Written by ဒေါက်တာမောင်သင်း
10.1.2015
နိုင်ငံကို ဖွံ့ဖြိုးလိုစိတ်၊
နိုင်ငံနဲ့လူမျိုးကို သူများအောက်နိမ့်ကျတာမခံလိုစိတ်၊ လူမှုဝန်းကျင်အကျိုး၊ ပရ
အကျိုး သယ်ပိုးလိုစိတ် လူငယ်တွေမှာရှိရပါမယ်။ ဒါဟာနိုင်ငံရေးစိတ်ဓာတ်ပဲမဟုတ်ပါလား။
လူတိုင်း ရှိပါတယ်။ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ အယူစွဲ၊ လူမျိုးစွဲတွေကင်းတဲ့
“အမျိုးသားရေး စိတ်ဓာတ်” အခြေခံတဲ့ နိုင်ငံရေးပါ။ နိုင်ငံသားတစ်ဦးတစ်ယောက်၊
တစ်ဖွဲ့၊ လူမျိုးတစ်မျိုးအတွက်မဟုတ်ပါ။ ဆူကြုံနိမ့်မြင့်အား လုံးအတွက်ပါ။
နိုင်ငံသားအားလုံးကို နိမ့်ကျတဲ့ဘဝမျိုး ရောက်နေတာမမြင်လိုစိတ်၊
မိမိအသိုင်းအဝိုင်း၊ လူမျိုးနိုင်ငံကို မြှင့်တင်လိုစိတ်ပါ။
အဲဒီလိုနိုင်ငံရဲ့အရေးအရာကို စိတ်ဝင်စားသူများဟာ အမြဲနိုးကြား တက်ကြွနေကြသူများပါ။
တိုးတက်လိုစိတ်ရှိသူများပါ။
နိုင်ငံကိုတိုးတက်လိုစိတ်ရှိသူရဲ့
အဓိကစိတ် ထားဟာ မိမိရဲ့အသိဉာဏ်ကိုလည်း အမြဲတိုးတက်အောင် ဖြည့်ဆည်းနေကြသူပါ။
ကိုယ့်ကိုယ်ကိုယ် အမြဲဖြည့်လာပါများတော့ အမြင်ကလည်း ခေတ်ရှေ့ကိုပြေးနေပါတယ်။
နိုင်ငံ့အရေးအရာမှန်သမျှကို ခေတ်ရှေ့ပြေးအမြင်ဖြင့် ဆောင်ရွက်လိုသူ
မျိုးဆက်သစ်တွေပေါများစေရန် ကျောင်းတွေမှာ လေ့ကျင့် ပေးနေပါတယ်။
(က) ခေတ်ပြောင်း စနစ်ပြောင်းမှာ
လုပ်ရမည့်နိုင်ငံရေး
သမိုင်းမှာ ကျောင်းသားထုဟာ
လွတ်လပ်ရေးကြိုးပမ်းမှု၊ အမျိုးသားရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုတို့မှာ
ပါဝင်ခဲ့ပါတယ်။ ကျောင်းသားတွေ ပါဝင်လှုပ်ရှားခဲ့တဲ့အချိန်တွေကို လေ့လာကြည့်လျှင်
ကိုလိုနီလက် အောက်ခံဘဝ၊ ပြည်တွင်းမငြိမ်မသက်ကာလ၊ အာဏာရှင်လွှမ်းမိုးတဲ့
အခြေအနေဆိုတော့ အထက်ပါ အရေးတွေကို တောင်းဆိုခဲ့တယ်။ မရရင်ဆန္ဒပြခဲ့ကြတယ်။
အဲဒီခေတ်ကာလ အခြေအနေအရ တောင်းဆိုတာ၊ ဆန္ဒပြတာ၊ သွေးမြေကျတာမှန်ကန်ပါတယ်။ သို့ပေမယ့်
တစ်ဖက်ကအနာဂတ်ရဲ့ မြန် မာ့လူ့အဖွဲ့အစည်းကို ဦးဆောင်မည့်ပညာတတ်အင်အားတွေ၊
နိုင်ငံ့ရတနာတွေစတေးခံခဲ့ရ၊ ဆုံးရှုံးခဲ့ရ ပါတယ်။
အရေးအခင်းတွေပေါ်တိုင်း
ဆုံးရှုံးရတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်လောင်းတွေပါ။
ယနေ့လိုပြည်သူကရွေးထားတဲ့ ကိုယ့်အမျိုးသားအစိုးရက ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို
ပြည်သူနှင့် အတူ အားကောင်းမောင်းသန်ချီတက်နေတဲ့အချိန်မှာ နိုင်ငံ့ရတနာတွေရဲ့
အသက်တွေဆက်လက် အဆုံးရှုံးခံပြီး ဆောင်ရွက်ရမည့် နိုင်ငံရေးမျိုးမရှိအပ်တဲ့
အချိန်အခါပါလို့ မြင်မိပါတယ်။ ဥပဒေအကာအ ကွယ်အတွင်းက
လွတ်လပ်စွာဆောင်ရွက်ရမည့်အချိန်ပါ။
ဒီနေရာမှာ ဥပဒေဆိုတာကိုချုပ်ချယ်တာ၊
ကန့်သတ်တာ၊ ဖိနှိပ်တာလို့မမြင်သင့်ပါ။ အဲဒီအမြင်ဟာ လူ့ဘောင်အဖွဲ့အစည်းကို
ဖျက်ဆီးမယ့်သူ တွေရဲ့ အမြင်ပါ။ သူတို့လိုအဆိုးမြင်ဖြင့် “ဖွ၍ဆွကြသူတွေ” အတွက်သာ
ထိန်းချုပ်ထားတာဖြစ်ပြီး ပညာရှင်လောင်း နိုင်ငံ့ရတနာတွေအပါအဝင် နိုင်ငံသားအားလုံး
အတွက်တော့ လွတ်လပ်စွာ ဘေးမသီ ရန်မခဘဲ ရှင်သန်ဖွံ့ဖြိုးစေမည့် အကာအကွယ်ဟာ ဥပဒေပါ။
ခေတ်ပြောင်းစနစ်ပြောင်းမှာ ကျောင်းသားလူငယ်ထု မဖြစ်မနေဆောင်ရွက်ရမည့်အရာက “နိုင်ငံ
ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး” ပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့
ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုကို နှောင့်ယှက်ရန်၊ ဖျက်ဆီးရန် မဟုတ်ပါ။
(ခ) ပညာခေတ်ရဲ့ နိုင်ငံရေးသမား
ယနေ့ ကမ္ဘာ့နိုင်ငံရေးပုံသဏ္ဌာန်က
ငြိမ်းချမ်းစွာအတူယှဉ်တွဲရေး၊ ဒီမိုကရေစီရေး၊ လောကပါလတရား
ထွန်းကားတဲ့ဖွံ့ဖြိုးရေးကို အရှိန်အဟုန်ဖြင့် သွားနေတဲ့ကာလပါ။
မြန်မာ့နိုင်ငံရေးကလည်း အထက်ပါ ကမ္ဘာ့နိုင်ငံရေးရဲ့
“ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး” ရေစီးကြောင်းပေါ်မှာ အားကောင်းမောင်းသန်
လှော်ခတ် နေပါပြီ။ ပြီးတော့ ကမ္ဘာ့ရွာစနစ်အတွင်းကမြန်မာမို့ ကမ္ဘာနှင့်ယှဉ်ရမှာပါ။
ယှဉ်တဲ့အခါမှာလည်း “လမ်းမ ပေါ်ထွက်ကာ လက်သီးလက်မောင်းတန်းပြီး
အောင်ဟစ်ကြွေးကြော်နေရမည့် ခေတ်မဟုတ်တော့ပါ”
မျက်နှာချင်းဆိုင်ဆွေးနွေးညှိနှိုင်းခြင်းဆိုတဲ့ “စားပွဲဝိုင်းယဉ်ကျေးမှုနိုင်ငံရေး”
ထွန်းကားတဲ့ခေတ်ဆီ ရောက်နေပါပြီ။
ငြိမ်းချမ်းမှုကို အခြေခံကာ
အပြန်အလှန်လေးစားတဲ့ ပညာဗဟိုပြုနိုင်ငံရေးပါ။ ငြိမ်းချမ်း
စွာအဖြေရှာနိုင်စွမ်းရှိတဲ့ စားပွဲဝိုင်းနိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ဆိုရင်
တစ်ဦးချင်းဆီမှာ ပညာပြည့်ဝဖို့လိုပါ တယ်။ တစ်ဦးချင်းစီမှာ
ပညာအခြေခံမပြည့်ဘဲနဲ့တော့ နိုင်ငံတကာရဲ့ ပညာချင်းယှဉ်ပြိုင်ကြတဲ့ နိုင်ငံ
ရေးကွင်းပြင်ကို ဝင်ဖို့မလွယ်ဘူးဆိုတာကို ကျောင်းသားလူငယ်တွေ ကိုယ့်ကိုယ်ကိုယ်
အရင်ဆုံးသတိ ပေးဖို့လိုပါပြီ။ ဆိုလိုတာက ပညာအရည်အသွေး ကိုယ့်ကိုယ်ကိုယ်
မဖြစ်မနေအရင်ဖြည့်ပြီးမှသာ နိုင်ငံ ရေးလောကသို့ဝင်ရမှာမို့ ကျောင်းသားအရွယ်မှာ
ပညာဖြည့်ဆည်းနေခြင်းကိုက နိုင်ငံရေးကိုစတင်လုပ် ဆောင်နေခြင်းမည်ပါတယ်။
(ဂ) ဥပဒေကိုလေးစားမှ
ဒီမိုကရေစီဘက်တော်သား
ယခုလိုပညာဖြည့်ပြီး တစ်ဦးချင်းရဲ့နိုင်ငံရေးအုတ်မြစ်ခိုင်မာအောင်
ကြိုးစားနေတဲ့ကျောင်းသားလူငယ် တွေ အထူးသတိထားရမည့်အချက်ကတော့ လူတစ်စုရဲ့ဆွပေးမှု၊
မြောက်ပေးမှုထောင်ချောက်ထဲကို မကျမိဖို့ပါဘဲ။ တချို့အဖွဲ့တွေဟာ လမ်းမပေါ်တက်ပြီး
လက်သီး၊ လက်မောင်းတန်းပြ၊ အော်ပြ၊ ဟစ်ပြ (သို့မဟုတ်) ခန်းမတစ်ခုမှာ ဆန့်ကျင်ပွဲတစ်ခုခုလုပ်နိုင်မှ
နိုင်ငံရေးလုပ်တတ်တယ်လို့ ထင်ကြပါတယ်။ သူတို့ဟာ ယနေ့ကျောင်းသားလူရွယ်တွေပါလာအောင်
လမ်းပေါ်ထွက်လာအောင် လှုံ့ဆော်ကြပါလိမ့် မယ်။ လူငယ်ဆိုတာ
တိုင်းပြည်အတွက်လို့ဆိုလိုက်ရင်ပဲ စိတ်အားထက်သန်ပြီးသားမို့ “တိုင်းပြည်အ တွက်လို့
အဟုတ်ထင်ပြီး” လမ်းမပေါ်ကို ဥပဒေရဲ့ အကာအကွယ်ကင်းမဲ့စွာ ထွက်လိုက်မှာစိုးလို့ပါ။
ဥပဒေမဲ့ဆောင်ရွက်ခြင်းဟာ ဘယ်လိုမှ
ယနေ့ခေတ်ပညာရှင်ခေါင်းဆောင်လောင်းတွေနှင့် ပညာတတ် တွေဆောင်ရွက်နေကြတဲ့
နိုင်ငံရေးရဲ့အသွင်သဏ္ဌာန်မဟုတ်ပါ။ စုရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ကို တရား
ဝင်ခွင့်ပြုထားတာမို့ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါပြီ။ ဒီမိုကရေစီခေတ်ဆိုပြီး
ဥပဒေမဲ့မလုပ်အပ်ပါ။ “ဒီမိုကရေစီရဲ့အနှစ်သာရမှာ ဥပဒေကိုလေးစားလိုက်နာ တန်ဖိုးထားမှု”
