Friday, October 16, 2015

ကျောင်းသားငယ်များပျောက်ဆုံးနေသည် ၁၆.၁၀.၂၀၁၅

ကျောင်းသားငယ်များပျောက်ဆုံးနေသည်





http://www.tintup.com/blog/wp-content/uploads/2014/04/kidnap.jpg
ညကြီးအချိန်မတော် ရုတ်တရက် ဖုန်းမြည်သံဝင်လာလို့စိတ်မပါတပါနဲ့ ကိုင်လိုက်ပါတယ်။ တစ်ဖက်က အသံကို နားထောင်လိုက်မိတဲ့ အခါမှာတော့ ဘာပြောရမှန်းမသိအောင် အံ့သြမှင်တက်သွားမိပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာက အသိမိတ်ဆွေဖြစ်တဲ့ ကျူရှင်ဆရာတစ်ယောက်ပါ။ သူ့ကျူရှင်ကျောင်းက ဆယ်တန်းတက်နေတဲ့ ကျောင်းသူလေးဦး ကျူရှင်ကအပြန် အိမ်မရောက်ဘဲ ပျောက်သွားလို့ပါတဲ့။ အဲဒါ ပြင်ဦးလွင်ဘက်တက်သွားတာကို စုံစမ်းသိရလို့ ပြင်ဦးလွင်မှာရှိနေတဲ့ စာရေးသူရဲ့ အကူအညီကို ရလိုရငြား ဖုန်းဆက်အကြောင်းကြားတာပါပဲ။ အခုတစ်လော ကျောင်းတွေမှာဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတွေ ပျောက်ဆုံးနေတာကို အင်တာနက်စာမျက်နှာတွေ၊ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ဂျာနယ်တွေမှာ မကြာခဏ တွေ့မြင်နေရပါတယ်။ဒီလိုအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အခုလိုကြားလိုက်ရလို့ အရမ်းကြောက်လန့် တုန်လှုပ်သွားမိတာကို ဝန်ခံပါရစေ။
နောက်လေးရက်အကြာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့စုံ စမ်းဖော်ထုတ်မှုကြောင့် ကျောင်း သူလေးဦးကို  ပြင်ဦးလွင်မြို့မှာ ပြန်လည်တွေ့ရှိခဲ့ပြီး  အခုတော့ သက်ဆိုင်ရာ  မိဘတွေဆီ ပြန် လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိ ရပါတယ်။ အခုလို လှိုင်သာယာ မြို့က ကျောင်းသူလေးဦးပျောက် ဆုံးရတာနဲ့ပတ်သက်ပြီးသိလိုတာ ကြောင့် မေးမြန်းစုံစမ်းကြည့်ရာမှာ လူကုန်ကူးခံရတာ ဟုတ်၊ မဟုတ် ကိုတော့ ရှင်းရှင်းလင်းလင်း မသိ ခဲ့ရပါဘူး။ ထူးခြားတာကတော့ ဒီ ကျောင်းသူတွေဟာ မိဘအုပ် ထိန်းသူတွေမသိဘဲ ပျောက်သွား တာရယ်၊ ပြင်ဦးလွင်မြို့ကိုရောက် ရှိပြီး အိမ်ငှားနေထိုင်ကြတာရယ်၊ ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ် နေခဲ့တယ်ဆိုတာပဲ သိခဲ့ရပါ တယ်။ ဘာပဲပြောပြော အခုအ ချိန်မှာတော့ မိဘတွေဆီ ပြန် ရောက်သွားပြီဖြစ်လို့ မိဘတွေအ တွက် စိတ်သက်သာရာရသွားကြ မှာ အမှန်ပါပဲ။ ဒါဟာ လူပျောက် မှုဖြစ်ဖြစ်ချင်း သက်ဆိုင်ရာကို နေ့ မကူးမီ ချက်ချင်း တိုင်ကြားနိုင်ခဲ့ တဲ့အတွက် သက်ဆိုင်ရာက အ ချိန်မီ ဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါ တယ်။

အခုတစ်လော ကျောင်းသား ကလေးသူငယ်ပျောက်ဆုံးမှုတွေ မကြာခဏဖြစ်နေတာမို့ မိဘပြည် သူတွေအနေနဲ့ကတော့ အထူးသ တိထားရမှာပါ။ အရင်ကဆို လူ ပျောက်မှုတွေဖြစ်ရင် အသက် (၂၀)ကျော်၊ (၃၀)ဝန်းကျင်အမျိုး သမီးတွေဖြစ်တတ်ပြီး အလုပ် လက်မဲ့တွေနဲ့ မရှိဆင်းရဲတဲ့လက် လုပ်လက်စားတွေပဲ အများဆုံး တွေ့မြင်ရပါတယ်။ ပျောက်ဆုံး တဲ့အမျိုးသမီးအများစုကတော့ လူကုန်ကူးခံရတာပါပဲ။ ဒါပေမဲ့ အခုရက်ပိုင်းလူပျောက်ဆုံးမှုတွေ မှာ အသက်(၁၀)နှစ်ဝန်းကျင်သာ ရှိတဲ့ ကျောင်းသူလေးတွေ အများ စုဖြစ်နေတာကတော့ အံ့သြစရာ ဖြစ်နေပါတယ်။ ပျောက်ဆုံးတဲ့အ ချိန်ကလည်း ကျောင်းပြန်ချိန်၊ ကျူရှင်ပြန်ချိန်တွေ ဖြစ်နေပြန်ပါ တယ်။
ကလေးငယ်တွေ ပျောက် ဆုံးတာနဲ့ပတ်သက်ပြီး MRTV ရုပ် သံသတင်းဌာနရဲ့ တွေ့ဆုံမေး မြန်းခန်းတစ်ခုကို အောက်တိုဘာ ၉ ရက်နေ့က ထုတ်လွှင့်သွားတာ ကို တွေ့မြင်လိုက်ရတာမှာ မိဘ ချင်း ကိုယ်ချင်းစာလို့ အရမ်းကို စိတ်မကောင်းဖြစ်စရာပါ။ မေး မြန်းခန်းမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသူလေး မနှင်းသဇင်နဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့ပြော ကြားမှုက ကြေကွဲစရာပါ။ ‘‘ကျွန် မသမီးလေးက အရမ်းလိမ္မာတာ။ သူပျောက်သွားလို့ ကျွန်မတို့အ ရမ်းခံစားနေရတယ်။ သူ့မှာလေ မုန့်ဖိုးပေးတဲ့ပိုက်ဆံတွေကို မစား ဘဲနဲ့စုပြီး ခြောက်လတစ်ခါ မိဘ တွေကို အမေဘာဝယ်ပေးရမလဲ၊ အမေ ဘာလိုချင်လဲ၊ အဲဒီလိုမျိုး တွေ ဝယ်ပေးတာ’’ဆိုပြီး ငိုယို ပြောကြားသွားတာကို တွေ့မြင် လိုက်ရတာမှာ ကြေကွဲဖွယ်ခံစား မိပါတယ်။ ဆက်လက်ပြီး မိခင် ဖြစ်သူက ရဲတွေကို တိုင်ကြားထား ပေမယ့် ဘာထူးခြားချက်မှ မရှိ သေးတာကို အခုလိုပြောကြား သွားပါတယ်။ ‘‘တိုင်တဲ့အခါကျ တော့ ရဲတွေက ဘယ်လိုပြောသ လဲဆိုတော့ နေရာအတိအကျမသိ တဲ့အခါကျ သူတို့က လုပ်ပေးဖို့ မလွယ်ဘူးတဲ့။ ကိုယ့်နည်းကိုယ့် ဟန်နဲ့ စုံစမ်းပေါ့နော်။ နေရာတိ ကျလို့ရှိရင် သူတို့ကို လာပြောတဲ့။ ဘယ်လိုပြောမလဲ ကလေးတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိနေရင်တော့ ဟိုဒေါသနဲ့ပြောရ ရင်တော့ သူတို့ကို သွားပြောမနေ တော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကားငှားပြီးတော့ သွားခေါ်တော့ မယ်ပေါ့နော်’’ဟု ရဲစခန်းတိုင် ကြားမှုနဲ့ပတ်သက်ပြီး ပြောသွား တာကို တွေ့မြင်ခဲ့ရပါတယ်။
 သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာ ဝန်ရှိသူရဲ့ပြောကြားချက်အရ ယ ခုနှစ်သြဂုတ်အထိ လူပျောက်မှု ၁,၈၄၁ မှုထိရှိကြောင်းနဲ့ ဒဂုံမြို့ သစ် မြောက်ပိုင်းမြို့နယ်တစ်ခု တည်းတင် ၅၂ မှုရှိကြောင်း၊ အဲဒီ အထဲကမှ ကျောင်းနဲ့ ကျူရှင်သွား ပြီး ပြန်မလာလို့ ကလေးပျောက်တိုင်တဲ့အမှု ၅၅ မှုရှိခဲ့ပြီး ၃၅မှုသာပြန်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုစာသင်နှစ်မှာ ကျောင်းသားပျောက်ဆုံးမှုတွေ အများအပြား ဖြစ်ပေါ်နေတာ ကြောင့် အခြေခံပညာကျောင်း တွေမှာ အသိပညာပေးဟောပြော မှုတွေပြုလုပ်ဖို့ သက်ဆိုင်ရာပညာ ရေးမှူးရုံးတွေက စက်တင်ဘာ နောက်ဆုံးပတ်ထဲမှာ ညွှန်ကြား ချက်ထုတ်ပြန်ထားကြောင်း သိရ ပါတယ်။
စားဝတ်နေရေးကျပ်တည်း ပြီး အလုပ်အကိုင်ရှားပါးမှုတွေရဲ့ အကျိုးဆက်က ရာဇဝတ်မှု၊ ဒုစ ရိုက်မှုတွေကို တိုးပွားလာစေတယ် ဆိုရင် မမှားပါဘူး။ ဒုစရိုက်မှုကျူး လွန်သူတွေကို သက်ဆိုင်ရာက ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူ ခဲ့ပေမယ့်လည်း ထိရောက်တဲ့ပြစ် ဒဏ်မျိုးချမှတ်ဆောင်ရွက်သွား နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် မကြာခဏဆိုသလို ထုတ်ပြန်နေ တဲ့လွတ်ငြိမ်းချမ်းသာခွင့်တွေက ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံရခြင်း မရှိသေးတဲ့ အကျဉ်းသားတွေအ တွက် မဟာဆုလာဘ်ကြီးတစ်ပါး ပါပဲ။ မကြာခဏထုတ်ပြန်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေဟာ ဒု စရိုက်သမားတွေအတွက် အကြိမ် ကြိမ်ပြစ်မှုကျူးလွန်စေဖို့ အခွင့် သာစေသလို ဒုစရိုက်မှုအသစ် တွေကိုလည်း တွန်းအားပေးရာ ရောက်တယ်ဆိုရင်မမှားပါဘူး။ ဒါကြောင့် အခုနောက်ပိုင်း ပြစ်မှု ကျူးလွန်သူတွေကို ကြည့်မယ်ဆို ရင် ဆယ်ကျော်သက်ရွယ်လူငယ် တွေ အမြောက်အမြားပါဝင်လာ တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါ တယ်။ အများစုဟာ ပြစ်မှုကျူး လွန်ရမှာ ဝန်မလေးတတ်ကြတော့ပါဘူး။ ဘယ်ပြစ်မှုမျိုးကိုပဲ ကျူးလွန် ကျူးလွန် ထောင်ထဲနေရတစ်ခဏ၊ အချိန်မတန်ခင် ပြန်လွတ်မယ်ဆိုတာ သိထားကြလို့လားတော့ မသိပါဘူး။ ဒါပေမဲ့ ထူးခြားတာက အစိုးရကို ဆန့်ကျင်ပုတ်ခတ်တာမျိုး၊ အကြည်ညိုပျက်စေတာမျိုးကိုတော့ ဒုစရိုက်သမားအများစုက ရှောင်ကြတာတွေ့ရပါတယ်။ ဒီလိုအမှုမျိုး ကျူးလွန်မိရင် လွယ်လွယ်နဲ့တော့ အကျဉ်းထောင်က ပြန်လွတ်နိုင်ဖို့မရှိဘူးမဟုတ်လား။ ဒါကြောင့် ကျန်တဲ့လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ ခိုးမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ ရိုက်မှု၊ အုပ်စုဖွဲ့ရမ်းကားမှုစတဲ့ ဒုစရိုက်မှုတွေကို မကြာခ ကျူးလွန်နေကြတာ ပြည်သူတွေအတွက် စိုးရိမ်စရာပါပဲ။ ဘာပဲပြောပြော အခုနောက် ပိုင်းမှာ ပြည်သူတွေအနေနဲ့ သွား ရလာရတာ မလုံခြုံတော့ပါဘူး။ ရန်ကုန်လိုမြို့ကြီးမှာတောင် နေ့ ခင်းကြောင်တောင်အချိန်ကြီး လု ယက်ခံနေရတာမဟုတ်ပါလား။ ဒီကနေ့အချိန်ဟာ မိသားတစ်စု လုံးမှာရှိတဲ့ အလုပ်လုပ်နိုင်တဲ့လူ အားလုံး အလုပ်ထွက်လုပ်ပါမှ မိသားစုစားနိုင်ရုံပဲရှိတာမို့ နေ့ခင်း  မိုးချုပ်မရှောင် အလုပ်လုပ်နေကြ ရတာပါ။ ရန်ကုန်မြို့မှာ စက်မှုဇုန် အများစုဟာ ညဘက်ပါ အချိန်ပို လည်ပတ်နေတာကြောင့် အိမ် ပြန်ချိန်နောက်ကျတဲ့ အမျိုးသမီး ဝန်ထမ်းအလုပ်သမားတွေအနေ နဲ့ ဒုစရိုက်သမားတွေရဲ့အန္တရာယ် ကို နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်ရွံ့ စွာနဲ့ပဲ သွားလာနေကြရတာပါ။ မော်တော်ဆိုင်ကယ်နဲ့ လုယက် တာတွေ၊  တက္ကစီကားတွေ အသုံး ပြုပြီး လုယက်မှုကျူးလွန်တာတွေ ပိုမိုလုပ်ဆောင်လာကြပါတယ်။ မိမိတို့ရဲ့သားသမီးတွေ ကျောင်း ပြန်နောက်ကျတာတွေ၊ အလုပ် ပြန်၊ ရုံးပြန်နောက်ကျတာတွေဖြစ် ပြီဆိုရင် မိဘတွေအနေနဲ့ ရတက် မအေးရတော့ပါဘူး။ ဒီလိုအခြေ အနေမျိုးတွေ စစ်အစိုးရလက် ထက်တုန်းကတောင် သိပ်မရှိခဲ့ပါ ဘူး။ ယနေ့အချိန်မှာမှ ဖြစ်နေတာ က စိုးရိမ်စရာတစ်ခုပါ။
အခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကလေးသူငယ်ပျောက်ဆုံးမှုကို သုံးသပ်ကြည့်မယ်ဆိုရင် လူကုန် ကူးခံရမှုဖြစ်နိုင်ခြေအများဆုံးရှိပါ တယ်။ လူကုန်ကူးခံရတယ်ဆိုရာ မှာ ပြည်ပကို အပို့ခံရတာဖြစ်နိုင် သလို ပြည်တွင်းမှာပဲ အသုံးချခံရ တာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိန်းကလေးငယ်တွေဖြစ်နေတာ အများဆုံးမို့ လိင်ပိုင်းဆိုင်ရာ အ သုံးချဖို့အတွက်လား၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရောင်းဝယ်ဖို့ လား၊ ဒါမှမဟုတ် အဓမ္မအလုပ် ခိုင်းစေဖို့လား ဘာပဲဖြစ်ဖြစ်စိုးရိမ်  စရာပါပဲ။ အရွယ်ရောက်ပြီးသူ တွေကို သွေးဆောင်ဖြားယောင်း ခိုးယူဖို့ဆိုတာထက် အခုလို က လေးသူငယ်တွေကို ပစ်မှတ်ထား ခိုးယူတာက ဒုစရိုက်သမားတွေအ တွက် ပိုမိုလွယ်ကူအဆင်ပြေတာ ကြောင့် မိဘအုပ်ထိန်းသူတွေအ နေနဲ့ မိမိတို့ရဲ့ကလေးသူငယ်တွေ ကို အထူးဂရုစိုက်ရမှာပဲဖြစ်ပါ တယ်။
အခုဆို ကျောင်းသူလေးတွေ ပျောက်ဆုံးနေတာကို အင်တာ နက်လူမှုစာမျက်နှာမှာ မကြာခ ဏတွေ့နေရပါတယ်။ ဒါကြောင့် လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းအနေ နဲ့ လှုပ်ရှားမှုဖြစ်နေသလားဆိုတာ သံသယဖြစ်စရာပါ။ မိန်းကလေး တစ်ယောက်ပျောက်ဆုံးပြီဆိုရင် ချစ်သူရည်းစားနောက်လိုက်ပြေး တာဖြစ်နိုင်သလို အလည်လွန်တာ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ အပြင် မိမိအိမ်နဲ့အဆင်မပြေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုကျောင်းသူကလေး  သူငယ်တွေ ဆက်တိုက်ပျောက် ဆုံးနေခြင်းကတော့ အထူးစိုးရိမ် စရာဖြစ်နေတာကြောင့် သက် ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်း တွေအနေနဲ့ အရေးကြီးကိစ္စတစ် ရပ်အနေနဲ့ အထူးစုံစမ်းဖော်ထုတ် သွားနိုင်ဖို့ လိုအပ်နေပါပြီ။
မိဘအုပ်ထိန်းသူတွေအနေ နဲ့ မိမိတို့ရဲ့အရွယ်မရောက်သေး တဲ့ကလေးကို လူကြီးမပါဘဲ အ ပြင်မထွက်စေဖို့နဲ့ အပြင်ကို မခိုင်း ဖို့၊ သူစိမ်းတွေခေါ်ရင် မလိုက်ဖို့နဲ့ တစ်ခုခုကျွေးရင် မစားဖို့၊ သားသ မီးကို အတင်းအကျပ်ချုပ်ချယ်တာ မျိုးမဖြစ်စေဖို့၊ ကျောင်းသွား ကျောင်းပြန်ချိန်တွေကို မှတ်သား ထားပြီး ကလေးအနေနဲ့ ပုံမှန်အ ချိန်ပြန်မရောက်ဘူးဆိုရင် သက် ဆိုင်ရာ ဆရာ၊ ဆရာမတွေကို ဆက်သွယ်မေးမြန်းဖို့၊ အိမ်နဲ့ ကျောင်း၊ ကျူရှင်ဝေးရင် ဒါမှမ ဟုတ် ကျူရှင်ပြန်ချိန် ညမှောင်နေ ရင် အကြိုအပို့လုပ်နိုင်ဖို့၊ တွေ့ရာ လူနဲ့ ကလေးငယ်ကို ထည့်တတ် တဲ့အလေ့အထမျိုး မရှိစေဖို့၊ က လေးငယ်ကို မကြာခဏ အိမ် လည်တတ်တဲ့အလေ့အကျင့်မျိုး မရှိစေဖို့၊ ကလေးငယ်တွေကို ဗဟုသုတရှိအောင် သွန်သင်နိုင်ဖို့ စတာတွေကို သတိထားလိုက်နာ ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် မိဘတွေအနေနဲ့ ကလေးပျောက်ဆုံးပြီဆိုရင် ချက် ချင်းရှာဖွေနိုင်ဖို့ လိုအပ်သလို သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အချိန်မီ ဆက်သွယ်အကူအညီတောင်းခံ ရမှာပဲဖြစ်ပါတယ်။
ကလေးသူငယ်ဆိုတာ အ နာဂတ်ရဲ့ဖန်ဆင်းရှင်တွေပဲဖြစ်ပါ တယ်။ ဒီကလေးသူငယ်တွေရဲ့ ဘဝလေးတွေကို လုံခြုံအောင် ဆောင်ရွက်ပေးသွားနိုင်ဖို့ဆိုတာ ယနေ့လူကြီးတွေအားလုံးမှာ တာ ဝန်ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တစ်ခုခုထိခိုက်ခံ စားသွားရပြီဆိုရင် အဲဒီကလေး တစ်ယောက်ချင်းစီရဲ့ဘဝတင်မ ကပါဘူး။ နိုင်ငံတော်ရဲ့အနာဂတ် ဟာလည်း မှေးမှိန်သွားစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေး သူငယ်တွေရဲ့ဘဝလုံခြုံစေဖို့အ တွက် ကလေးသူငယ်အခွင့်အ ရေးတွေအားလုံးကို ပြည့်ပြည့်ဝဝ လိုက်နာဆောင်ရွက်သွားနိုင်ဖို့နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ဥပဒေတွေကိုလည်း လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့၊ ထိရောက်မှုရှိစေရန်ပြင်ဆင်ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်နေပါပြီ။ ကလေးသူငယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းမရှိသေးတာမို့ သူတို့လေးတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ကလေးသူငယ်ဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အပြစ်ပေးအရေးယူဆောင်ရွက်သွားနိုင်ဖို့ လိုအပ်နေပြီဆိုတာ အခုဖြစ်ရပ်တွေက မီးမောင်းထိုး ပြနေသလိုပါပဲ။
အခုလို ကလေးသူငယ်တွေ ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး  သက်ဆိုင်ရာစာသင်ကျောင်း၊ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ အသိပညာပေးဟောပြောပွဲတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာ တွေကို ကျင်းပလုပ်ဆောင်သွား သင့်ပါတယ်။ ဒါ့အပြင် နေ့စဉ် ထုတ်သတင်းစာ၊ ဂျာနယ်တွေနဲ့ ရုပ်မြင်သံကြားသတင်းဌာနတွေ ကနေ အသိပညာပေးအစီအစဉ် တွေ ထုတ်လွှင့်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူတို့ရဲ့ အသက်စည်းစိမ်အိုး အိမ်လုံခြုံစေဖို့အတွက် လိုအပ်တဲ့ ကြိုတင်စီမံဆောင်ရွက်ထားနိုင်မှု ရှိဖို့၊ စဉ်ဆက်အပြတ် ကြပ်မတ် အကောင်အထည်ဖော်သွားနိုင်ဖို့ နဲ့ လုံလောက်တဲ့ရဲတပ်ဖွဲ့ဝင်အင် အား တိုးမြှင့်ချထားဆောင်ရွက် သွားနိုင်ဖို့ လိုအပ်ပါကြောင်း စေတနာထားရေးသားလိုက်ရပါ တယ်။
7 Day Daily,

No comments:

Post a Comment