Thursday, December 25, 2014

ကျော​င်းေ​န​အရွ​ယ် ကေ​လး​ငယ်တစ်သ​န်းကျော် ပညာ​သင်ခွ​င့်​ဆုံး​ရှု​ံးေ​နေ​ၾ​ကာ​င်း ယူ​နီ​ဆ​က် ထု​တ်ြ​ပ​န





Published on Friday, 26 December 2014 01:40
Written by နေလင်းထွန်း
http://i.guim.co.uk/static/w-620/h--/q-95/sys-images/Guardian/Pix/pictures/2013/2/25/1361805460479/Child-working-in-Burma-oi-005.jpg
မြန်မာနိုင်ငံတွင် ကျောင်းနေအ ရွယ် ကလေးငယ် တစ်သန်းကျော်သည် အခြေခံပညာကျောင်းများ၌ ပညာသင်ယူရန် အခွင့်အလမ်းများဆုံးရှုံးနေကြောင်း ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့(UNICEF) ကဆိုသည်။
 ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (CRC) ၏(၂၅) နှစ်မြောက်အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ကလေးသူငယ် ပညာရေးအခွင့်အလမ်းအတွက် မြန်မာနိုင်ငံ၏လိုအပ်ချက်ကို အဆိုပါအထိမ်းအမှတ်နေ့က အရေး ပေါ်သတိပေးနေကြောင်း ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနသည် ကျောင်းသားထောက်ပံ့ကြေး၊ ကျောင်းသုံးစာအုပ်အခမဲ့ပေးခြင်း နှင့် ဆရာများအတွက်ပံ့ပိုးမှုတိုး မြှင့်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံတွင် ပညာရေးတန်းတူအခွင့်အလမ်းတိုးတက်လာခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များရှိနေကြောင်း ထောက်ပြထားသည်။ မြန်မာနိုင်ငံရှိ ကလေးသူ ငယ်များတွင် အသက်မှန်ကန်စွာ ဖြင့် မူလတန်းပညာပြီးဆုံးသူဦး ရေမှာ ၇၀ ရာခိုင်နှုန်းထက် လျော့နည်းနေပြီး မူလတန်းတက် ရောက်သော ကလေးဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ အလယ်တန်း အဆင့်သို့ရောက်ရှိသွားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကလေးများ အားလုံးမသင်မနေရ အခမဲ့မူလ တန်းပညာရေးရရှိရန် အာမခံထားသော်လည်း ပညာရေးကဏ္ဍ၌ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးနေ ခြင်းကြောင့် အောင်မြင်မှုမရှိဖြစ် နေကြောင်း ယင်းထုတ်ပြန်ချက် တွင် ရေးသားထားသည်။
ကလေးသူငယ်များ စာ သင်ကျောင်းသို့စေလွှတ်ရန် ဆန္ဒရှိသော မိသားစုအများအပြား သည် ငွေပိုငွေလျှံမရှိခြင်းကြောင့် ကလေးငယ်များပညာရေးအခွင့် အလမ်းရရှိရန် အဟန့်အတားဖြစ် စေလျက်ရှိကြောင်း သုံးသပ်ထား သည်။ လက်ရှိအချိန်တွင် ပညာရေးအသုံးစရိတ်သည် အစိုးရအသုံးစရိတ်၏ ၆ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်   ရင်းနှီးမြှုပ်နှံထားသော်လည်း အာဆီယံဒေသတွင်း နိုင်ငံများ၌ မြန်မာနိုင်ငံက ပညာရေး အသုံးစရိတ်အနည်းဆုံးဖြစ်နေသည်။
ယခုအခါပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရမည့် အချိန်ရောက်ရှိနေပြီဖြစ်၍ ၂၀၂၀ ပြည့်နှစ်တွင် အစိုးရအသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းထိ ပညာရေး၌ရင်းနှီးမြှုပ်နှံရေးရည်မှန်းဆောင်ရွက်ရန် ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က အကြံပြုထားသည်။
7 Day Daily,
အတွဲ (၁၃)၊ အမှတ် (၃၈)

No comments:

Post a Comment