Friday, February 15, 2013

ပညာပါရမီကုသိုလ်ပြုရခြင်း၏ရည်ရွယ်ချက်



၁။ယဉ်ကျေးလိမ္မာစေရေးနှင့်စည်းကမ်းကောင်း၊နည်းလမ်းကောင်းများ ရရှိစေရေး။
၂။ကလေးတို့ရဲ့မွေးရာပါအရည်အသွေးတွေနှင့်စရိုက်ကိုကြည့်ပြီးလူသားစွမ်းရည်မြင့်တက်လာအောင် ဘာသာရပ်တို့ကိုသင်ပေးရင်းတန်ဖိုးမြင့် လူသားတွေမွေးထုတ်ပေးရေး။
၃။ကိုယ်ရည်ကိုသွေးတိုးတက်စေရေးနှင့်တွေးခေါ်ဥာဏ်ရည် ဖွံ့ဖြိုးရေး။
၎။မိမိရဲ့လူမှုဝန်းကျင်နှင့်သဘာ၀၀န်းကျင်ကိုပိုမိုကောင်းမွန်လာအောင်စွမ်းဆောင်နိုင်သည့်
  ဥာဏ်မျက်စိအမြင်ဖွင့်ပေးရေး။
၅။ကလေးတို့ရဲ့ကာယ၊ဥာဏစွမ်းရည်နှင့်စာရိတ္တနှင့်အသိဥာဏ်တွေအစွမ်းကုန်
   ဖွံ့ဖြိုးလာအောင်သူတို့ကိုယ်တိုင် လေ့ကျင့်ပေးစေရေး။
၆။ကျောင်းနေအရွယ်များနှင့်လုပ်ငန်းခွင်ထဲမှမျိုးဆက်သစ်လူငယ်များစာတတ်မြောက်ရေးနှင့်
  အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်စေရေး။
၇။စာပေအသိမှတဆင့်မိမိပတ်ဝန်းကျင်နှင့်ကမ္ဘာကြီးကိုကြည့်တတ်မြင်တတ်စေရေး။
၈။စာပေကပေးသောအတတ်ပညာများကိုဘ၀ထဲတွင်အသုံးချတတ်စေနိုင်ရေး။
၉။ပျော်ရွှင်ငြိမ်းချမ်းသောဘ၀ကိုလူတိုင်းစေ့တည်ဆောက်နိုင်ရေးစသောရည်ရွယ်ချက်
   တို့ဖြင့်ပညာပါရမီကုသိုလ်ပြုလုပ်ငန်းကြီးကို ပြုလုပ်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment