သတင်းကောင်း ပါးပါရစေ
၇.၁၂.၂၀၁၄ တနင်္ဂနွေနေ့
မကွေးမြို့၊ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့ သည် ပညာပါရမီစာကြည့်တိုက် လုပ်ငန်းများအပြင် အောက်ပါ လုပ်ဆောင်ချက်တို့ကို လုပ်ဆောင်ခဲ့ပါသည်။
လုပ်ဆောင်ချက် ၁။ အခြေခံမှ ဘွဲ့ရအထိ လူငယ်တို့အား ယဉ်ကျေးလိမ္မာနှင့် အသိပညာပေး သင်တန်းများ။ ၂။ ကွန်ပျူတာကို အခြေခံမှ အဆင့်မြင့်အထိ သင်တန်းများ ။ ၃။ ချို့ တဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အစိုးရ မူ-လယ်တန်းကျောင်းများ၊ ကျောင်းပြင်ပပညာရေးကျောင်းများ(NFPE)သို့ လိုအပ်သော ကျောင်းသုံးပရိဘောဂများနှင့် စာရေးကိရိယာများကို လှူဒါန်းခြင်း ။ ၄။ မူ၊လယ်၊ထက် ကျောင်းသား/သူများ အား အဂ်လိပ်စာ အခြေခံမှ (4-Skills) သင်တန်းများ ပို့ချခြင်း။ စသောလူသား အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်ခဲ့ လုပ်ဆောင်နေပါသည်။ ယခုအခါ၌ ပညာပါရမီစာကြည့်တိုက် သည် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသော ခေတ်စနစ်ဖြင့် လျော်ညီစွာ Modern Library သို့ အသွင်းပြောင်း၍ IT နည်းပညာရပ်များဖြင့် လူသားအကျိုးပြု လုပ်ငန်းကို ပညာဒါန ပေးပါတော့မည်။ ထိုအကျိုးပြုလုပ်ငန်းများ ပညာပါရမီ စာကြည့်တိုက်တွင် Computer နှင့် Tablet များ ထားရှိပေးပြီး အင်တာနက် အသုံးပြုမှုများကို ပညာဒါန အဖြစ် အသုံးပြုခွင့်ပေးထား မည်ဖြစ်ပါသည်။ ထိုအခွင့်အလမ်းများကို လူမျိုးဘာသာ မရွေး မည်သူမဆို အသုံးပြုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
ရရှိနိုင်သော အခွင့်အလမ်းများ
၁။အင် တာနက်အသုံးပြု အချိန်ပမာဏမှာ (၂၄)နာရီ အချိန်ပြည့်ရရှိပြီး လစဉ်(60)GB အသုံးပြုနိုင်သည်။ ၂။ကျောင်းသား၊ကျောင်းသူများအတွက် ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဝိဇ္ဇာသိပ္ပံဘာသာရပ်ဆိုင်ရာစာအုပ်များ အလွယ်တကူ ရယူနိုင်ပါသည်။ ၃။သုတရသ စာအုပ်များ၊ ကွန်ပျူတာစသောနည်းပညာစာအုပ်များ တစ်သိန်းကျော်တို့ကို Computer နှင့် Tabletများဖြင့် ဖတ်ရှုခြင်း Downloat ခြင်းများကို အချိန်တိုအတွင်း၌ ရရှိအောင် ဖန်တီးပေးထားပါသည်။ ၄။ကိုယ်ပိုင်ဖုန်းများ၊ Tabletများ Computer Laptop များဖြင့် မိမိတို့ စိတ်တိုင်းကျ လိုအပ်သလို အသုံးပြုနိုင်ရန် Wi-Fi ကိုလည်း ဖွင့်ပေးပြီးတစ်နေရာတည်း၌ ဗဟုသုတစုံ၊ ပညာရပ်စုံ၊ သတင်း အချက်အလက်အစုံ စသောပညာရေး၊စီးပွားရေး၊နိုင်ငံရေးတို့ကို သိရှိရရှိနိုင်ရန် ရှေ့ လ၌ စတင်ဖွင့်လှစ်ပြီး လူသားအကျိုးပြုလုပ်ငန်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း ထပ်ဆင့်၍ သတင်းကောင်း ပါလိုက်ပါသည်။
ပညာပါရမီစာကြည့်တိုက်
ပညာပါရမီကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာ
မကွေး - တောင်တွင်းလမ်း
မကွေးပညာရေးကောလိပ်အနီး
အောင်ဇေယျာရပ် ၊မကွေးမြို့ ။
ဖုန်း- 09401557922 09401519174 09401557980 09401557964 09401560687 09401657585 09401519825 09421728084 09256042412 09259035337 09974703275 thitzana.mgy@gmail.com
mgymgy000@gmail.com
www.Carpkyaw.blogspot.com

No comments:
Post a Comment