ်မတော်သား တွေဖြစ်နေလို့ပဲ။ တစ်နည်း ပြောရင် ဗိုလ်ချုပ် သားသမီး မြေးမြစ်တွေ ဖြစ်နေလို့ပဲ။ တပ်မတော်ရဲ့ မိဘသဖွယ်၊ စစ်တပ်ရဲ့ မိဘရင်း ပမာ မွေးဖွားသန့် စင်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကို ကျေးဇူးကန်းခဲ့ ကြလို့ပဲ။
စာဖတ်သူများကို ကျွန်တော် တစ်ခုလောက် မေးချင်တယ်။ သေသေ ချာချာ စဉ်းစားပြီးမှ ဖြေပေးကြပါ။ တကယ်လို့များ ကျွန်တော်တို့ နိုင်ငံမှာ ဗိုလ်ချုပ်သာ မွေးဖွား မလာခဲ့ဘူး ဆိုရင် ယနေ့ တပ်မတော် ဆိုတာ ရှိလာနိုင်ပါ့ မလား။ ရာထူးရာခံ၊ အပွင့်အခက် မျိုး စုံနဲ့ စစ် အာဏာပိုင်တွေ ကြီးပွားချမ်း သာ လာနိုင်ကြပါ့မလား။ စည်းစိမ် ဥစ္စာ၊ ရွှေ၊ ငွေ ရတနာ အပြည့်အစုံ၊ တိုက်တာ၊ အိုးအိမ်၊ အခြံအရံ၊ စီးပွား အဖုံဖုံ နဲ့ကောင်းစားနေပါ့မလား။ ခေတ် မီ အဆောက်အအုံ၊ ခေတ်မီအဆောင် အယောင် ၊ ခေတ်မီ ယာဉ်ရထား မျိုးစုံနဲ့ မော်ကြွားပ,လွှားနိုင်ကြပါ့မလား။ ကဲ စာဖတ်သူများ ဖြေကြပါ။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရား၊ ဘယ်လောက် ကြီးမား သလဲဆိုတာ ယနေ့ တပ်မတော် အာဏာ ပိုင် ရာထူးကြီးငယ် အဆင့်ဆင့် တို့ရဲ့ ကြွယ်ဝ ချမ်းသာမှုကို ကြည့်ရုံနဲ့ သိသာ လှပါပြီ။
အဲဒီတော့ ဗိုလ်ချုပ်ကိစ္စ အသာ ထားလိုက်ဦး။ ဗိုလ်ချုပ် အကြောင်း ပြော ရင် တစ်တိုင်းပြည်လုံး နဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်သွားပြီ။ ဒါကြောင့် မိမိတို့ မိသားစု တစ်စုကိုပဲ အရင် ကြည့်ရအောင်။ ကျွန် တော် တို့မိဘတွေကို ကျွန်တော်တို့ ဘာကြောင့် ရိုသေ မြတ်နိုးခဲ့ကြသလဲ ။နှစ်စဉ် နှစ်တိုင်း မိဘမွေးနေ့မှာ ဘာဖြစ်လို့ ပူဇော်ကန်တော့ ခဲ့ကြသလဲ။ အမြဲ မပြတ် မိဘတွေကို ဘာအတွက် ပြုစုလုပ်ကျွေး ခဲ့ကြသလဲ။ ဒါက ရှင်းပါတယ်။ မိဘ ကျေးဇူးတွေ၊ မိဘရဲ့ စေတနာ၊ မေတ္တာ တွေ ကျွန်တော် တို့ အပေါ်မှာ ထုနဲ့ထည် နဲ့ ရှိနေခဲ့လို့ပဲ။ ရှင်းရှင်းပြောရင် မိဘ လုပ်ကိုင် ကျွေးမွေး၊ ပြုစု ပျိုးထောင်ပြီး လမ်းညွှန် ပြသပေးခဲ့လို့ လူလိုသူလို (ဝါ) လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ကြ လို့ပဲ။
တကယ်လို့ ကျွန်တော့်ကို မွေးဖွား တဲ့ မိဘနှစ်ပါး ပေါ်မလာခဲ့ဘူး ဆိုရင် သို့တည်းမဟုတ် မိဘနှစ်ပါး စလုံးက ကျွန်တော့်ကို မမွေးဖွားပေးခဲ့ဘူး ဆိုရင် ကျွန်တော် လူ့ဘဝ မှာ လူလာ ဖြစ်နိုင်ပါ့ မလား။ အဲဒီလို လူလာဖြစ်ပြီး လူတစ် လုံးသူတစ်လုံး ဖြစ်လာဖို့ အတွက် ဘယ် သူက အကူအညီ အထောက်အပံ့တွေ ပေးခဲ့ရသလဲ။ ဘယ်သူက ထိန်းကျောင်း ပြုစု ပျိုးထောင်ပေးခဲ့ရသလဲ။ မိဘက လွဲလို့ ဘယ်သူမှ လုပ် မပေးနိုင်ကြဘူး ဆိုတာ ဦးနှောက် ရှိသူတိုင်း စိတ်ကောင်း နှလုံးကောင်း ရှိသူတိုင်း သိကြပါ တယ်။
