ပညာရေးစံ
(၄) ခု
´ Availability (ရရှိနိုင်မှု)
´ Accessibility ( လူတိုင်းအတွက် လက်လှမ်းမီနိုင်မှု)၊
´ Acceptability(လက်ခံနိုင်မှု)
´ Adaptability (အသုံးချနိုင်မှု)
by the former UN Special Rapporteur on the Right to
Education, Katarina Tomasevski
၁။ Availability (ရရှိနိုင်မှု)
´ အစိုးရက
ပညာရေးအတွက် ဘဏ္ဍာငွေများကို လုံလောက်စွာ အသုံးပြုခြင်း၊
´ လုံခြုံသော ကျောင်းများ၊ စာသင်ခန်းများရှိခြင်း၊
´ မြို့ရွ့ာကျေးလက်များတိုင်းတွင်ကျောင်းရှိခြင်း၊
´ ကျောင်းသားနှင့် ဆရာဆရာမအရေအတွက်အချိုးကိုက်ညီစွာရှိခြင်း၊
´ သင်ရိုးညွန်းတမ်းစာအုပ်များ အခမဲ့ရရှိခြင်း၊
´ သင့်လျော်သော သွားလာမှုအစီအစဉ်များရှိခြင်း၊
Questions for Availability
´ မူလတန်းပညာရေးဟာ အခမဲ့ဖြစ်ရဲ့လား
´ မဖြစ်သေးရင် မသင်မနေရ အခမဲ့မူလတန်းဖြစ်အောင် သင်လျော့်တဲ့အချိန်ကာလ၊
ဘတ်ဂျက်တွေချပြီး လုပ်ဆောင်နေလား၊
´ အစိုးရက မူလတန်းပညာရေးလူတိုင်းသင်နိုင်ဖို့ လုံလောက်တဲ့
ငွေကြေးတွေ သုံးစွဲရဲ့လား၊
´ ဆရာဆရာမတွေကို ကောင်းမွန်စွာ လေ့ကျင်ပေးထားလား။
´ နိုင်ငံအလိုက်သင့်တော့တဲ့ လခခံစားမှုတွေရရဲ့လား၊ သင့်လျော်တဲ့
လုပ်ငန်းခွင်၊ သင်ထောက်ကူတွေရှိရဲ့လား၊ အဖွဲ့အစည်းဖွဲ့နိုင်ခွင့်ရှိလား၊
´ ကျောင်းတွေက လုံခြုံပြီး သန့်ရှင်းရဲ့လား။
Accessibility လူတိုင်းအတွက်လက်လှမ်းမှီနိုင်မှု
´ ပညာရေးစနစ်မှာ ခွဲခြားခြင်းလုံးဝမရှိခြင်း၊
´ ပတ်ဝန်းကျင်က ဖယ်ကျဉ်ထားတဲ့သူတွေကအစ
ပါဝင်သင်ကြားနိုင်အောင် အထူးအစီအစဉ်တွေချမှတ်ပြီး လုပ်ဆောင်ပေးခြင်း၊
´ ပညာရေးကို ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ စီးပွားရေးဆိုင်ရာအရဖြစ်စေ
လူတိုင်းရယူလေ့လာနိုင်အောင် လုပ်ပေးခြင်း၊
Questions for accessibility
´ ပညာရေးမှာ ခွဲခြားမှုရှိနေလား.. လူတိုင်း ( ဘာသာ၊ လူမျိုး၊
ကျားမ၊ စီးပွားရေးအဆင့်အတန်း။ မသန်စွမ်းသူများ)
´ ပိုမိုဆိုးဝါးတဲ့အလွှာတွေဆီရောက်အောင် လုပ်ဆောင်ရဲ့လား၊
´ ပညာသင်ပေးနေတဲ့ကျောင်းတွေဆီ သွားလာဖို့ လွယ်ကူရဲ့လား
´ ပညာသင်ဖို့ လူတိုင်းရော တတ်နိုင်ကြရဲ့လား
´ ကျောင်းအပ်ဖို့လိုအပ်တဲ့ အထောက်အထားတွေ၊ လုပ်ထုံးလုပ်နည်းတွေက
လွယ်ကူရဲ့လား။
Acceptability (လက်ခံနိုင်မှု)
´ သင်ယူရတဲ့ပညာရေးဟာ လက်တွေ့ဘ၀နဲ့ကိုက်ညီခြင်း၊
´ မတူကွဲပြားမှုကို သဘောပေါက်ကျင့်သုံးခြင်း၊
´ အရည်အသွေးပြည့်ဝသော ပညာရေးဖြစ်ခြင်း၊
´ သင်ကြားတဲ့ ဆရာဆရာမများဟာလဲ
အရည်အသွေးနဲ့ ပြည့်စုံခြင်း၊
´ အရည်အချင်းတိုးတက်စေသည့် ပညာရေးပုံစံဖြင့် သင်ကြားခြင်း၊
Question for Acceptability
´ ပညာရေးပုံစံက မတူကွဲပြားမှု၊ ဗဟုဝါဒကို အခြေခံရဲ့လား၊
´ ဘာသာရေးအယူအဆ (သို့မဟုတ်) အယူအဆတခုခုအပေါ် အခြေခံသင်ကြားတာမျိုးလား
´ သင်ရိုးညွန်းတမ်းတွေက မတူကွဲပြားမှုတွေကို ပွင့်လင်းမြင်သာအောင်
ဖန်တီးပေးသလား၊
´ သင်ကြားတဲ့ သင်ထောက်ကူတွေ၊ သင်ကြားပုံတွေက အစွဲတွေ၊ ပုံစံခွက်တွေ
ကင်းရဲ့လား၊
´ ယဉ်ကျေးမှုနဲ့ ကိုက်ညီရဲ့လား၊
´ ကျောင်းတွေမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ရူတ်ချတာတွေရှိသလား။
´ ကျောင်းစည်းကမ်းတွေကို အနိမ့်ဆုံးစံချိန်စံညွန်းအဖြစ် သတ်မှတ်ထားတာတွေရှိသလား၊
´ ဆရာဆရာမတွေကို လေ့ကျင့်ထားပေးပြီး ဆရာကောင်းဂုဏ်များနဲ့
သတ်မှတ်ထားတာရှိသလား။
Adaptability (အသုံးချနိုင်မှု)
´ ကလေးများ၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း၊
´ တိုးတက်ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းတို့ရဲ့လိုအပ်ချက်နှင့်
တသားထဲကျ နေခြင်း၊
´ ကွဲပြားခြားနားတဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေခံတွေအပေါ်မူတည်ပြီး
လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း၊
´ ဘ၀အာမခံချက်ပေးနိုင်ပြီး လက်တွေ့မှာ ပြန်အသုံးချနိုင်တဲ့
ပညာရေးမျိုးဖြစ်ခြင်း၊
Questions for Adaptability
´ ကျောင်းတွေရဲ့ လုပ်ဆောင်မှုဟာ ဒေသခံကျောင်းသားတွေရဲ့ အထူးလိုအပ်ချက်တွေနဲ့
ကိုက်ညီအောင်လုပ်ဆောင်နိုင်ရဲ့လား( ကျောင်းပိတ်ရက်၊ သင်ကြားပုံ)
´ ပညာရေးဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ရပ်ရွာ ပတ်ဝန်းကျင်လိုအပ်ချက်တွေနဲ့
သဟဇာတဖြစ်ရဲ့လား၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုလူနည်းစုတွေရဲ့ ဘာသာစကားရယ် နိုင်ငံတော်သုံးဘာသာစကားတွေကို
ဟန်ချက်ညီအောင် လုပ်ဆောင်ပေးရဲ့လား၊
´ ကျောင်းထွက်နိုင်တဲ့အသက်နဲ့ အလုပ်လုပ်နိုင်ခွင့်ပြုတဲ့အသက်၊
စစ်မှုထမ်းနိုင်တဲ့အသက်၊ အိမ်ထောင်ပြုခွင့်ရှိတဲ့အသက်၊ ရာဇ၀တ်မှုအဖြစ်လက်ခံနိုင်သောအသက်တို့
လိုက်လျောညီထွေဖြစ်ရဲ့လား၊
´ ကျောင်းဟာ ကလေးအခွင့်အရေးတွေကို ကာကွယ်ပေးတာ၊ တိုးတက်အောင်လုပ်ဆောင်ပေးတာတွေ
လုပ်ပေးနိုင်ရဲ့လား၊
No comments:
Post a Comment