Sunday, December 7, 2014

သတင်းကောင်းပါးပါရစေ

သတင်း​ကောင်း ပါးပါရ​စေ

 ၇.၁၂.၂၀၁၄ တနင်္ဂနွေနေ့

မ​ကွေးမြို့၊ကပ်​​ကျော်​ ပညာပါရမီကုသိုလ်​ပြုအဖွဲ့ သည်​ ပညာပါရမီစာကြည့်​တိုက်​ လုပ်​ငန်းများအပြင်​ ​အောက်ပါ ​​လုပ်​​ဆောင်​ချက်​တို့ကို လုပ်​​ဆောင်​ခဲ့ပါသည်​။
လုပ်​​ဆောင်​ချက်​ ၁။ အ​ခြေခံမှ ဘွဲ့ရအထိ လူငယ်​တို့အား ယဉ်​​ကျေးလိမ္မာနှင့်​ အသိပညာ​ပေး သင်​တန်းများ။ ၂။ ကွန်​ပျူတာကို အ​ခြေခံမှ အဆင့်​မြင့်​အထိ သင်​တန်းများ ။ ၃။ ချို့ တဲ့​သော ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်းများ၊ အစိုးရ မူ-လယ်​တန်း​ကျောင်းများ၊ ​ ကျောင်းပြင်​ပပညာ​ရေး​ကျောင်းများ(NFPE)သို့ လိုအပ်​​သော ​ကျောင်းသုံးပရိ​ဘောဂများနှင့်​ စာ​ရေးကိရိယာများကို လှူဒါန်းခြင်း ။ ၄။ မူ၊လယ်​၊ထက်​ ​ကျောင်းသား/သူများ အား အဂ်​လိပ်​စာ အ​ခြေခံမှ (4-Skills) သင်​တန်းများ ပို့ချခြင်း။ စ​သောလူသား အကျိုးပြု လုပ်​ငန်းများကို လုပ်​​ဆောင်​ခဲ့ လုပ်​​ဆောင်​​နေပါသည်​။ ယခုအခါ၌ ပညာပါရမီစာကြည့်​တိုက်​ သည်​ ​ခေတ်​မီဖွံ့ဖြိုး တိုးတက်​လာ​သော ​ခေတ်​စနစ်​ဖြင့်​ ​လျော်​ညီစွာ Modern Library သို့ အသွင်း​ပြောင်း၍ IT နည်းပညာရပ်​များဖြင့်​ လူသားအကျိုးပြု လုပ်​ငန်းကို ပညာဒါန ​ပေးပါ​တော့မည်​။ ထိုအကျိုးပြုလုပ်​ငန်းများ ပညာပါရမီ စာကြည့်​တိုက်​တွင်​ Computer နှင့်​ Tablet များ ထားရှိ​ပေးပြီး အင်​တာနက်​ အသုံးပြုမှုများကို ပညာဒါန အဖြစ်​ အသုံးပြုခွင့်​​ပေးထား မည်​ဖြစ်​ပါသည်​။ ထိုအခွင့်​အလမ်းများကို လူမျိုးဘာသာ မ​ရွေး မည်​သူမဆို အသုံးပြုနိုင်​​ကြောင်း သတင်း​ကောင်းပါးလိုက်​ပါသည်​။

ရရှိနိုင်​​သော အခွင့်​အလမ်းများ

၁။အင် ​တာနက်​အသုံးပြု အချိန်​ပမာဏမှာ (၂၄)နာရီ အချိန်​ပြည့်​ရရှိပြီး လစဉ်​(60)GB အသုံးပြုနိုင်​သည်​။ ၂။ကျောင်းသား၊​ကျောင်းသူများအတွက်​ ပညာရပ်​ဆိုင်​ရာ စာအုပ်​များ၊ ဝိဇ္ဇာသိပ္ပံဘာသာရပ်​ဆိုင်​ရာစာအုပ်​များ အလွယ်​တကူ ရယူနိုင်​ပါသည်​။ ၃။သုတရသ စာအုပ်​များ၊ ကွန်​ပျူတာစ​သောနည်းပညာစာအုပ်​များ တစ်​​သိန်း​ကျော်​တို့ကို Computer နှင့် Tabletများဖြင့် ​​​​ ဖတ်​ရှုခြင်း ​Downloat ​ခြင်းများကို အချိန်​တိုအတွင်း၌ ရရှိ​​အောင် ဖန်​တီး​ပေးထားပါသည်​။ ၄။ကိုယ်​ပိုင်​ဖုန်းများ၊ Tabletများ Computer Laptop များဖြင့်​ မိမိတို့ စိတ်​တိုင်းကျ လိုအပ်​သလို အသုံးပြုနိုင်​ရန်​ Wi-Fi ကိုလည်း ဖွင့်​​ပေးပြီးတစ်​​နေရာတည်း၌ ဗဟုသုတစုံ၊ ပညာရပ်​စုံ၊ သတင်း အချက်​အလက်​အစုံ စ​သောပညာ​ရေး၊စီးပွား​ရေး၊နိုင်​ငံ​ရေး​တို့ကို သိရှိရရှိနိုင်​ရန်​ ရှေ့ လ၌ စတင်​ဖွင့်​လှစ်​ပြီး လူသားအကျိုးပြုလုပ်​ငန်းတို့ကို ပြုလုပ်​မည်​ဖြစ်​​ကြောင်း ထပ်​ဆင့်​၍ သတင်း​ကောင်း ပါလိုက်​ပါသည်​။


ပညာပါရမီစာကြည့်​တိုက်
ပညာပါရမီကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာ
 မ​ကွေး -​ တောင်​တွင်းလမ်း
 မ​ကွေးပညာ​ရေး​ကောလိပ်​အနီး
 အောင်ဇေယျာရပ် ၊မကွေးမြို့ ။
ဖုန်း- 09401557922 09401519174 09401557980 09401557964 09401560687 09401657585 09401519825 09421728084 09256042412 09259035337 09974703275 thitzana.mgy@gmail.com
 mgymgy000@gmail.com
www.Carpkyaw.blogspot.com




Ch

No comments:

Post a Comment