Monday, July 27, 2015

ရတနာဆောင်သူတို့ရဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ (၂၅.၇.၂၀၁၅) စနေနေ့



ယ​နေ့ မ​ကွေးပညာ​ရေး​ကောလိပ်​မှာ ပညာသင်​ကြား​ပေး​နေတဲ့ ဆရာမ ​ဒေါ်သွင်​သွင်​​အေးတို့နဲ့ PPTT(2/15)နှင့်​ DTED(19/14) ရတနာ​ဆောင်​သူတို့ရဲ့ ဝါဆိုသင်္ကန်း၊ဝါဆိုပန်း စတဲ့ လှူဖွယ်တို့ ကို လှူတဲ့​​အခုလို ပွဲမှာ ဘုန်းဘုန်းအ​နေနဲ့ အနု​မောဒနာတရား​လေးကို အနည်းငယ်​​ပြောပြ​ပေးပါမယ်​။
ဘုန်
းဘုန်းတို့​လောကမှာ ဝါဆိုသင်္ကန်းလို့​ပြောလိုက်​ရင်​ ၇နှစ်​အရွယ်​က ​သောတာပန်​ ဖြစ်​ခဲ့တဲ့ ​ကျောင်းအမကြီး ဝိသာခါရဲ့ ကြီးမားလှတဲ့ ​ကျေးဇူးတရားများကို ​အောက်​​မေ့သတိရမိပါတယ်​။ ဇာတ်​လမ်း​တော့မ​ပြော​တော့ပါဘူး။ ဒါ​ပေမယ့်​ နည်းနည်း​တော့​ပြောမှဖြစ်​မယ်​။ အခုလိုဝါဆိုလမှာ ဝိသာခါ​ကျောင်းအမကြီးက
ဘုရားအမှူးရှိ
သော ​ဇေတဝန်​တစ်​​ကျောင်းလုံးရှိ သံဃာ​တော်​​တွေကို ဆွမ်းစားပင့်​ ၊ ​နောက်​တစ်​​နေ့ နံနက်​ပိုင်းမှာ ​လေးကျွန်းလုံးကို တစ်​ပြိုင်​တည်းရွာတဲ့ ​နောက်​ဆုံးမိုးဖြစ်​လို့ မြတ်​ဗုဒ္ဓက သံဃာ​တော်​တို့အား ​ရေချိုးခွင့်​​ပေးခဲ့ပါတယ်​။အဲဒီအချိန်​က သင်္ကန်းရှားပါးလို့ အဝတ်​မပါဗလာ​ရေချိုး​နေရခြင်းရဲ့ အ​ကြောင်း စုံကို တပည့်​မ​လေးမှတဆင့်​ ပုဗ္ဗာရုံ​ကျောင်းအမကြီး ဝိသာခါသိလို့ မြတ်​ဗုဒ္ဓနှင့်​ သံဃာ​တော်​​တွေကို ဆွမ်း​တွေကပ်​ပြီး အခုလို ဆု ၈ မျိုးကို ​တောင်းလိုက်​ပါတယ်​။
အဘယ် ဆု ၈ မျိုးလဲဆိုရင်
(၁) သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း ၀ါဆိုသင်္ကန်းလှူခွင့်
(၂) ကျောင်းသို့ ရောက်လာကြသော ဧည့်သည် အာဂန္တု ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၃) ခရီးသွား ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၄) ဖျားနာနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၅) ဖျားနာနေသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၆) ဖျားနာနေသော ရဟန်းတို့အား အမြဲဆေးပစ္စည်းများ ကပ်လှူခွင့်
(၇) အမြဲမပြတ် ဆန်ပြုတ် - ယာဂုဆွမ်းကပ်လှူခွင့်
(၈) ရဟန်းမ - ဘိက္ခုနီမတို့အား အသက်ထက်ဆုံး ရေသနုပ်လှူရန် တို့ဖြစ်၏။

ဆု ၈ မျိုး တောင်းခြင်းအကြောင်း​တွေက​တော့ -
၁၊ အ၀တ်မဆီး အချည်းနှီး နေလျှင်/ရေချိုးလျှင် မစင်ကြယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်ခြင်း၊
၂၊ ဧည့်သည် အာဂန္တုရဟန်းသည် လမ်းမကျွမ်းသဖြင့် ဆွမ်းခံလို့ ရမည့်အိမ်ကို မသိသဖြင့် ဆွမ်းခက်ခဲခြင်း၊
၃၊ ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာဖွေနေရသဖြင့် သွားရေးလာရေး ခရီးဖင့်နေ ခရီးနောက်နှေးခြင်း၊
၎၊ ဖျားနာနေသော ရဟန်းသည် ရောဂါနှင့်သင့်သော ဘောဇဉ်ကို မရသဖြင့် အနာရောဂါတိုးပွား၍ သေဆုံးခြင်း၊
၅၊ ဖျားနာနေသောရဟန်းကို ပြုစုလုပ်ကျွေးသောရဟန်းသည် ၄င်းအတွက် ဆွမ်းကို ရှာဖွေနေရသောကြောင့် ဖျားနာနေသောရဟန်း ဆွမ်းငတ်နိုင်ခြင်း၊
၆၊ ဖျားနာနေသော ရဟန်းသည် လျောက်ပတ်သည့်ဆေးကို မရသည်ရှိသော် ရောဂါ တိုးပွားပြီး သေခြင်း၊
၇၊ ယာဂု - ဆန်ပြုတ်အကျိုး ဆယ်ပါးကို သိခြင်း၊
၈၊ ဘိက္ခုနီမတို့သည် အစီရ၀တီမြစ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးနေစဉ် ပြည့်တန်ဆာမများက စကြ နောက်ကြခြင်း၊ စသည့် အကြောင်းတရား ၈ ပါးကြောင့် ဆု ၈ မျိုးကို တောင်းပါတယ်
။
မြတ်စွာဘုရားရှင်ဟာ ကျောင်းအမကြီး ၀ိသာခါအား အခြားအကြောင်း ရှိသေးသလားလို့
မေးတဲ့အခါမှာ" ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ၀ါလကင်းလွတ် သီတင်းကျွတ်သည်ရှိသော် မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန်လာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ 'အရှင်ဘုရား ဤမည်သောရဟန်းသည် သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ အကျွတ်တရား ရသွားပါရဲ့လားဘုရား' ဟု မေးလျှောက်သော် မြတ်စွာဘုရားရှင်က ကွယ်လွန်ခဲ့သောရဟန်းသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟု ဖြေကြားပါလိမ့်မည်။
အကယ်၍ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ ကြွရောက်ဖူးပါက တပည့်တော်မ လှူဒါန်းသည့် မိုးရေခံသင်္ကန်း-၀ါဆိုသင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဆန်ပြုတ်-ယာဂုတို့ကို သုံးဆောင်ဖူးမည်ဖြစ်၍ ဘုရားတပည့်တော်မအား ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ငြိမ်အေးခြင်း၊ ချမ်းသာခြင်း၊ တည်ကြည်ခြင်း၊ ဣနြေ္ဒကိုပွားခြင်း၊ ဗိုလ်ကိုပွားစေခြင်း၊ ဗောဇ္ဈင်ကို ပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိပါလိမ့်မည် " ဟု လျှောက်ကြားလိုက်​ပါတယ်​။ ဒါ့​ကြောင့်​ မြတ်ဗုဒ္ဓက အဲဒီလို အကျိုးကျေးဇူးများလို့မို့ ၀ိသာခါကျောင်းအမကြီးတောင်းသော ဆု ၈ မျိုးကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်​။ ၀ိသာခါကျောင်းအမကြီးရဲ့ ကျေးဇူးကြောင့် မိုးရေခံသင်္ကန်း - ၀ါဆိုသင်္ကန်း ပေါ်ပေါက်လာ၍ ရဟန်းတော်များ ၀တ်ရုံသုံးဆောင်ခွင့်ရပြီး ဗုဒ္ဓဘာသာဝင်များက ၀ါဆိုလပြည့်နေ့မှာ ရဟန်းသံဃာများကို ၀ါဆိုသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်း ဖြစ်ပေသည်။
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စတဲ့ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်း စတဲ့အကျိုးတရားများ ရရှိပါတယ်​။ သင်္ကန်းအလှူရှင်တွေအတွက် ရရှိမည့် အကျိုးများက​တော့ -
သုဝဏ္ဏ၀ဏ္ဏော ၀ိရဇော၊ သပ္ပဘာသော ပတာတ၀ါ၊
သိနိဋ္ဌံ ဟောတိ မေ ဂတ္တံ၊ ဘဝေ သံသရတော မမ။

ဒုဿသတသဟဿာနိ၊ သေတာ ပီတာ စ လောဟိတာ၊
ဓာရေန္တိ မတ္ထကေ မယှံ၊ ဒုဿ ဒါနဿိဒံ ဖလံ။

သင်္ကန်းလှူရကျိုး ၈ မျိုး
ရွှေရောင် အဆင်း၊ မြူကင်း စင်ကြယ်၊
သားရေ ၀င်းဖန့်၊ နူးညံ့လှတယ်၊
နီ ညို ဖြူ ၀င်း၊ ၀တ်ခင်း ပေါကြွယ်၊
လှူသင်္ကန်း ၈ ခန်းအကျိုးသွယ်။

သင်္ကန်းလှူခြင်းကြောင့် အသားရေသည် ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ချေး မြူအညစ်အကြေး ကင်းစင်ခြင်း၊ အသားအရေ ၀င်းဖန့်စိုပြေခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အ၀တ်အထည်တွေ၊ အညိုရောင် အ၀တ်အထည်တွေ၊ အဖြူရောင် အ၀တ်အထည်တွေ၊ ၀ါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အ၀တ်အထည်တွေရရှိခြင်း အစရှိတဲ့ အကျိုးများကို ရရှိပါတယ်​။
ဒါ့အပြင်​ အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိမယ့်​အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီးရဲ့ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရတဲ့ စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားတဲ့ ကိုးကုဋေတန် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိအုံးမှာပါ။
အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတစွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမယ်​။ အခု​ပြောခဲ့တဲ့ ​ကောင်းကျိုး​တွေဟာ ဝါဆိုသင်္ကန်းလှူဒါန်းခြင်း​ ကြောင့်​ ရရှိတဲ့ အကျိုးတရား​တွေပါပဲလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ် ။
                        ဘုန်းသစ်
ကျမ်းကိုး.....မဟာဝဂ်ပါဠိတော် - ၀ိသာခါဝတ္ထု ။ 


















No comments:

Post a Comment