Tuesday, August 27, 2013

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာပုံစံ စက်တင်ဘာ ၂ ရက်တွင် စတင်ထုတ်ယူနိုင်

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာပုံစံ စက်တင်ဘာ ၂ ရက်တွင် စတင်ထုတ်ယူနိုင်



Details
    Category: မြန်မာ့ပညာရေးသတင်း  
    Published on Tuesday, 27 August 2013 12:43
    Written by ချိုချိုသန်း

၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို စက်တင်ဘာ ၂ ရက်၌ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ လျှောက်လွှာပုံစံများကို အစိမ်းရောင်နှင့်ပန်းရောင်ဟူ၍ အရောင်နှစ်မျိုးခွဲခြားထားပြီး ဓာတု၊ ရူပဘာသာရပ်များဖြင့် တွဲသောဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈ များအတွက် အစိမ်းရောင်သတ် မှတ်ထားပြီး ဝိဇ္ဇာသီးသန့်နှင့် ပထဝီဝင်၊ သမိုင်း၊ ဘာသာရပ်များဖြင့်တွဲသော ဘာသာတွက် ပန်းရောင် ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မြစ်သားမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ယင်းတို့အနေဖြင့် ဖြေဆိုမည့်ကျောင်းတွင်းပြင်ပ ကျောင်းသားဦးရေများကို စာရင်းပြုစုနေပြီဖြစ် ကြောင်း၊ ယခင်ကထက်အရေအတွက် များနိုင်ကြောင်း၊ ပြင်ပဖြေများအနေဖြင့် မြို့နယ်ပညာရေးမှူး ရုံးများသို့ စက်တင်ဘာ ၂ ရက်မှ ၃၀ ရက်အတွင်း တိုက်ရိုက်စာရင်းသွင်းရမည်ဖြစ်ကြောင်း၊ တွဲဖက် ကျောင်းများနှင့် ကျောင်းခွဲများအနေဖြင့် ပင်မကျောင်းများသို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရ သည်။

အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ဖြေဆိုရန်လျှောက်လွှာ တင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများ သည် စာမေးပွဲဝင်ကြေးကျသင့်ငွေ တံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်တွင်ကပ်၍ စုပေါင်းပြီးမြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံးသို့ စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း အချိန်မီပေးပို့ရမည်ဖြစ်ကြောင်း၊ စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲသာ ဖြေဆိုရမည်ဖြစ်သောကြောင့် မှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြပါရှိသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အလွတ်ဖြေများအတွက် မြို့နယ် ပညာရေးမှူးရုံးတွေမှာ ရောင်းပေးမှာပါ။ တံဆိပ်ခေါင်းတွေရော၊ ဖောင်တွေရော အကုန်လုံးပါ။ အချိန် ကတော့ ဒါပုံမှန်ရောင်းပေးနေကျပါပဲ” ဟုပြောသည်။

ယမန်နှစ်က မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူစုစုပေါင်း ငါးသိန်းကျော် ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။

The Yangon Times Daily

အတွဲ(၁)၊ အမှတ်(၁၀၂)၊ သြဂုတ် ၂၇၊ ၂၀၁၃

No comments:

Post a Comment