Monday, August 26, 2013

ပညာရေးဖြင့် လူလားမြောက်ပြီး ပညာရေးကောင်းကြောင်း

ပညာရေးဖြင့် လူလားမြောက်ပြီး ပညာရေးကောင်းကြောင်း ပြောနေကြသူများသာ ဖြစ်ကြသော်လည်း ဆရာများအား လစာအမြင့် ဆုံးပေးရန်၊ အခမဲ့ဆေးကုသခွင့် ရရန်၊ အိုမင်းနာမကျန်း ရန်ပုံငွေ တစ်ရပ်ထူ ထောင်ပေးရန် မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကမျှ အဆိုများဥပဒေ ကြမ်းများ တင်သွင်းကြသည်ကို မတွေ့ ဖူးသေးပါ။ ဆရာများ၏ဘဝအာမခံချက် နှင့် အခွင့်အလမ်းများ ပေါ်ထွက်လာ သည့်အခါ ထူးချွန်သောလူငယ်များကို ဆွဲဆောင် ရရှိလာနိုင်ပါသည်။ သို့မှသာ ဆရာကောင်းတပည့် ပန်းကောင်းပန်ကြ ရပါလိမ့်မည်။

(၄)

ပညာရေးအတွက် ဝိုင်းဝန်းဆွေး နွေးအကြံပေးကြသည်မှာ ဝမ်းသာစရာ ကောင်းပါသည်။ သို့သော် အကြံများ ချည်းဖြင့်တော့ အလုပ်မဖြစ်နိုင်ပါ။ တာ ဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ အပေါင်းက တာဝန်ယူလိုစိတ်ဖြင့် အကြံပြုချက်များ ကို စိစစ် စဉ်းစားအကောင်အထည်ဖော်ကြမှသာ ပညာရေး တိုးတက် လာနိုင်မည် ဟု မျှော်မှန်းရနိုင်ပါ လိမ့်မည်။
ရွှေနန်းတော့ ထိုက်စေချင်
www.maukkha.org
(၁) ယခုအခါ ပညာရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် စေတနာကောင်းဖြင့်ဝိုင်း ဝန်း ပြောဆိုချက်များ ပေါ်ထွက်လာနေ သည်မှာ ဝမ်းမြောက်စရာပင် ဖြစ်သည်။ ပညာရေးအပေါ် လူအများက စိတ်ဝင် တစားရှိကြပြီး တိုင်းပြည်၏ အကျိုးစီးပွား သည် ပညာရေးတွင်မူတည်နေကြောင်း လက်ခံထားကြသည်မှာ ကောင်းေ

No comments:

Post a Comment