Thursday, December 25, 2014
ဖတ်သူ မှတ်သူများ ဆွေးနွေးပွဲ · ဖိတ်ကြားလွှာ
·                        ဖတ်သူ မှတ်သူများ ဆွေးနွေးပွဲ
·                                  ဖိတ်ကြားလွှာ
မကွေးမြို့၊ အောင်ဇေယျာရပ် ကပ်ကျော်ကမ္ဘာအေး ဝိပဿနာဓမ္မရိပ်သာ၊ ပညာပါရမီကုသိုလ်ပြုအဖွဲ့မှ ဖွင့်လှစ်ထားသော ပညာပါရမီ စာကြည့်တိုက်တွင် စာပေမြတ်နိုးသူတို့၏ ဖတ်သူ မှတ်သူများ ဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာပေဝါသနာရှင်များ မပျက်မကွက်ကြွရောက်ပါရန် ​​​လေးစားစွာ ဖိတ်ကြားအပ်ပါသည်
                        အစီအစဉ်
အချိန်..မွန်းတည့်(၁၂)နာရီ-မှ-(၃)နာရီအထိ။
နေရာ...ပညာပါရမီစာကြည့်တိုက်
ပညာပါရမီကုသိုလ်ပြုအဖွဲ့ ၊
 မကွေး-တောင်တွင်းလမ်း
မကွေးပညာရေးကောလိပ်အနီး
အောင်ဇေယျာရပ်၊ မကွေးမြို့ ။
ဖုန်း- 09401557922
>>>ဆက်ဖတ်ရန်>>> >>
လွတ်လပ်စွာေ​ရွးချယ်ခွ​င့်​ရှိေ​သာ တ​က္က​သိုလ်ဝင်ခွ​င့်​စ​န​စ်နှ​င့် အနာ​ဂတ်တ​က္က​သို​လ်
လွတ်လပ်စွာေ​ရွးချယ်ခွ​င့်​ရှိေ​သာ တ​က္က​သိုလ်ဝင်ခွ​င့်​စ​န​စ်နှ​င့် အနာ​ဂတ်တ​က္က​သို​လ်
၂၅.၁၂.၂၀၁၄
http://www.universitiesnews.com/wp-content/uploads/2013/04/Yangon-University.jpg
တက္ကသိုလ်ဆရာမတစ်ဦးဖြစ်တဲ့ ကျွန်မအနေနဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး ဘဝကစပြီး တက္ကသိုလ် ဝန်းကျင်မှာ ကျင်လည်ခဲ့တဲ့ကာလတွေကို ပြန်တွက်ကြည့်ရင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။ တက္ကသိုလ် မှာကျွန်မကျင်လည်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အမျိုးမျိုးသော ပညာရေးစနစ် ပြောင်းလဲမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ နေရာအတော်များများကိုလည်း ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ နယ်ရော၊ မြို့မှာပါရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အားလုံးရဲ့ အတွေ့အကြုံ ခံစားချက်တွေကို ကိုယ်တိုင်နားလည်ခံစားခဲ့ရပါတယ်။
ကျွန်မတက္ကသိုလ်ပထမနှစ်တက်စဉ်က ဒေသကောလိပ်စနစ်နဲ့ စတက်ခဲ့ရပါတယ်။ ဒေသကောလိပ် စနစ်မှာ တက္ကသိုလ်ဝင်တန်းနဲ့ ဒေသကောလိပ် နှစ်နှစ်၊ စုစုပေါင်းသုံးနှစ်တက်ပြီးမှ ရတဲ့အမှတ်ပေါ်မူ တည်ပြီး ခွင့်ပြုတဲ့ဘာသာရပ်ကို တက်ခွင့်ရခဲ့ကြတယ်။ ကျွန်မတို့အနေနဲ့ တက္ကသိုလ်ဝင်တန်းမှာလည်း အမှတ်ကောင်းကောင်းရအောင် အစွမ်းကုန်ကြိုးစားခဲ့ရသလို၊ ဒေသကောလိပ်နှစ်နှစ်မှာလည်း မိမိလို ချင်တဲ့ဘာသာရပ်ကိုရဖို့အတွက် တက္ကသိုလ်ဝင်တန်းထက် မလျော့တဲ့အားထုတ်မှုတွေ လုပ်ခဲ့ကြရ တော့ University Life ကိုခံစားဖို့ဝေးလို့ စာတွေနဲ့ပဲပတ်လည်ဝိုင်းနေခဲ့ရပါတယ်။ ဒေသကောလိပ် စတက်ကတည်းက သိပ္ပံတွဲမှာ ဇီဝဗေဒနဲ့ သင်္ချာလို့ ခွဲခြားပြီး ဇီဝဗေဒယူရင် ဘယ်တက္ကသိုလ်၊ ဘယ် ဘာသာတွေ ယူခွင့်ရမယ်၊ သင်္ချာယူရင် ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာတွေ ယူခွင့်ရမယ်ဆိုတာ ပိုင်း ခြားသတ်မှတ်ထားတော့ အဆင့်မြင့်ပညာသင်ကြားရတဲ့ ကျောင်းသူဘဝမှာ ဆန္ဒနှင့်ရွေးချယ်ခွင့် အခွင့် အရေးဆိုတာ မရှိခဲ့ပါ။
ကျွန်မရဲ့ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူဘဝမှာ တက္ကသိုလ်ဝင်ခွင့်စနစ် တစ်ဖန်ပြောင်းခဲ့ပြန် တယ်။ ကျွန်မတို့လို ဒေသကောလိပ် နှစ်နှစ်တက်စရာ မလိုတော့ဘဲ တက္ကသိုလ်ဝင်တန်း ရမှတ်အပေါ် မူတည်ပြီး အမှတ်မီရာ တက္ကသိုလ်များကို တက်ကြရပါတယ်။ ဒီစနစ်ကို ယနေ့ထိကျင့်သုံးဆဲဖြစ်ပါ တယ်။ ကလေးတွေအနေနဲ့ ကျွန်မတို့လို သုံးနှစ်အပင်ပန်းမခံကြရတာကလွဲလို့ မိမိဆန္ဒအပေါ် အခြေခံ ပြီး ရွေးချယ်ခွင့်မရရှိခဲ့ကြပါဘူး။ တက္ကသိုလ်ရွေးချယ်ရာမှာ တက္ကသိုလ်ဝင်တန်းရမှတ် ကောင်းတဲ့က လေးများရဲ့ဆန္ဒနဲ့ တိုက်တွန်းချက်အရ ဆေးတက္ကသိုလ်ကို လျှောက်ထားကြပြီး တက်ရောက်ကြရာမှာ တချို့ကလေးများက တက်ရောက်ပြီးမှ မိမိဝါသနာမပါမှန်းသိကြပြီး ဆက်လက်မသင်ယူနိုင်ကြတော့ တာကိုလည်း တွေ့နေရပါတယ်။ တစ်နည်းအားဖြင့် တက္ကသိုလ်ဝင်တန်းရမှတ်အပေါ်သာ အခြေခံပြီး သင်ယူသူရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားခွင့်မရကြတော့ တချို့ကလေးတွေက တက္ကသိုလ်ပညာကို ပြီးဆုံးအောင် မသင်ယူလိုကြတော့ဘဲ ပညာတစ်ပိုင်းတစ်စ ဖြစ်သွားကြတာကို ဝမ်းနည်းဖွယ် တွေ့ရ ပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ အခန်း ၃၊ ပုဒ်မ ၄ (ဇ) မှာ “သင်ယူလိုသူ၏ ဆန္ဒကိုအခြေခံပြီး သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များ၏ သတ် မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံး စေရေး” ဆိုပြီး အခြေခံမူတစ်ရပ်အနေနဲ့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ကျွန်မတို့အနေနဲ့ ရွေးချယ် ပိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့ အဆင့်မြင့်ပညာရေးစနစ်အတွင်းမှာ ရှင်သန်ခဲ့ကြရတော့ ဒီပြ ဋ္ဌာန်းချက်ကို တွေ့တဲ့အခါမှာ နောင်အနာဂတ် အဆင့်မြင့်ပညာသင်ကြားကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအတွက်အလွန်ပဲ ဝမ်းမြောက်မိပါတယ်။
အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂၆ မှာ “အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့်သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရ မည်” လို့ဖော်ပြထားတော့ ၁၉၇၃ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေအရ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ ပြီး အုပ်ချုပ်စီမံသင်ကြားခဲ့ကြရတဲ့ ကျွန်မတို့အဆင့်မြင့်ပညာရေးကို ဘယ်လိုလွတ်လပ်အောင် လုပ်ကြ မှာလဲဆိုတာ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်သူတစ်ဦးအနေနဲ့ များစွာစိတ်ဝင်စားစရာကောင်းတာ က အမျိုးသားပညာရေး ဥပဒေ အခန်း ၃၊ ပုဒ်မ ၄ (ခ) မှာ “ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကျောင်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်းနှင့် ပညာရေးလုပ်ငန်းများ၌ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး” ဆိုပြီး အခြေခံမူအဖြစ် ဖော်ပြထားခြင်းဖြစ်ပြီး နောင်အနာဂတ်မှာ ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကတက္ကသိုလ်တွေကို အခွင့်အလမ်းဖွင့်ပေးတာက ပညာ ရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ အလားအလာကောင်းများဖြစ်တယ်လို့ ယူဆမိပါတယ်။
နိုင်ငံတကာအဆင့်မီ ပညာရေးတစ်နည်းအားဖြင့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေဖြစ်လာဖို့ဆိုရင် ကျွန်မတို့တက္ကသိုလ် ဆရာ၊ ဆရာမတွေအနေနဲ့ နိုင်ငံတကာအဆင့် အရည်အသွေးပြည့်မီရမှာဖြစ်သ လို ပြင်ဆင်မှုတွေလည်း လုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီပညာရေးဖြစ်အောင် ပြုပြင် ပြောင်းလဲနေတဲ့အချိန်မှာ ကျွန်မတို့ပညာရေးဝန်ထမ်းများအားလုံးရဲ့ လူနေမှုဘဝကိုလည်း လိုက်လျော ညီထွေမှုရှိအောင် မြှင့်တင်ပေးဖို့ကိုလည်း ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်။
ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားပညာရေးဥပဒေ အခန်း ၁၂ ပုဒ်မ ၆၂ မှာ “သက်ဆိုင်ရာ ကျောင်း သို့မဟုတ် ပညာရေးအဖွဲ့အစည်းသည် ပြည်တွင်းပြည်ပပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အ စည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို စိစစ်လက်ခံနိုင်သည်” လို့ ပြဋ္ဌာန်းထားတဲ့ အပြင် ပုဒ်မ ၆၄ (ခ) မှာ “အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် သက်ဆိုင်သော အဆင့် မြင့်ပညာကျောင်းများသည် ကိုယ်ပိုင်ရန်ပုံငွေရှာဖွေထူထောင် ဆောင်ရွက်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထား တဲ့အတွက် ၁၉၇၃ ခုနှစ် တက္ကသိုလ်ပညာရေးဥပဒေအရ ကန့်သတ်မှုတွေကို ဖြေလျှော့ပြီး အဆင့်မြင့် ပညာတက္ကသိုလ်များရဲ့ ကိုယ်ပိုင်ငွေရှာဖွေသုံးစွဲခွင့်နှင့် ဘဏ္ဍာငွေကို အကျိုးရှိရှိထိရောက်စွာ စီမံခန့်ခွဲ ခွင့်တွေကိုခွင့်ပြုလိုက်တာလို့ ကျွန်မခံစားမိပါတယ်။
ကျွန်မအနေနဲ့ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းလိုက်ခြင်းမှာ ယခင်ကကန့်သတ်ချုပ်ချယ်မှုများစွာ ရှိနေသော မြန်မာနိုင်ငံပညာရေးအတွက် ရွှေတံခါးကြီးဖွင့်လိုက်သည့် အနေအထားဖြစ်တယ်လို့ ယူဆ မိပါတယ်။ ကျွန်မတို့အဆင့်မြင့်ပညာကဏ္ဍတွင် နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့ ဆောင်ရွက်ကြရာ မှာ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို အဆင့်မြင့်ပညာနဲ့ ပတ်သက်သူအားလုံး အပြန်အလှန် ပူးပေါင်းညှိနှိုင်းကာ နားလည်မှုတည်ဆောက်ပြီး စိတ်ရှည်ရှည်နဲ့ စည်းကမ်းရှိရှိ ကျော်ဖြတ်မှသာ တက္ကသိုလ်များရဲ့ လွတ်လပ်တဲ့သင်ကြားသင်ယူမှုနဲ့ စီမံခန့်ခွဲခွင့်ကို အပြည့်အဝရရှိကြမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် တက္ကသိုလ်အလိုက်ပဋိညာဉ်များ ရေးဆွဲနေကြတယ်လို့လည်း ဝမ်းသာ စွာကြားသိရပါတယ်။
