Saturday, November 29, 2014

ကံကောင်းခြင်းလက်ဆောင်









ကံကောင်းခြင်းလက်ဆောင်
သာကီနွယ်သွေး
       မဟာကရုဏာတော်ရှင် မြတ်ဗုဒဓက လောကကြီးကို (၆)ကြိမ် ကြည့်တော်မူ ပါတယ။်ကြည့်တော်မူခြင်းရဲ့ အကြောင်းကတော့ ဘ၀သံသရာမှ ကျွတ်ထိုက်သူတွေ ကျွတ်ကြဖို့၊ ဒုကခရောက်သူတွေကို ကယ်တင်ဖို့ ၊ လောကကောင်းကျိုးဆောင်ရွက်သူတွေကို အားပေးဖို့စတဲ့  လောကကို လှစေချင်တဲ့ ဆန္ဒတော်နဲ့ ကြည့်တော်မူပါတယ်။ ကိုယ်ကလည်း မြတ်ဗုဒဓလို စွမ်းအားတွေ မရှိပေမယ့် စွမ်းနိုင်သလောက် ခပ်ရေးရေး အမြင်လေးနဲ့ လောကကောင်းကျိုးအတွက် ကြည့်ရမှာပါပဲ။
       ကြည့်လိုက်တော့ နိုင်ငံတိုင်းဟာ ပညာရေးတွေကို အလေးထားလာကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီခေတ်ဟာ ပညာခေတ်ဆိုပြီး ကြွေးကြော်နေကြပါတယ်။ လူသားတိုင်းစာတတ်မြောက်ရေး၊ စာမတတ်သူ ပပျောက်ရေးတွေ ဆောင်ရွက်ကြတာ ရာစုများစွာ ကြာလာခဲ့ပါတယ်။ အခုအခါမှာတော့ စာဖတ်သူ တိုးပွားရေးတွေ ဆောင်ရွက်နေကြပါတယ်။ တစ်ဖက်ကလည်း ပညာခေတ်နဲ့အညီ နည်းပညာများတိုးတက်ဖို့ကိုလည်း ကြိုးစားနေကြပါတယ်။ မိဘတိုင်းကလည်း သားသမီးများကို ပညာရှင်တွေဖြစ်ဖို့အတွက် တွန်းအားတွေ ပေးနေကြပါပြီ။
        ဒါပေမယ့်  မိဘတွေက ကိုယ်ဖြစ်ချင်တဲ့ ဆနဒအတိုင်း ပုံဖော်ကာ သားသမီးများကို ဇွတ်အတင်း လုပ်ဆောင်မှုတွေကြောင့် ကလေးတွေရဲ့ဆနဒမပါဘဲ မိဘတွေရဲ့ စိတ်တိုင်းကျစီစဉ်မှုတွေကြောင့် အဆင့်မြင့်မြင့် ဘွဲ့တွေ၊ ဒီဂရီတွေ ရကြပါတယ်။ အဆင့်မြင့်မြင့် ဘွဲ့တွေရတိုင်း ကိုယ့်သားသမီးတွေရဲ့ ဘ၀ဟာအောင်မြင်နိုင်ပါသလား။ ဒါတွေကို ဘာဖြစ်လို့ ပြောနေရသလဲဆိုရင် ကိုယ်က လူငယ်တွေနဲ့ အတူတူနေတဲ့သူမို့ သူတို့လေးတွေရဲ့ အကြောင်းကို ပိုသိပြီး ပိုနားလည်ထားလို့ပါ။ ကိုယ်က သူတို့လေးတွေရဲ့ဘ၀ကို တန်ဖိုးထားနိုင်သူမို့ သူတို့လေးတွေကလည်း ဘယ်ကိစစမဆို လာလာပြီး တိုင်ပင်ကြ၊ ရင်ဖွင့်ကြပါတယ်။ နောက်ဆုံး သူတို့လေးတွေရဲ့ မိသားစုပြသ၁နာ၊ ကိုယ်ရေးကိုယ်တာပြသ၁နာတွေအပြင် သူတို့လေးတွေရဲ့ လျှို့ဝှက်ချက်ကိစစတွေမှာတောင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေး အကြံဥာဏ်ကောင်းများ တောင်းခံနေကြပါတယ်။
        တစ်နေ့ကဆို (၁၀.၃.၂၀၁၁ ကြာသပတေးနေ့က ) စတုတတနှစ် ဆေးကျောင်းသားလေးက သူ့ရဲ့ဘ၀အခြေအနေကို အားမလိုအားမရ ရင်ဖွင့်ခဲ့ပါတယ်။ သူဟာ ဥာဏ်အရမ်းကောင်းကြောင်း၊ ဥာဏ်ကောင်းလို့ (၁၀)တန်းမှာ အမှတ်များများရလို့ မြို့နယ်မှာ ပထမတောင်ရခဲ့ကြောင်း… စသဖြင့် ပြောလာပါတယ်။ ဒီနေရာမှာ ပြသ၁နာက စလာပါပြီ။ သူဝါသနာပါတာက မြန်မာမှုအနုပညာပါ။ အဲဒါတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ အင်္ဂလိပ်ဘာသာ သင်ယူချင်တာပါ။ မိဘဖြစ်စေချင်တာက ဆေးတကကသိုလ်တက်ရန်ဆိုပြီး အားပြိုင်ဆွဲကြပါတယ်။ နောက်ဆုံးတော့ အားနည်းသူကလေးက အားသာသူမိဘနောက် ပါသွားပါတယ်။ အခုဆိုအဲဒီကလေးဟာ ဆေးတကကသိုလ် စတုတတနှစ်ရောက်နေပြီး။ ဒါပေမယ့် ဆေးတကကသိုလ် တက်နေတဲ့နှစ်ကို တွက်လိုက်တော့ (၇)နှစ်ကျော်လာခဲ့ပါပြီ။ တကယ်ဆိုရင် ဒီနှစ်အတိုင်းအတာဟာ ဆေးတကကသိုလ် မှပြီးလို့ ဆရာဝန်တောင်မှ ဖြစ်သင့်နေပါပြီ။ ဘာကြောင့်လဲလို့ အဖြေရှာကြည့်လိုက်တော့ အဖြေက ရှင်းရှင်းလေးပါ။ ကလေးဝါသနာပါရာ လုပ်ခွင့်မရှိဘဲ မိဘတွေရဲ့ဆနဒအတိုင်း လိုက်လုပ်ခဲ့ရတော့ သူတို့လေးတွေရဲ့ ဘဝပန်းတိုင်နဲ့ဝေးရသလို မိဘတွေလည်း အချိန်ကုန်ငွေတွေကုန်သလောက် အကျိုးမများဖြစ်ရပါတယ်။
        အဲဒီလူငယ်လေးက ပြောပါတယ်။ သူဝါသနာပါတာက မြန်မာမှု မြန်မာဟန် မြန်မာ့အနုပညာကို အရမ်းဝါသနာပါပါတယ်။ အဲဒီဝါသနာပါတဲ့ ပညာရပ်တွေကို ကမဘာကသိအောင် မြန်မာမှ အင်္ဂလိပ် ၊ အင်္ဂလိပ်မှ မြန်မာ ပြန်ဆိုနိုင်ဖို့ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိအောင် နိုင်ငံခြားဘာသာတကကသိုလ်မှာ အင်္ဂလိပ်ဘာသာရပ်ကို သင်ယူချင်တာပါ။ ဒါပေမယ့် လုပ်ခွင့်မရခဲ့ပါဘူး။ အခုလည်း မိဘတွေဖြစ်စေချင်တဲ့ ဆေးကျောင်းပြီးအောင်တော့ လုပ်မှာပါ။ ဒါပေမယ့် ထူးချွန်မှုတော့ မရှိနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဝါသနာမပါလို့ပါတဲ့… စတဲ့ သူ့ရဲ့ ရင်ဖွင့်သံလေးကို သူကျေနပ်လောက်အောင် အတိုင်းအတာထိ နားထောင်ပေးခဲ့ပါတယ်။ အဲဒီိနေ့က အဲဒီလူငယ်လေးဟာ စိတ်မကောင်း မျက်နှာမသာယာနဲ့ ပြန်သွားခဲ့ပါတယ်။ ကိုယ့်မှာတော့ အဲဒီလူငယ်လေးအကြောင်းတွေးရင်း… ယနေ့ခေတ်လူငယ်တွေရဲ့   ဘဝကို   ဆက်တွေးကြည့် မိပါတယ်။ သြော်… ယနေ့ခေတ် ကလေးတွေဟာ ကံကောင်းသလိုလိုနဲ့ ကံဆိုးနေပါလား။ ကလေးဆနဒမပါ၊ ဝါသနာမပါရာတွေကို လုပ်နေရပါလား။ ဝါသနာမပါတဲ့ အလုပ်တွေ လုပ်နေသမျှ ဘယ်တော့မှ အောင်မြင်မှု မရနိုင်သလို ထူးချွန်မှုလည်းမရနိုင်ပါဘူး။ ဒေါက်တာလှဘေ ဆိုရင်လန်ဒန်တကကသိုလ် မှာအနှစ်(၄၀) တာဝန်ထမ်းဆောင်ခဲ့တဲ့ အရှေ့တိုင်းဘာသာရပ်နဲ့ အာဖရိကရေးရာဌာနမှာ     ပါမောက ဖြစ်ခဲ့ပါတယ်။
       အကြောင်းစုံလို့  သူ့ရဲ့စကားတစ်ခွန်းကိုပြောပါရစေ။- လောကမှာကံအကောင်းဆုံးလူဆိုတာ
 ကိုယ်ဝါသနာပါရာ  အလုပ်နဲ့အသက်မွေးဝမ်းကျောင်း  လုပ်နိုင်တဲ့သူပါပဲ -တဲ့။ ဒီလိုဆိုရင်  ဒီခေတ်လူငယ်တွေကို   ဘယ်လိုပြော  မလဲ။  ကံကောင်းတယ်ဆိုးတယ်  ဆိုတာ   မိဘတွေနဲ့  ရာနှုန်းပြည့်   ပတ်သက်နေပါတယ်။  ကလေးတစ်ယောက်ရဲ့  အောင်မြင်မှုမှာ  မိဘအပေါ်မှာ   ၉၀ရာခိုင်နှုန်း  တည်ပါတယ်။  ဒါကြောင့်မိဘတွေဟာ  ကိုယ်သားသမီးတွေရဲ့  အခွင့်အလမ်းတွေကိုမျှတအောင်   ဖန်တီးပေးနိုင်ရမယ်။ သူတို့လေးတွေ      ၀ါသနာပါရာ   ဘာသာတိုင်းကို   လုပ်ဆောင်  နိုင်ရန်  လမ်းကြောင်းပေးရမယ်။  ဒါမှသာ  သူတို့လေးတွေ   ၀ါသနာပါရာ  လုပ်နိုင်ပြီး  အခွင့်အလမ်းကောင်းမယ်  ဆိုရင်  ပျောရွှင်စွာလုပ်ဆောင်နိုင်မယ်။   တိုးတက်အောင်  ကြိုးစားလာမယ်။  ဆိုင်ရာလုပ်ငန်းများလည်း     အောင်မြင်ဖြစ်ထွန်းလာမှာပါ။  ၀ါသနာမပါဘဲ  လုပ်ရပါက   စိတ်မပါ။  လက်မပါ။    ၀တ်တရားကျေမျှသာ  လုပ်မယ်၊ စည်းကမ်းတွေ  လျှော့ရဲမယ်။  ဆိုင်ရာလုပ်ငန်းခွင်တွေလည်း  အောင်မြင်မှုမရနိုင်တော့ပါဘူး။ ခုနက ရင်ဖွင့်သွားတဲ့ စတုတတနှစ် ဆေးကျောင်းသားလေးကြည့်ပါ။ ဝါသနာ မပါတော့ (၇)နှစ် ဆေးတကကသိုလ်မှာ တက်နေတာတောင် အောင်မြင်မှု မရသေးပါဘူး။ ဒါတွေကို မိဘတွေကို သိစေချင်ပါတယ်။
        ကလေးတွေရဲ့ ဘာသာတွဲများကိုလည်း မိဘစိတ်တိုင်းကျ ရွေးချယ်နေကြတာလည်း တွေ့နေရပါတယ်။ သားသမီးတွေကို ဆရာဝန်ကြီး၊ အင်ဂျင်နီုယာကြီးတွေ ဖြစ်စေချင်လို့ သားသမီးတွေရဲ့ ဝါသနာ၊ ဗီဇစရိုက် လကခဏာ စွမ်းဆောင်နိုင်မှုတွေနဲ့ မချင့်ချိန်ဘဲ၊ မိဘတွေ ဖြစ်လိုတဲ့ သိပံပ တွဲတွေကို ယူနေကြတာလည်း တွေ့ရပါတယ်။ ကလေးဘက်ကိုကြည့်လိုက်တော့ သူဝါသနာပါတာက ဝိဇဇာတွဲ၊ သူသင်ယူနေရတာက သိပံပတွဲဆိုတော့ ကလေးမှာ မိဘအလိုကျ လုပ်ဆောင်ရတော့ ကိုယ်ရည်ကိုယ်သွေးတွေ နိမ့်ကျပြီး အောင်မြင်မှုဝေးခဲ့ပါတယ်။ အောင်ပြန်တော့လည်း အောင်ရုံသာအောင်ခဲ့လို့ မိဘတွေရဲ့ မှန်းချက်နဲ့မကိုက်ဖြစ်ရပါတယ်။ ယနေ့ခေတ် လူငယ်တွေဟာ များသောအားဖြင့် သိပံ ပအသိသညာလည်းမရ ၊ ဝိဇ္ဇာလည်းနားမလည်ဘဲ ဘွဲ့ရသူတွေများနေတာတွေ့ရ၊ မြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ပင်ကိုယ်ဥာဏ်ကောင်းတဲ့ ကလေးတွေကြတော့လည်း မိဘတွေဖြစ်ချင်တဲ့အတိုင်း ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အရောင်းအဝယ် လုပ်နေတဲ့ ဒေါက်တာတွေ၊ လက်ဖက်ရည်ဆိုင်ဖွင့်နေတဲ့ ဒေါက်တာတွေ၊ သီဆို သရုပ်ဆောင်လုပ်နေတဲ့ ဒေါက်တာတွေ၊ ကြက်မွေး၊ လယ်ယာလုပ်နေကြတဲ့ အင်ဂျင်နီယာတွေလည်း ဒုနဲ့ဒေး တွေ့နေ မြင်နေရပါတယ်။ အဲဒီလို ကမောက်ကမတွေဖြစ်နေကြတာဟာ အသိဥာဏ် ဗဟုသုတနုံနဲ့တဲ့ အချို့မိဘတွေကြောင့်ပါ။
        အဲဒီလို ကမောက်ကမတွေ မဖြစ်ရလေအောင် ကိုယ့်ရဲ့ ကလေးတွေကို သူတို့ဝါသနာပါရာ ဘာသာရပ် အတတ်ပညာတွေကို စွမ်းစွမ်းတမံ လုပ်ခွင့်ရအောင် ဆောင်ရွက်ပေးမှသာ သူတို့လေးတွေရဲ့ အနာဂတ်ဘဝဟာ သာယာချောမွေ့မှာပါ။ ဒါကြောင့်လည်း ဒေါက်တာလှဘေ ပြောသလို ဝါသနာပါရာကို အသက်မွေးဝမ်းကျောင်း လုပ်နိုင်မှ ကံကောင်းတဲ့ ကလေးတွေ ဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်ကလေးတွေ ကံကောင်းလာအောင် ဝါသနာပါရာ လုပ်ခွင့်ပေးရပါမယ်။ အဲဒီဝါသနာကို ဒီအတိုင်းမထားဘဲ၊ ဥာဏ်ဦးစီးဖို့ လိုပါတယ်။ ဥာဏ်ဦးစီးမှ မြင်တတ်တဲ့ မျက်လုံး၊ ကြားတတ်တဲ့ နား၊ ခံစားတတ်တဲ့ နှလုံးသား၊ အရာရာမှာ ဝေဖန်စီစစ်တတ်တဲ့ အသိတွေ ရလာမယ်။ လူမှုဆက်ဆံရေးမှာလည်း စာနာတတ်၊နားလည်တတ်၊ မျှဝေခံစားတတ်မှာပါ။ ဒီအသိ ဒီအမြင်တွေရလာဖို့ အခုလို အားလပ်တဲ့ နွေရာသီမှာ ဦးနှောက်ကို အနားပေးရင်း စိတ်အာဟာရတွေ ပြည့်ဝစေဖို့ မြတ်ဗုဒဓရဲ့ ဓမမစာပေများနဲ့ မျိုးဆက်သစ်လူငယ်တွေ ယဉ်ကျေးလိမမာလာအောင် သွန်ုသင်ဆုံးမပေးပြီး ကံပေါ်ဥာဏ်ဆင့်ပြီး ကံကောင်းခြင်းလက်ဆောင်များ ပေးနိုင်ကြပါစေလို့ ဆန္ဒပြု တိုက်တွန်းလိုက်ပါတယ်။
သာကီနွယ်သွေး
၃၀.၁၁.၂၀၁၄
ည( ၁၁း ၂၈)နာရီ

No comments:

Post a Comment