Wednesday, November 26, 2014

အဝေးရောက် ကပ်ကျော်ပညာပါရမီကုသိုလ်ပြုအဖွဲ့ဝင်တို့အား အသိပေးလွှာ


အဝေးရောက် ကပ်ကျော်ပညာပါရမီကုသိုလ်ပြုအဖွဲ့ဝင်တို့အား
အသိပေးလွှာ

၁၆.၁၁.၂၀၁၄ တနဂ်နွနေ့  ညနေ(၅)နာရီ၌ မကွေးမြို့ ၊အောင်​​ဇေယျာရပ် ၊ ကပ်​​ကျော်ကမ္ဘာအေး ဝိပဿနာ ဓမ္မရိပ်သာ ပညာပါရမီကုသိုလ်ပြုအဖွဲ၏ လစဉ်အစည်းအဝေးပွဲကို အောက်ပါအစီအစဉ်အတိုင်အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။
ကပ်​​ကျော်ဆရာတော် စာရေးဆရာ သာကီနွယ်​​သွေး က အဖွင့်အမှာစကားကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်
ကွေးတိုင်​​ဒေသကြီး၊ မကွေးမြို့ ၊ အောင်မဂ်လာရပ်ကွက်အောင်​​ဇေယျာရပ် ၊ ကပ်​​ကျော်ကမ္ဘာအေး ဝိပဿနာ ဓမ္မရိပ်သာ ပညာပါရမီ ကုသိုလ်ပြုအဖွဲ့ မှ ဖွင့်လှစ်​​သော ပညာပါရမီ စာကြည့်သည် ပုံမှန်စာကြည့်တိုက်လုပ်ငန်းများအပြင်
(၁)အခြေခံပညာမှဘွဲ့ရအထိ ကလေးများနှင့်လူငယ်တို့အား ယဉ်​​ကျေးလိမ္မာနှင့် အသိပညာပေး သင်တန်းများ ပို့ချပေးခြင်း ။
(၂)ုမျိုးဆက်သစ်လူငယ်တို့နှင့် လုပ်ငန်းခွင်အတွက်လိုအပ်နေသူတို့အား ​​စေတနာသက်သက်ဖြင့် ကွန်ပျူတာ သင်တန်းများ ပို့ချပေးခြင်း ။
(၃)တက္ကသိုလ်​​ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများအား Campaign နှင့်Advocacy သင်တန်း များ ဆွေးနွေးပို့ချပေးခြင်း။
(၄)မျိုးဆက်သစ်လူငယ်များအတွက် နေ့စဉ်လိုအပ်နေသည့် (က)စဉ်စားဆင်ခြင်၍ စာဖတ်ခြင်း (Reading for Critical Thinking) (ခ)စဉ်းစားဆင်ခြင်၍ စာ​​​​​​​​​​​ရခြင်း (Writing for Critical Thinking) (ဂ)စဉ်စားဆင်ခြင်၍ ​​​ဆွးနွေးခြင်း (Discussion for Critical Thinking) (ဃ)စဉ်းစားဆင်ခြင်၍ နားထာင်ခြင်း (Listening for Critical Thinking) (င)စဉ်းစားဆင်ခြင်၍ မေးခွန်း​​​​​​မးခြင်း (Questioning for Critical Thinking)စသော စဉ်စားဆင်ခြင်ခြင်း နည်းလမ်း များကို ဆွေးနွေးပို့ချပေးခြင်း။
(၅)ကျောင်းသားများကိုယ်တိုင် အားထုတ်ပြီး စဉ်းစားဆင်ချင်ခြင်း Active Learning  and Critical Thanking )ဆိုတဲ့ ပညာရေး အယူအဆအရ ဖော်ထုတ်ထားသော ပညာရေးဆိုင်ရာနည်း လမ်းများ (Teaching Strategies )များ မည်သည့်သင်ရိုးညွှန်းတန်း၊ မည်သည့်အသက်အရွယ်၊ မည်သည့်အတန်း များ နှင့်မဆို ချိတ်ဆက် သင်ကြားနိုင်​​သော သီအိုရီ၊ သုတေသနနှင့် လက်​​တွေ့ကျင့်သုံးမှု တို့ကို အခြေခံပြီး (Concept/Framework /StratesTools)များကို ဖော်ထုတ်ထားသော သင်ကြားရေး နည်းစနစ်များ။   ဆရာ ဆရာမ များနှင်ကျောင်းသား ကျောင်းသူများ အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်း၊ ဆရာများကိုယ်တိုင် လက်​​တွေ့လေ့လာပြီး ရရှိလာသော နည်းစနစ်များကို လက်​​တွေ့ သရုပ်ပြ ( Demonstration) ဆွေးနွေးခြင်းများ ၊   သင်ခန်းစာ ပြင်ဆင်ခြင်ကျောင်းသားအဖြစ်နဲ့(Lesson planning) နှင့် စစ်​​ဆေးခြင်း (Assessment)များကို သရုပ်ပြ ဆွေးနွေးခြင်းများ။   ERR-Framework နှင့် သင်ခန်းစာ ဘယ်လိုပြင်ဆင်ဆိုသည်များ Formative Assessment (သင်ယူနေစဉ်ဘယ်လို စစ်​​ဆေးရမည်) ဆိုသည်များကို ဆွေးနွေးပေးခြင်းများ ။   အဖြေတသမတ်တည်းမရှိတဲ့ သင်ခန်း စာ​​တွေရဲ့ စစ်​​ဆေးရေးလုပ်ငန်းစဉ်မှာ ဘက်လိုက်မှုကို ထိမ်း ညှိရန် Teacher/ Student Rubrics (Self-assessment/ Peer Assessment / group Assessment / work sampling / portfolio....etc) and Standards ဆရာ နှင့် ကျောင်း သားများ လိုက်နာရမယ့်အတွက် စစ်​​ဆေးရေး ဆိုင်ရာ စည်းမျဉ်း နှင့် စံများကို ဆွေးနွေးခြင်းများ။ စသည်များပါဝင်​​သော ဆရာ၊ဆရာမတို့အတွက် Reading and Writing For CriticalThainking (RWCT)သင်တန်းများကို Thaiking Classroom Foundation နှင့် ချိတ်ဆက်ပြီး ပို့ချပေးခြင်း ။
(၆)ချို့ တဲ့သော ဘုန်တော်ကြီးသင် ပညာရေးကျောင်းများ၊ အစိုးရမူလတန်ကျောင်းများ၊ကျောင်း ပြင်ပပညာရေးကျောင်းများ (NFPE)သို့ လိုအပ်​​သောကျောင်းသုံး ပရိဘောဂများနှင့် စာရေးကိရိယာများကို လှူဒါန်းခြင်း ။
(၇)မူ၊လယ်၊ထက် ကျောင်းသား၊ကျောင်းသူများအား အင်္ဂလိပ်စာအခြေခံမှစ၍ (4-Skills)သင်တန်းများ ပို့ချပေးခြင်း ။
(၈)ကျန်းမာရေး ပညာရေးစသော အသိဥာဏ်​​ပေး စာပေဟောပြောပွဲများ ပြုလုပ်ခြင်း။ စသောလူမှုအကျိုးပြုလုပ်ငန်းတို့ကို ပြုလုပ်​​နေကြပါသည်။ ဒါ့ကြောင့် အခုကြွရောက်လာကြတဲ့ ပညာပါရမီ ကုသိုလ်ပြုအဖွဲ့ ဝင်များ ဖြစ်ကြသော ဆရာတော်များ၊ ဆရာကြီး၊ဆရာမကြီးများ၊ စာရေးဆရာများစတဲ့ အဖွဲ့ဝင်များက ဒီလုပ်ငန်းစဉ်များနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝတို့နှင့် ပညာပါရမီစာကြည့် တိုက်ကြီး အရှည်တည်တန်အောင် ဝိုင်းဝန်းပြီး ပေးစေလိုကြောင်း အဖွင်းအမှာစကားကို မိန့်ကြားခဲ့ပါသည်။ 
    ထို့နောက် တက်​​ရောက်လာကြတဲ့ ဆရာကြီး၊ဆရာမကြီးများ၊စာရေးဆရာတို့က အဖွဲ့၏လုပ်ငန်းစဉ်တို့ကို အပြန်အလှန်​​ဆွေးနွေးကြပြီး အောက်ပါလုပ်ငန်းစဉ်များကို အများ သဘောတူ ဆန္ဒများဖြင့် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အကြောင်းအမျိုးမျိုးကြောင့် မတက်​​ရောက်နိုင်​​သော အဖွဲ့ဝင်များနှင့် အဝေးရောက်အဖွဲ့ဝင်တို့အား အသိပေးအပ်ပါသည်







ပညာပါရမီစာကြည့်တိုက် မကွေးမြို့၏ ၂၀၁၄ခုနှစ် နိုဝင်ဘာ၊ဒီဇင်ဘာ နှင့်ဇန်န၀ါရီလများအတွင်း ဆောင်ရွက်ပြီး၊ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်မည့်အစီအစဉ်များ
                                                           
၁။       မကွေးမြို့နယ်အတွင်းရှိတက္ကသိုလ်၊ကောလိပ်နှင့်သင်တန်းကျောင်းများသို့ Internet(Wifi)အသုံးပြု၍ရပြီဖြစ်ကြောင်းအသိပေးသည့်အနေဖြင့် လက်ကမ်းစာစောင်များဝေငှခြင်း ၊ဌာနဆိုင်ရာများသို့ဖိတ်ကြားစာများပေးပို့ခြင်းတို့ကိုဆောင်ရွက်ခဲ့ပ်ါသည်။
၂။       တက္ကသိုလ်၊ကောလိပ်နှင့်ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ပြင်ပစာပေလိုက်စားသူများအားဖိတ်ကြား၍ Tablet & Internet အသုံးပြုမည့် အစီအစဉ်များကို အသိပေးခြင်း (အသုံးပြုသည့်အစီအစဉ်နှင့် စည်းမျဉ်း၊စည်းကမ်းများကိုရှင်းလင်းခဲ့ပါသည်။)
၃။       ကပ်ကျော်ပညာပါရမီကုသိုလ်ပြုအဖွဲ့နှင့်ချိတ်ဆက်၍ Tablet & Internetအသုံးပြုရန် အကောင်အထည်ဖော်မှုအပေါ် အကြံဥာဏ်အား၊ငွေအားဖြင့် ကူညီပံ့ပိုးရန် ညှိနှိုင်းဆုံးဖြတ် မှုများ ပြုလုပ်ခဲ့ပါသည်။
၎။       အမျာပြည်သူများ၊ကျောင်းသား၊ကျောင်းသူများTablet & Internetလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် နည်းပညာအထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။ (စာအုပ်စာတမ်းဆိုင်ရာတာဝန်ခံတစ်ဦးနှင့် နည်းပညာပိုင်းဆိုင်ရာတာဝန်ခံတစ်ဦးတို့ကို တာဝန်ပေးအပ်ခဲ့ပါသည်။)
                        (က)စာအုပ်စာတမ်းဆိုင်ရာတာဝန်ခံစာကြည့်တိုက်မှူး
                             ဦးတင်နု(ပခုက္ကူတက္ကသိုလ်စာကြည့်တိုက်မှူး-ငြိမ်း)
                        (ခ)Tablet & Internet နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ
                             ဦးသီဟကျော်
                        (ဂ)Tablet & Internetနည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူး 
                             ဦးကျော်ဇင်အောင်
၅။       Tablet & Internetအသုံးပြုရန် ရရှိခဲ့ပါကအများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ များထိရောက်စွာအသုံးပြုနိုင်ရန်         စီစဉ်ဆောင်ရွက်ခြင်းများကိုပြုလုပ်ပါမည်။
၆။       အပတ်စဉ် သီတင်းပတ်၏နောက်ဆုံးနေ့များတွင် အသုံးပြုသူများ၏ သဘောထား မှတ်ချက်နှင့် အကြံပြုချက်များအပေါ် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်၍ ပြန်လည်သုံးသပ်ချက်များကိုမှတ်တမ်းများ စနစ်တကျ ထားရှိပြီး ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ကြပါမည်။
၇။       လအလိုက်လုပ်ငန်းအကောင်အထည်ဖော်မှုအပေါ် သုံးသပ်ခြင်းနှင့်တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ဖြည့်ဆည်းဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပါမည်။
၈။       Internetကိုအသုံးပြု၍ စာကြည့်တိုက်တွင်ရှိသောကွန်ပျူတာများဖြင့် အများပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများအား Internet& E-mail အသုံးပြုနည်းသင်တန်းများ ကိုလစဉ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
၉။       အပတ်စဉ်၊လစဉ် Tablet & Internetများ၏ ကြံ့ခိုင်ရေး(Software & Hardware)အတွက် စဉ်ဆက်မပြတ် စစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်း၊ပြုပြင် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
၁၀။     Tablet & Internetများကိုအသုံးပြု၍ ကျောင်းသား၊ကျောင်းသူများကို အစုများဖွဲ.ကာ မိမိသိရှိထားသောအကြောင်းအရာများကိုဆွေးနွေးခြင်း၊အသိပညာများဖလှယ်ခြင်းစသည်တို့ကိုဆောင်ရွက်စေပါမည်။
၁၁။     Tablet & Internetကိုအသုံးပြု၍ ကျောင်းသား၊ကျောင်းသူများ၏ လိုအပ်သောဘာသာ ရပ်ဆိုင်ရာအထောက်အကူပြု စာအုပ်များကိုရှာဖွေဖတ်ရှုလိုပါကကူညီရှာဖွေ ပံ့ပိုးပေးခြင်း များကိုဆောင်ရွက်ပေးပါမည်။

ပညာပါရမီစာကြည့်တိုက်
မကွေး-တောင်တွင်းလမ်း
အောင်ဇေယျာရပ်ကွက်၊ မကွေးမြို့။
ဖုန်း - ၀၉၄၀၁၅၅၇၉၂၂
mgymgy000@gmail.com



No comments:

Post a Comment