Monday, February 2, 2015

ဖိတ်ကြားလွှာ




ဖိတ်ကြားလွှာ
ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့မှ
ကြီးမှူး၍ ဖွင့်လှစ်သော
ပညာပါရမီစာကြည့်တိုက်၏။
နှစ်ပတ်လည် အခမ်းအနားပွဲတွင်
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲနှင့်
ပြည်ထောင်စုနေ့ အကြို
အထိမ်းအမှတ်အဖြစ်
ဓာတ်ပုံပြပွဲများ၊ ပန်းချီကားပြပွဲများ
နံရံကပ်စာစောင်များ၊ ကာတွန်းပြကွက်များကို အောက်ပါအစီအစဉ်အတိုင်း
ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။
သို့ပါ၍ လူကြီးမင်းကိုယ်တိုင်
မပျက်မကွက် ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက်... ၁၃၇၆ခု၊ တပို့တွဲလပြည့်ကျော်
(၄)ရက်၊ (၇.၂.၂၀၁၅)၊စနေနေ့ ၊
အချိန်... နံနက်(၈)နာရီ-မှ-(၁၂)နာရီအထိ
အခမ်းအနားစတင်ချိန်...နံနက်(၉)နာရီ ။
နေရာ...ပညာပါရမီ စာကြည့်တိုက်
ပညာပါရမီ ကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာဓမ္မရိပ်သာ
အောင်ဇေယျာရပ် ၊
မကွေးမြို့ ။
မှတ်ချက် ။ ။ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း ကဗျာ၊ နံရံကပ်စာစောင်များကို
၅.၂.၂၀၁၅၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ ပေးပို့ပါရန် ဝါသနာရှင်များ၊ ကျောင်းသား/သူများအား မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment