ဗိုလ်ချုပ်မွေးနေ့ ( သို့မဟုတ် )ကလေးများနေ့
၁၃.၁၂.၂၀၁၄
၁၉၅၇ ခုနှစ်ဖော်ဖော်ဝါရီ၁၃ရက်နေ့က ကမ္ဘာ့ကလေးများနေ့
အထိမ်းအမှတ်အခမ်းအနားကို ဗိုလ်ချုပ်ပန်းခြံ၌ကျင်းပခဲ့ရာ ကလေးသူငယ်များ
စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်
ဤသို့တက်ရောက်ခဲ့သည်။
ဖေဖော်ဝါရီလနှင့်ပတ်သက်၍
မြန်မာနိုင်ငံသားတိုင်းမှာ သမိုင်းဝင် အထိမ်းအမှတ်နေ့ကြီး နှစ်နေ့ရှိနေ
သည်။ နေ့တစ်နေ့က ‘မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေး ကြီး သော
တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှုရရှိသောနေ့’ တစ်နည်း အားဖြင့်
ပင်လုံစာချုပ်ချုပ်ဆိုသော နေ့၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဖြစ် သည်။ ထိုနေ့ကို
နိုင် ငံတော်က ပြည် ထောင်စုနေ့ဟု တရားဝင်သတ်မှတ် ပေးထားသည်။
နောက်ထပ်ထူးခြား သောနေ့တစ်နေ့မှာ အမျိုးသားခေါင်း ဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း ၏ေ မွးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဖြစ် သည်။သည်နေ့ကို
မြန်မာနိုင်ငံ ‘ကလေးများနေ့’ ဟု သတ်မှတ်ထား သော်လည်း ပြန်တမ်းဝင်နေ့တစ်နေ့
ဟု သတ်မှတ်မထား။ သို့သော် လည်း ဗိုလ်ချုပ်မွေးနေ့ကို ‘ကလေး များနေ့’
ဟုသတ်မှတ်ကာ ၁၉၅၇ ခုနှစ်က ရန်ကုန်မြို့၊
ဗိုလ်ချုပ်ပန်းခြံ၌အခမ်းအနားကျင်းပခဲ့သည်ကို မှတ်တမ်းများတွင် တွေ့ရှိရ
သည်။ ထိုနှစ်ကကလေးသူငယ်အကျိုး ဆောင် ဥက္ကဋ္ဌကြီးစဝ်ရွှေသိုက်၊ လွှတ်တော်
ဥက္ကဋ္ဌကြီးဗိုလ်မှုးအောင်၊ မြို့တော်ဝန် ဦးမောင်မောင်တို့ တက်ရောက်ခဲ့ပြီး
ကလေး သူငယ်များ စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌဒေါ်ခင်ကြည်က ဘက်စုံ
ထူးချွန်သောကလေး သူငယ် များအား ဗိုလ်ချုပ်အောင်ဆန်း ရွှေတံဆိပ်ဆုကို
ချီးမြှင့်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ကလေးဘဝ
ဗိုလ်ချုပ်အောင်ဆန်းတွင်
Sterling Qualities ခေါ် ထူးခြား သည့်ဂုဏ်များရှိနေသည်။ သူသည် ကလေးဘဝကပင်
စိတ်ရောကိုယ်ပါ လွတ်လွတ်လပ်လပ်နေလိုသည်။ မျက်နှာလိုမျက်နှာရလုပ်ခြင်းကို
အထူး စက်ဆုပ်သည်။ လုံးဝလိမ် ညာတတ်သူမဟုတ်။ကြွားဝါထင်ပေါ် မှုကို မလိုလား။
စာပေအနုပညာကို ငယ်စဉ်ကပင် ဗီဇရှိနေ သူဖြစ်သည်။ ဗိုလ်ချုပ်၏
ကြီးကျယ်မြင့်မြတ်မှု၊ ရိုးသားတည်ကြည်မှု၊ ကိုယ်ကျိုးမငဲ့ ကွက်မှုများမှာ
