Wednesday, May 6, 2015

ခေါင်းဆောင်ဆိုသည်မှာ

ေေေေေ ခေါင်းဆောင်ဆိုသည်မှာ

 

http://www.pocanticohills.org/washington/GW1782.jpg
မဟာလူသားတို့သည် နေရာမရွေးဝင်ဆန့်နိုင်စွမ်းရှိကြသည်။ ကြီးသည် ငယ်သည် မြင့်သည် နိမ့်သည်ဟူ၍ခွဲခြား လေ့မရှိ။ သေးငယ်သည်ဆိုပြီး လျစ်လျူမရှု၊ ကြီးမားသည်ဆိုပြီးတော့လည်း မရွံ့ကြပေ။
အမေရိကန်နိုင်ငံ ပထမအကြိမ်ပြည်တွင်းစစ်ပွဲကာလ ဖြစ်သည်။ အရာရှိတစ်ယောက်သည် တံတားဆောက်ရန် အတွက် တပ်သားများက သစ်ပင်များခုတ်လှဲနေသည်ကို ကြီးကြပ်နေရသည်။ လူအင်အားက နည်းလွန်းလှသဖြင့် အလုပ်က မတွင်နိုင်လောက်အောင်ဖြစ်နေသည်။
ထိုအဖြစ်အပျက်ကို တစ်နေရာမှကြည့်နေသည့် အရာရှိကြီးတစ်ဦးသည် တံတားဆောက်နေရာသို့လာပြီး ကြီးကြပ် နေသည့်အရာရှိအား
"တံတားဆောက်နေတာ လူအင်အားမလုံလောက်ဘူး ထင်တယ်"ဟုမေးလိုက်သည်။
"ဟုတ်ပါတယ်။ လူအင်အား အတော်လေးလိုနေတယ်"ဟု အရာရှိငယ်က ပြန်ပြောလိုက်သည်။
ထိုစဉ် မြင်းပေါ်မှ အရာရှိကြီးက
"ဒါဆိုရင် မင်းကိုယ်တိုင် ဘာဖြစ်လို့ ဝင်မလုပ်တာလဲ"ဟုပြောလိုက်ရာ အရာရှိငယ်သည် အောင့်သက်သက်ဖြင့်
"ကျွန်တော်က အရာရှိပဲ။ ဘာကြောင့်ဝင်လုပ်ရမှာလဲ"ဟူ၍ တုံ့ပြန်လိုက်လေသည်။
မြင်းပေါ်မှ အရာရှိကြီးက "အော် ဟုတ်ပေသားပဲ" ဟုတစ်ခွန်းသာပြောပြီး သူကိုယ်တိုင်မြင်းပေါ်မှဆင်းကာ တပ်သားများကြားသို့ဝင်ပြီး လုပ်အားပေးလေသည်။ တံတားဆောက်ပြီးသွားသောအခါ ထိုအရာရှိကြီးက
"နောက်တစ်ခါ ဒီလိုလုပ်အားလိုတယ်ဆိုရင် စစ်သေနာပတိဆီကိုသာ အကြောင်းကြားလိုက်ပါကွာ။ ငါကိုယ်တိုင် ပြန်လာပြီး လုပ်အားပေးပါ့မယ်"ဟုပြောသွားလေသည်။
ထိုသူကား အမေရိကန်သမိုင်းတွင် ထင်ရှားသည့် ဗိုလ်ချုပ်ဝါရှင်တန်ပင်ဖြစ်တော့သည်။
       
           မောက္ခပညာရေး မဂ`ဂဇင်းမှ ကူးယူဖော်ပြပါသည်။

 

No comments:

Post a Comment