ဒါက သာမန်လူ ကိစ္စ၊ သာမန် မိသားစု တစ်စုရဲ့ဘဝလောက်ကိုပဲ ပြောတာ။ ဗိုလ်ချုပ်ကိစ္စ ကျတော့ တစ်တိုင်း ပြည်လုံး အရေး နဲ့ဆိုင်သွားပြီ။ တပ်မ တော်ဆို တာက လည်း တစ် တိုင်းပြည်လုံး နဲ့ ပတ်သက်နေ ပြီ။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် မရှိရင် နိုင်ငံတော် ရဲ့ အချုပ် အခြာအာဏာ ဘယ်လို ကာကွယ်မလဲ၊ လူမျိုးတစ်မျိုး ရဲ့လွတ်လပ်ရေး ကို ဘယ် လို ထိန်းသိမ်းမလဲ။ တိုင်းပြည် လွတ် လပ်ရေး ရအောင် ဘယ်လို ရယူပေး မလဲ။ တကယ်တော့ တိုင်းပြည် တစ်ပြည်၊ အမှီအခို၊ အနှောင် အဖွဲ့ ကင်းကင်း၊ အဖိအနှိပ်၊ အချုပ်အချယ် ကင်းကင်းနဲ့ လွတ်လပ်မှု ရှိလာဖို့အတွက် လွတ်လပ်မှု ရှိလာတဲ့ အခါ နိုင်ငံတော်ရဲ့ အချုပ် အခြာ အာဏာ ကို ကာကွယ်ဖို့ အတွက် ရပြီးသား လွတ်လပ်မှုကို ထပ်မံ မဆုံးရှုံး စေဖို့ အတွက် နိုင်ငံ တစ်နိုင်ငံမှာ တပ်မ တော်ဆိုတာ လိုအပ်တယ်။ စစ်တပ် အဖွဲ့အစည်း တစ်ရပ် (ဝါ) တိုင်းပြည် နဲ့ လူမျိုးကို ကာကွယ် စောင့်ရှောက် ပေးမယ့် အင်အားစု တစ်ရပ် မဖြစ်မနေ လိုအပ်တယ်။
ဒါကို ဗိုလ်ချုပ်အောင်ဆန်း က နားလည် သဘောပေါက်ခဲ့တယ်။ နား လည်သဘောပေါက်ခဲ့ လို့လည်း ဗိုလ် ချုပ်နဲ့ မျိုးချစ် ပုဂ္ဂိုလ်တွေဟာ ဂျပန် ပြည်သွားပြီး စစ်ပညာ သွားသင်ခဲ့ကြ တယ်။ ရက်စက် ယုတ်မာတဲ့ ဂျပန်တွေ ရဲ့ ပါးရိုက်၊ နားရိုက်တာ ခံပြီး အညှဉ်း ပန်း၊ အနှိပ်စက်ခံပြီး၊ ရိုင်းပြစော်ကားမှု ကိုခံပြီး စစ်ပညာ မရရအောင် ကြိုး စား သင်ခဲ့ကြရတယ်။ ဂျပန် စစ်အာဏာပိုင် တွေရဲ့ ထားရာနေ စေရာသွား ခိုင်းတာ လုပ်ပြီး မြန်မာ့ တပ်မတော်ဖြစ်လာ အောင် ထူထောင်ခဲ့ကြတယ်။ ဒီတော့ ယနေ့ မြန်မာ့ တပ်မတော် တည်တံ့ခိုင်မြဲ နေတာ မြန်မာ့ တပ်မတော်ရယ်လို့ ဂုဏ် ယူဝင့်ကြွားနိုင်နေတာ၊ ဘယ်သူ့ကျေးဇူး တွေလဲ၊ ဘယ်သူတွေ ထူထောင် ခဲ့လို့ တပ် မတော် ဖြစ်လာတာလဲ။ ဘယ်သူ့ အစွမ်းအစ၊ အရည်အချင်း၊ ဘယ်သူ ကြိုးပမ်းဆောင် ရွက်ခဲ့လို့ တပ်မတော် ပေါ်ပေါက် လာတာလဲ။ ဒါတွေသိ ရင် ကျေးဇူးရှင် ရဲ့ ကျေးဇူးကို သိဖို့သင့်ပါပြီ။ ကျေးဇူးရှင်တွေ ရဲ့ ကျေးဇူးဂုဏ်ကို ချီး ကျူးဖော်ထုတ်၊ ဂုဏ်ပြုသင့်ပါပြီ။ ကိုယ့် ရဲ့ မိဘ သဖွယ်ဖြစ်တဲ့ ကျေးဇူးရှင်တွေ ရဲ့ ကျေးဇူး တရား ကို ရိုသေလေးစားသင့် ပါပြီ။
ဒီတော့ မိသားစု တစ်စုမှာတောင် မိဘနှစ်ပါးရဲ့ ကျေးဇူးတော် အနန္တကို ကျွန်တော်တို့ မှတ်မှတ်ရရ ရှိနေကြ တယ်ဆိုရင် မြန်မာနိုင်ငံရဲ့၊ မြန်မာ့ တပ်မတော် ရဲ့ ကျေးဇူးရှင် အစစ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ မှတ်မှတ်ရရ မရှိသင့်ပေဘူးလား။ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ ကို မစီရင် မကျင်းပ သင့်ပေဘူးလား။ နိုင်ငံတော် အခမ်း အနား တစ်ရပ်အနေ နဲ့ရော၊ အထိမ်းအမှတ် ပွဲတွေ မလုပ်သင့်ပေ ဘူးလား။ ကျွန် တော်တစ်ဦး တည်း သဘော ထား ဆန္ဒ အရဆိုရင် မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့တဲ့ ဆီးဂိမ်း ပြိုင်ပွဲ ထက်တောင် ပိုကြီး ကျယ်ခမ်းနားအောင် ဗိုလ်ချုပ်မွေး နေ့ကို စီရင် ကျင်းပပေး သင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အဓိက ကျ တဲ့ နိုင်ငံတော် အခမ်းအနား နဲ့ ဗိုလ် ချုပ်ကျေးဇူးကို မမေ့တဲ့ အနေနဲ့ ဗိုလ် ချုပ်မွေးနေ့ ကို မဖြစ်မနေ လုပ်သင့် တယ်။ အထူးသဖြင့် တပ်မတော်စစ် ခေါင်းဆောင်တွေ အနေ နဲ့ မိမိတို့ရဲ့ မိဘရင်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေး နေ့ကို သာမန် တိုင်းသူပြည်သားတွေ ထက် ပိုအလေး အနက်ထား စီရင်ကျင်း ပသင့်တယ်လို့ ယူဆမိပါ တယ်ခင်ဗျာ။
မြို့မသိင်္ခ
Popular Myanmar News Journal
>>>ဆက်ဖတ်ရန်>>> >>

ဖိတ်ကြားလွှာ




ဖိတ်ကြားလွှာ
ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့မှ
ကြီးမှူး၍ ဖွင့်လှစ်သော
ပညာပါရမီစာကြည့်တိုက်၏။
နှစ်ပတ်လည် အခမ်းအနားပွဲတွင်
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲနှင့်
ပြည်ထောင်စုနေ့ အကြို
အထိမ်းအမှတ်အဖြစ်
ဓာတ်ပုံပြပွဲများ၊ ပန်းချီကားပြပွဲများ
နံရံကပ်စာစောင်များ၊ ကာတွန်းပြကွက်များကို အောက်ပါအစီအစဉ်အတိုင်း
ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။
သို့ပါ၍ လူကြီးမင်းကိုယ်တိုင်
မပျက်မကွက် ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက်... ၁၃၇၆ခု၊ တပို့တွဲလပြည့်ကျော်
(၄)ရက်၊ (၇.၂.၂၀၁၅)၊စနေနေ့ ၊
အချိန်... နံနက်(၈)နာရီ-မှ-(၁၂)နာရီအထိ
အခမ်းအနားစတင်ချိန်...နံနက်(၉)နာရီ ။
နေရာ...ပညာပါရမီ စာကြည့်တိုက်
ပညာပါရမီ ကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာဓမ္မရိပ်သာ
အောင်ဇေယျာရပ် ၊
မကွေးမြို့ ။
မှတ်ချက် ။ ။ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း ကဗျာ၊ နံရံကပ်စာစောင်များကို
၅.၂.၂၀၁၅၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ ပေးပို့ပါရန် ဝါသနာရှင်များ၊ ကျောင်းသား/သူများအား မေတ္တာရပ်ခံအပ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>