ကလေးတို့အတွက် စံပြုလောက်သည့် ဂုဏ်ဒြပ်များဖြစ် သည်။ ဤ အချက်များကြောင့်ပင်
မြန်မာ့ကလေးများနေ့ကို ဗိုလ်ချုပ် မွေးနေ့အားသတ်မှတ်ခြင်းမှာ
အဓိပ္ပာယ်ရှိသည်ဟုဆိုခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဟု မြန်မာ
နိုင်ငံတွင် ထင်ရှားလာသည့် မောင် အောင်ဆန်းကလေးကို ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ
၁၃ ရက်၊ စနေနေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်ေ မာက် မြို့၌
မိဘများဖြစ်ကြသည့် ဦးဖာနှင့် ဒေါ်စုတို့မှ မွေးဖွားခဲ့ပြီး ငယ်မည် မှာ
မောင်ထိန်လင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက လူ့ပြည်
သို့ရောက်ရှိလာပုံကိုသူ၏ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိ၌.. “ဖေဖော်ဝါရီ ၁၃ ရက်ကား
နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင်
တိုင်းပြည်တစ်ပြည်၏အစိုးရ၊ နန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ
မွေးတတ်သောနေ့ဟု ဟောထားလေ သည်။ ထိုနေ့တွင်မွေးသော ကျွန်
တော်မှာသူပုန်လောင်းလေးဖြစ်သည် ကို ထိုအခါက မည်သူမျှ ထူးထူး
ခြားခြားမထင်ခဲ့ကြချေ။ ကျွန်တော် ၏ဇာတာနာမည်မှာထိန်လင်းဖြစ် လေသည်။
သို့သော် ကျွန်တော့် အထက် အစ်ကိုအောင်သန်းနှင့် နာ မည်လိုက်အောင် အောင်
ဆန်းဟု နာ မည်တွင်လေသည်”ဟုရေးသား ခဲ့သည်။
ဗိုလ်ချုပ်က ဖခင်ဖြစ်သူ
ဦးဖာ သည်သူ့ကိုမွေးသည့်အချိန်က မည် သို့ရှိနေမည်ကိုလည်း ယခုလိုစိတ်ကူး
ဖြင့်ပုံဖော်ရေးသားထားလေသည်။ “ကောင်းကင်သို့ ပတ်ချာ လှည့် မော့ကြည့်တော့ကာ
ထွန်းတောက် နေသော နက္ခတ်တာရာတို့၏ အနေ အထားကို မှတ်သားလျက် အနီးဆုံး
အချိန်ကို တွက်ချက်လေတော့ သည်။သို့ဖြင့် ကိုရင်ဖာ သည် သူ၏သား မွေးနေ့၊
မွေးရက်၊ အချိန်နာရီတို့ကို ပေရွက်တစ်ရွက်တွင်ကညစ်ဖြင့်ရေး သား၍
မှတ်သားထားလိုက်လေသည်” “ကောင်းတယ်ဟေ့၊ နေ့ကလည်း စနေ သား၊ ရာဇကလည်း ရာဇဖွား၊
ဘယ်လောက်ထက်ပြီး ကြောက်စရာ ကောင်းမယ့်ကလေးလည်းတော့ မပြောတတ်ဘူး” ဟု
သူ၏ဖွားဇာတာ ကိုပါ ရေးဖွဲ့ခဲ့လေသည်။
သုံးလေးနှစ်ကဇာတိပြ
မောင်အောင်ဆန်းကလေး
၃ နှစ်ကျော်၊ ၄နှစ်သားအရွယ်က အဖြစ်အပျက်တစ်ခုမှာ အံ့သြချီးမွမ်း ဖွယ်
ဖြစ်ပါသည်။ တစ်နေ့တွင် သူ၏မိခင် ဒေါ်စုသည် ငွေချေးထားသူ များ အား
ပေးဆပ်ချိန်ရောက်သော်လည်း ကြွေးမဆပ်၍ ကြွေးတောင်းနေ သည်ကိုအနီးတွင်
ကစားနေသော မောင်အောင်ဆန်းက “အစ်မရာ သူ့ရှိမှ ပေးနိုင်မှာပေါ့” ဟု တစ်ခွန်း
ချင်း ပီသစွာပြောခဲ့လေသည်။တစ်နေ့တွင် တောမှ စပါးဝယ် သူများရောက်လာ၍
သူ၏မိခင်က “ကဲ..မင်းတို့လိုချင်လည်း ယူသွား ကြပေါ့။ ငါဝယ်တုန်းကတော့ ၆ဝ
ဈေးပဲ။ မင်းတို့လိုချင်ရင် ၅ဝ ဈေးပဲ ထားပေါ့” ဟုပြောဆိုနေခိုက် အိမ်
လှေကားနားတွင် ကစားနေသော မောင်အောင်ဆန်းကလေးက “အစ်မ၊ ခင်ဗျားမဟုတ်တာေ
တွပြောရော့ မယ်။ ဒီစပါး ၅ဝ ဈေးနဲ့ဝယ်ထား တာဗျ။ ကျုပ်သိတယ်။ ဟုတ်တာပြော မှ
ဥစ္စာပေါတယ်။ လိမ်ပြောတာ မကောင်းဘူး” ဟုဝင်ပြောလိုက်လေ သည်။ငယ်စဉ်
ကပင်လိမ်ညာပြောသည် ကိုမကြိုက်သည်ကားထင်ရှားလေပြီ။
မောင်အောင်ဆန်းသည်
အငယ် ဆုံးသားဖြစ်ရာ မိခင်ကြီးဒေါ်စုက အချစ်ပိုလေသည်။ အသက် ၇ နှစ် ကျော်၊ ၈
နှစ်ထိရောက်မှ ဦးသော ဘိတကျောင်းတွင် ကျောင်းနေေ သာ် လည်း စာတော်သူဖြစ်၍
အတန်း ကျော်တက်ခွင့်ရသူလည်းဖြစ်သည်။ အသက် ၁၁နှစ်တွင် မြန်မာစာ ၃ တန်းသို့
ရောက်လေသည်။ ထိုအချိန် က ၃ တန်းကျောင်း သား မောင် အောင်ဆန်းသည်
သူ၏ဖတ်စာအုပ် တွင် စာကြောင်းရေ လေး၊ ငါး၊ ဆယ် ကြောင်းဖြင့်
ဇာတ်လမ်းဖွဲ့ရေးသား ခဲ့သည်ကို ယခုလိုတွေ့ရလေသည်။
လိမ္မာသောလူပြော- ဆိုးသောကလေး များသည် ငှက်များကိုပစ်ကြသည်။ အလွန်မှားသည်။ အလွန်ဆိုးသည်။
ဆိုးသောလူပြော- ဘာမှားသလဲကွ၊ ဘာဆိုးသလဲကွ..ဟင်။
လိမ္မာသောလူပြော- ငှက်ပစ်တာ ဆိုးတယ်ကွေ့ (ကွ)။
ဆိုးသောလူပြော- ဒါဖြင့် မင်း ငှက် သားမစားဘူးလား။
လိမ္မာသောလူပြော- စားတယ်။
ဆိုးသောလူပြော- မင်း ငှက်သား မစားချင်ဘူးလား။
လိမ္မာသောလူပြော- စားချင်တယ်။
ဆိုးသောလူပြော- မင်းစားချင်ရဲ့ သားနဲ့ ငှက်ပစ်တဲ့လူ မိုက်တယ်၊ ဆိုး တယ်လို့ ဘာလို့ပြောရတုံး။
လိမ္မာသောလူပြော- မင်း ငါက ပြော တာမှာ ဆိုးတယ်လို့ပြောသည် မဟုတ်ဘူးလား။
ဆိုးသောလူပြော- အေး။
လိမ္မာသောလူပြော- မင်းတို့ငှက်ပစ် လို့ မိုက်တာဆိုတာ ကမ္ဘာပေါ်မှာ အမိုက်ဆုံးပဲ။
ဆိုးသောလူပြော- နောက်မပြောနဲ့ ကွာ။ မင်းစားချင်ရဲ့သားနဲ့..မိုက် တယ်လို့ဆိုတာကိုကွ။
ဤကား
၃ တန်းကျောင်းသား မောင်အောင်ဆန်း၏ ပြဇာတ်တစ် ပုဒ်ဟုပင် ဆိုရမည်ဖြစ်ပါသည်။
မောင်အောင်ဆန်းသည် ၈ နှစ် သားအရွယ်ရောက်မှ ကျောင်းနေရ သည်ဆိုသော်လည်း ၇
တန်းနှင့် ၁ဝ တန်းတို့တွင် ထူးထူးချွန်ချွန်အောင် မြင်ခဲ့၍ စကောလားရှစ်ခေါ်
ပညာ သင်ဆုပင် ရရှိခဲ့သူဖြစ်သည်။ မောင် အောင်ဆန်း ၇ တန်းေ ကျာင်းသား
ဘဝကပင်သူသည် ထိုခေတ်က ထင် ရှားသော လူပုဂ္ဂိုလ်များ၏ ရုပ်ပုံ
ကိုပင်ပန်းချီဆွဲထားသည်ကို တွေ့ ခဲ့ရသည်။ငယ်စဉ် ကျောင်း သားဘဝကပန်းချီဆွဲ
ဝါသနာပါပုံကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သော ‘ဗိုလ် ချုပ်
အောင်ဆန်းအတ္ထုပ္ပတ္တိ’ စာအုပ်တွင် “ကိုအောင်ဆန်း၏လေ့ကျင့်ခန်းစာ အုပ်ကိုယူ၍
ကြည့် လျှင်ပန်းချီဝါသနာ ပါသူ တစ်ယောက်ဟု မှတ်ယူလောက် အောင်ပင်
စိတ်ကူးနှင့်ရေးဆွဲထားသည့် ဘီးဆံထုံးကြီးများကို ဆံမြိတ်ကွင်း
ချလျက်မျက်စိမှိတ်နေသည်ဟု ထင်ရ
သောမိန်းမဦးခေါင်းပုံများကိုအများအပြားတွေ့ရမည်ဖြစ်ပေသည်” ဟု
ဖော်ပြထားသည်ကို တွေ့ရပါသည်။
”ရေနံချောင်းမြို့၊ အမျိုးသား ကျောင်း
၈ တန်းကျောင်းသားဘဝ တွင် ကျောင်း၌ တစ်ယောက်တည်း
စဉ်းစားတွေးတောခြင်းဖြင့်လည်း ကောင်း၊ စာအုပ်နှင့်မျက်နှာ အပ်
လျက်သော်လည်းကောင်း အမြဲ ရှိတတ်လေသည်။အိမ်သို့ပြန်လာ
သောအခါတွင်သရေစာတစ်ခုခုကို ရှာစားပြီး လူရှင်းသောတစ်နေရာရာ တွင်
တင်ပျဉ်ချိတ်ကာ အချိန်များ စွာတွင် စာအုပ်ကို စွဲလမ်းစွာ ကြည့် ရှုတတ်လေသည်။
ကိုအောင်ဆန်း နှစ်သက်သောစာအုပ်မှာဗမာရာဇ ဝင်များနှင့် ပျို့၊ ကဗျာ၊ လင်္ကာစာ
အုပ်မျာြး ဖစ်လေ သည်။ ပျို့ကဗျာ၊လင်္ကာစာအုပ်များကို အာဂုံဆောင်
နိုင်သည့်တိုင်အောင် ကြည့်ရှုဖတ် နေလေ့ရှိပါသည်”ဟု တွေ့ရှိရပေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏
ငယ် ဘဝကိုကြည့်လျှင် တောသူတောင် သား မိဘနှစ်ပါးက မွေးဖွားခဲ့သည်
ဆိုသော်လည်း ထူးကဲ သောပါရမီရှိသူ ဟုဆိုနိုင်ပါ၏။ အသက် ၃၂ နှစ်မျှ
သောလူငယ်ဘဝမှာပင်နိုင်ငံကို လွတ် လပ်ရေးရရှိအောင်ထိပ်ဆုံးမှအသက် ပေး၍
ဦးဆောင်ခဲ့သူဖြစ်ပါ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်၏မွေးနေ့ ကို
မြန်မာနိုင်ငံတွင် ‘ကလေးများနေ့’ သတ်မှတ်၍ ကလေးများကို အတုယူ အားကျစေရန်
ဗိုလ်ချုပ်အကြောင်း ပြောဆို၊ဟောပြော၊ဆွေးနွေးခြင်းသည် လွန်စွာသင့်မြတ်သော
အလုပ်တစ်ခု ဟုပင် ဆိုရပါတော့မည်။
သိန်းအေး - Popular Journal
ရည်ညွှန်း-
(၁) ခေါင်းဆောင်မှုဟူသည် (ဗိုလ်မှူးချုပ်မောင်မောင်)
(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာရှင်များ (တင်နိုင်တိုး)
(Popular Journal မှဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>