Saturday, August 24, 2013

ညီညွတ်ရေးလမ်းစဉ် (၄) မျိုး


ညီညွတ်ရေးလမ်းစဉ် (၄) မျိုး ====

အများနဲ့စုပေါင်းနေရင် ယင်ကောင်များလိုမရှုပ်ထွေးစေဘဲ ပျားကောင်များလို ဖွဲ့စည်းပုံစနစ်နဲ့ ဖြောင့်ဖြောင့်မတ်မတ် သန့်သန့်ရှင်းရှင်း ပေါင်းစုနေတတ်ရမယ်။ ဖွဲ့စည်းပုံစနစ်(၄)ချက်ရှိတယ်...

၁။ အမျိုးဘာသာ သာသနာတော်အတွက် ခံယူဦးတည်ချက်ရှိရမယ်။ အမျိုးနှင့် သာသနာကို နည်းမှန်လမ်းမှန် ချစ်တတ်ရမယ်။ နာမည်ကောင်းကိုထိန်းထားနိုင်ရမယ်။

၂။ စည်းကမ်းရှိရမယ်။ စည်စနစ်ကောင်းရမယ်။ အများယုံကြည်စိတ်ချရလောက်အောင် စည်းကမ်းကို လိုက်နာတတ်ရမယ်။ အချင်းချင်းသစ္စာရှိရမယ်။

၃။ အနစ်နာခံ စွန့်လွှတ်နိုင်ရမယ်။ ရှိတာကိုခွဲဝေ အသုံးချရမယ်။ မိသားစုစိတ်ဓာတ်ရှိရမယ်။ အများအကျိုးကိုလိုလားရမယ်။ အချင်းချင်းအပြန်အလှန် ပေးကမ်းပြောကြား ကူညီတတ်ရမယ်။

၎။ စဉ်းစားနှိုင်းချိန် သုံးသပ်ဆုံးဖြတ်နိုင်တဲ့ ပညာရှိရမယ်။ ဘ၀အနှစ်ဖြစ်တဲ့ ကောင်းမှုတရားကို ပန်းတိုင်အဖြစ်ထားရမယ်။

အဲဒါကို ဖွဲ့စည်းပုံစနစ် (၄) ချက်လို့ခေါ်တယ်။ ညီညွတ်ရေးလမ်းစဉ် (၄)မျိုးလို့လည်းခေါ်တယ်။ ဒီ (၄)မျိုးပေါင်းစုနေရင် ဆီနဲ့ရေ ရောထားသလိုဖြစ်သွားမယ်။ ဆီနဲ့ရေ တစ်သားတည်းရောထားလို့ မရဘူး။ ဆီကချည်း ရေရဲ့ပေါ်မှာနေတယ်။ ဒီ (၄)မျိုးမရှိရင်လည်း တစ်သားတည်းညီညွတ်အောင် ပေါင်းစုလို့မရဘူး။ ကိုယ်ကချည်း အပေါ်စည်းနေချင်ရင် ကမောက်ကမ ဖြစ်တတ်တယ်။ ကွဲအက် လာတတ်တယ်။ ကြာကြာလည်းမခံဘူး။ ဒီ (၄)မျိုးလမ်းစဉ်အတိုင်း စုပေါင်းနေကြရင် (ဒီ ၄ မျိုး ရှိရင်) နို့ နဲ့ရေ ခွဲမရအောင် ရောထားသလို မေတ္တာရှင်ပုံစံနဲ့ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် တစ်စားတည်းပေါင်းစု နေနိုင်ကြတယ်။ လုပ်သမျှလည်း အစစအရာရာ အောင်မြင်နိုင်ကြပါတယ်။

==(တိပိဋက ယောဆရာတော်)


No comments:

Post a Comment