Monday, April 27, 2015

၂ / တောင်ရပ်ကွက် ရန်ပြေလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်း



၂ / တောင်ရပ်ကွက် ရန်ပြေလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်း ပထမနေ့ မြင်ကွင်း

ရန်ကုန်တိုင်ဒေသကြီး ၊ သာကေတမြို့ ၊ ၂တောင်ရပ်ကွက် ရန်​​ပြေလုံးဆိုင်ရာ ယဉ်​​ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဆရာတော်ဘဒ္ဒန္တ ပညာဇောတအရှင်သူမြတ်က သရဏဂုံ ၅ပါးသီလတို့ကိုပေးပြီး သြဝါဒတရားတို့ကို မိန့်ကြားခြင်း ၊ ရန်အာင်မြင် ဓမ္မာရုံမှ နာယကကြီး ဦးကြည်​​မောင်က အခုလိုယဉ်​​ကျေးလိမ္မာသင်တန်းကြီးကို ဖွင့်လှစ်​​ပေးလို့ အတိုင်းထက်လွန် ဝမ်မြောက်ဝမ်းသာကြောင်းနှင့် ဤဓမ္မာရုံ၌လည်း ယဉ်​​ကျေးလိမ္မာသင်တန်းများ ပြုလုပ်ဖို့ အစီအစဉ်​​တွေရှိကြောင်း ထိုအစီအစဉ်များ အခုတော့ ပြည့်ဝသွားလို့ ပီတိများစွာများဖြင်ပျော်ရွှင်စွာ သာဓုများခေါ်မိကြောင်း စသဖြင်ပြောကြားခြင်း ၊၂တောင်ရပ်ကွက် သာကေတ အုပ်ချုပ်​​ရေးမှူး ဦးခင်မာင်ရီ​​က ယဉ်​​ကျေးလိမ္မာသင်တန်းကို ဖွင့်သင်ကြောင်းနှင်ရှေးအစဉ်အဆက်၌လည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ဖို့လိုကြောင်း ထိုသို့ဖွင့်လှစ်ဖို့ရန် အားလုံးမှာတာဝန်ရှိကြောင်း ထိုတာဝန်ကို ကိုယ်စီကိုယ်စီ လုပ်​​ဆောင်သင်​​ကြောင်း တာဝန်သိစိတ်နှင့် ပြုလုပ်သင်ကြောင်း စသဖြင်ပြောကြားခြင်း ၊ ထို့နောက် ကပ်​​ကျော်ဆရာတော် အရှင်သဇ္ဇန(သာကီနွယ်​​သွေး) အရှင်သူမြတ်က မိဘတို့ရဲ့လိုအင် မျိုးဆက်သစ်လူငယ်တို့ရဲ့ လိုအပ်ချက်တို့ကို ဖြည့်ဆည်ပေးသော အားဖြင့် ဆရာဒကာလက်တွဲညီစွာ လူငယ်တို့ရဲ့ ရှေးကောင်းစားရေး အညွန့်တလူလူတက်​​နေတဲ့ လူငယ်များ တန်ဖိုးမြင့်လူသားတွေ ဖြစ်လာအောင် ဆောင်ရွက်သွားကြဖို့နဲ့ လူငယ်​​တွေရဲ့လိုအပ်ချက်များကို သူ့တာဝန် ကိုယ့်တာဝန်မခွဲခြားဘဲ ဟာနေတဲ့ ကွက်လပ်ကြီးကို အားလုံးက ဝိုင်းပြီးဖြည့်ဆည်းကြပြီး ပျော်ရွှင်ငြိမ်းချမ်သောဘဝကို ကိုယ်စီတည်​​ဆောင်နိုင်​​အောင် လူငယ်တို့ရဲ့ ရင်ဘတ်ထဲထိရောက်​​အောင် အသိပညာ အတတ်ပညာတို့ကို အခုလိုယဉ်​​ကျေးလိမ္မာသင်တန်းများကို ကြိမ်ဖန်များစွာ ပြုလုပ်သွားကြဖို့ စသဖြင့် မိန့်မှာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာပြီး၍ သင်တန်းဆရာ ဆရာမတို့က အလှည့်ကျ သင်ကြားပေးကာ ညနေ၄း၃၀နာရီ၌် တစ်​​နေ့တာ ပြီးဆုံးခဲ့ပါသည်

၂၇.၄.၂၀၁၅ ၊တနင်္လာနေ့ 




၂၇.၄.၂၀၁၅ ၊ တနင်္လာနေ့















No comments:

Post a Comment