အဆင့်မြင့်ပညာကဏ္ဍမှာ နိုင်ငံတကာအဆင့်မီ ပညာရေးအဆင့်သို့ အလျင်အမြန်တက်လှမ်းနိုင်ဖို့အ တွက် မိဘပြည်သူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး လက်တွေ့ကျ ကျကျင့်သုံးနိုင်တဲ့ အဆင့်မြင့်ပညာရေးဥပဒေ အမြန်ဆုံးပေါ်ထွက်လာဖို့ လိုအပ်နေပါပြီ။ ဒါ့ကြောင့် အဆင့်မြင့်ပညာရေး ဥပဒေအမြန်ဆုံးထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက် ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။               ။
မြန်မာ့အလင်းသတင်းစာ
ဒီဇင်ဘာလ (၉) ရက်၊ ၂၀၁၄ ခုနှစ်
>>>ဆက်ဖတ်ရန်>>> >>
http://images.china.cn/attachement/jpg/site1007/20090727/000cf1bdd2450bd7b1c204.jpg
အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် တက္ကသိုလ် များလွတ်လပ်စွာ အုပ်ချုပ်ခွင့်ရရှိရေးအပေါ် သေချာရှင်းပြခြင်းမရှိ သောကြောင့် ဆန္ဒပြမှုများဖြစ်ပွား နေခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ်က ပြောကြားလိုက်သည်။
နိုဝင်ဘာ ၃၀ ရက်က ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMF-CCI)၌ပြုလုပ်သော ‘‘မြန်မာနိုင်ငံ စီးပွားရေးအကူးအပြောင်းဆွေး နွေးစရာနှင့် ရွေးချယ်စရာ အကြောင်းအရာဆိုင်ရာ ဟောပြောပွဲ’’တွင် ဒေါက်တာရင်ရင်နွယ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘တက္ကသိုလ်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး လွတ်လပ်စွာအုပ် ချုပ်မှုဆိုတာ ရှင်းပြတဲ့လူတွေက သေချာရှင်းမပြတော့ ဆန္ဒပြတဲ့လူ တွေကလည်း မကျေနပ်နိုင်ဘူး။ အရင်ကလို အဆင့်မြင့်ပညာဦးစီး ဌာန (အဆည)ဆိုတာ နောက်ဆို ရင်မရှိတော့ဘူး။ ကိုယ့်ကျောင်း နဲ့ကိုယ်လုပ်မယ်။ အဆင့်မြင့် ပညာရေးညှိနှိုင်းမှုကော်မတီက အစမှာတော့ အားနည်းနေလိမ့် မယ်။ ဘယ်လိုပဲမဆို တစ်ခုချင်း ကိုသူတို့ကဝင်ပြီး ကြားဝင်မှာ မဟုတ်ဘူး။ အားလုံးနဲ့ပတ်သက်တဲ့မူတွေ၊ ဘတ်ဂျက်တွေက တော့ လုပ်ရလိမ့်မယ်’’ဟု ဒေါက်တာရင်ရင်နွယ်က ပြောကြားခဲ့သည်။
လွှတ်တော်တွင် အမျိုးသား ပညာရေးဥပဒေမူကြမ်းကို စတင် ဆွေးနွေးစဉ်ကတည်းက ကျောင်း သားသမဂ္ဂများ၊ ဆရာအသင်း များနှင့် အရပ်ဘက်ပညာရေး အဖွဲ့အစည်းက ဗဟိုချုပ်ကိုင်မှုများရှိနေဆဲဖြစ်ကြောင်း ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။
လက်ရှိ အတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်မရရှိခြင်းတို့ကြောင့် နိုဝင်ဘာအတွင်း ရန်ကုန်မြို့၌ လေးရက်ကြာ သပိတ်မှောက်ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
‘‘ဥပဒေထဲမှာပါတဲ့ အကြောင်းကိုက တကယ်တက္က သိုလ်တွေကို လွတ်လပ်ခွင့်ပေး ထားတယ်ဆိုတာ မဟုတ်ဘူး။ ဥပဒေစရေးဆွဲစဉ်ကာလ တောက် လျှောက်မှာကတည်းက အစော ကြီးထဲက အားလုံးပါဝင်တဲ့ဆွေး နွေးပွဲတွေက အဖြေရှာမှာကို အခု မှ နားမလည်ပါဘူးပြောနေတာ က တစ်ဖက်သတ်လုပ်ပြီးမှ ဒီလူ တွေနားမလည်ပါဘူး ပြောနေ သလိုဖြစ်နေတယ်’’ဟု သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက ပြောသည်။
သမ္မတ၏သဘောထားမှတ်ချက် ၂၅ ချက်ဖြင့် ပြန်လည်ပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ စက်တင်ဘာ၃၀ ရက်စွဲဖြင့် အတည်ပြုခဲ့သည်။
7 Day Daily,
No.580 Tuesday, December 2, 2014
(မောက္ခပညာရေး မဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>
ကျော​င်းေ​န​အရွ​ယ် ကေ​လး​ငယ်တစ်သ​န်းကျော် ပညာ​သင်ခွ​င့်​ဆုံး​ရှု​ံးေ​နေ​ၾ​ကာ​င်း ယူ​နီ​ဆ​က် ထု​တ်ြ​ပ​န
Published on Friday, 26 December 2014 01:40
Written by နေလင်းထွန်း
http://i.guim.co.uk/static/w-620/h--/q-95/sys-images/Guardian/Pix/pictures/2013/2/25/1361805460479/Child-working-in-Burma-oi-005.jpg
မြန်မာနိုင်ငံတွင် ကျောင်းနေအ ရွယ် ကလေးငယ် တစ်သန်းကျော်သည် အခြေခံပညာကျောင်းများ၌ ပညာသင်ယူရန် အခွင့်အလမ်းများဆုံးရှုံးနေကြောင်း ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့(UNICEF) ကဆိုသည်။
 ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (CRC) ၏(၂၅) နှစ်မြောက်အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ကလေးသူငယ် ပညာရေးအခွင့်အလမ်းအတွက် မြန်မာနိုင်ငံ၏လိုအပ်ချက်ကို အဆိုပါအထိမ်းအမှတ်နေ့က အရေး ပေါ်သတိပေးနေကြောင်း ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနသည် ကျောင်းသားထောက်ပံ့ကြေး၊ ကျောင်းသုံးစာအုပ်အခမဲ့ပေးခြင်း နှင့် ဆရာများအတွက်ပံ့ပိုးမှုတိုး မြှင့်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံတွင် ပညာရေးတန်းတူအခွင့်အလမ်းတိုးတက်လာခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များရှိနေကြောင်း ထောက်ပြထားသည်။ မြန်မာနိုင်ငံရှိ ကလေးသူ ငယ်များတွင် အသက်မှန်ကန်စွာ ဖြင့် မူလတန်းပညာပြီးဆုံးသူဦး ရေမှာ ၇၀ ရာခိုင်နှုန်းထက် လျော့နည်းနေပြီး မူလတန်းတက် ရောက်သော ကလေးဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ အလယ်တန်း အဆင့်သို့ရောက်ရှိသွားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကလေးများ အားလုံးမသင်မနေရ အခမဲ့မူလ တန်းပညာရေးရရှိရန် အာမခံထားသော်လည်း ပညာရေးကဏ္ဍ၌ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးနေ ခြင်းကြောင့် အောင်မြင်မှုမရှိဖြစ် နေကြောင်း ယင်းထုတ်ပြန်ချက် တွင် ရေးသားထားသည်။
ကလေးသူငယ်များ စာ သင်ကျောင်းသို့စေလွှတ်ရန် ဆန္ဒရှိသော မိသားစုအများအပြား သည် ငွေပိုငွေလျှံမရှိခြင်းကြောင့် ကလေးငယ်များပညာရေးအခွင့် အလမ်းရရှိရန် အဟန့်အတားဖြစ် စေလျက်ရှိကြောင်း သုံးသပ်ထား သည်။ လက်ရှိအချိန်တွင် ပညာရေးအသုံးစရိတ်သည် အစိုးရအသုံးစရိတ်၏ ၆ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်   ရင်းနှီးမြှုပ်နှံထားသော်လည်း အာဆီယံဒေသတွင်း နိုင်ငံများ၌ မြန်မာနိုင်ငံက ပညာရေး အသုံးစရိတ်အနည်းဆုံးဖြစ်နေသည်။
ယခုအခါပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရမည့် အချိန်ရောက်ရှိနေပြီဖြစ်၍ ၂၀၂၀ ပြည့်နှစ်တွင် အစိုးရအသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းထိ ပညာရေး၌ရင်းနှီးမြှုပ်နှံရေးရည်မှန်းဆောင်ရွက်ရန် ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က အကြံပြုထားသည်။
7 Day Daily,
အတွဲ (၁၃)၊ အမှတ် (၃၈)
>>>ဆက်ဖတ်ရန်>>> >>