ဟာရှေ့တန်းက ပါဝင်ပြီးသား ပါ။ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်လောင်းတွေဟာ
ဥပဒေရဲ့အကာအကွယ်ကို ရယူရမည့် အချိန် ပါ။ အဲဒီလိုဥပဒေမဲ့လုပ်တဲ့ ထောင်ချောက်ထဲမှာ
အနာဂတ်ရဲ့ရတနာတွေ ကျရောက်မှာအလွန်စိုးရိမ် မိပါတယ်။ ပြီးတော့ အထင်မှား၊
အမြင်မှားအောင် မှိုင်းတိုက်ဆွပေးကြတာမျိုးလည်း တစ်ခါတစ်ရံကြုံ ပါလိမ့်မယ်။
ဥပမာအားဖြင့် “ထောင်ကျခံနိုင်သူသာ တိုင်းပြည်ပိုချစ်တယ်” “ထောင်ကျခံဝံ့မှသာ အာ
ဇာနည်” လို့ အထင်ရောက်အောင်ပါ။ အဲဒါကိုအမှန်လို့ ထင်မနေကြပါနဲ့။
လုံးဝနားမထောင်ကြပါနဲ့။ အဲဒီလို ထင်မိ၊ လက်ခံမိရင် အာဇာနည်မဖြစ်ဘဲ “စတေးခံရသူဘဝ”
ရောက်မှာစိုးလို့ပါ။ သမိုင်းသက် သေပါ။
ပညာတတ်တွေဆိုတာ
သူများအသုံးချခံမဖြစ်သင့်ပါ။ ယနေ့ခေတ်ဟာ သူရဲကောင်းဝါဒမရှိ တော့ပါ။
ဘယ်လိုမှစာသင်ခန်းထဲကနေ လမ်းမပေါ်မရောက်စေချင်ပါ။ အနာဂတ်မှာ နိုင်ငံ့အရေးအရာ
တွေတိုင်းပြည်အကျိုးသယ်ပိုးဖို့ ထိုက်တန်တဲ့နေရာတွေက ကျောင်းသားလူငယ်တွေကို
စောင့်ကြိုနေပါ တယ်။ ဥပမာ “အစိုးရအဖွဲ့” အသီးသီးနှင့် “လွှတ်တော်” အသီးသီးပါ။
ထို့အတူ “စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေ” “ပညာရှင် ပညာတတ်ကြီးတွေ” ပါ။
အဲဒီနေရာတွေမှာ ခံ့ခံ့ညားညားတိုင်းကျိုးပြည်ကျိုး ဆောင်ရွက်နိုင်အောင်လို့ပါ။
အဲဒီလိုနိုင်ငံရေးမျိုးမှာ တက်ကြွစွာပါဝင်ဦးဆောင်နိုင်ပြီး တည်ငြိမ်ရင့်
ကျက်သူဖြစ်လာစေရန်အတွက် ယနေ့အချိန်မှာ ပညာသာအရင်ဖြည့်ရင်း မိမိကိုယ်ကို
အခြေခိုင်အောင် ပြင်ဆင်ထားကြပါလို့ တိုက်တွန်းပါရစေ။
(ဃ) စာသင်ခန်းထဲမှာ ပညာဖြည့်နေခြင်းဟာ
နိုင်ငံရေးလုပ်နေတာပါ
လူငယ်များဟာ အနာဂတ်မှာ
နိုင်ငံရေးကိုတည်ငြိမ်စွာနဲ့ ဆောင်ရွက်နိုင်သည့် အရည်အသွေးကို ပိုင် ဆိုင်ရပါမယ်။
တည်ငြိမ်တဲ့နိုင်ငံအရေးအရာဆောင်ရွက်သူ နိုင်ငံရေးသမားဖြစ်အောင်တော့ ဉာဏ် ပညာအရင်ဖြည့်ရပါမယ်။
တကယ်တော့ ကျောင်းသားတိုင်းဖြည့်ဆည်းနေတဲ့ ကျောင်းသင်ပညာရေး (အတန်းတွေတက်၊
ဘွဲ့တွေရ) ဟာ ပညာရပ်တစ်ခုကို စနစ်တကျဘယ်လိုလေ့လာဆည်းပူးရမယ်။ သင်ယူခဲ့တဲ့အသိပညာကို
ဘယ်လိုသုံးသပ်၊ ကောက်ချက်ချရမယ်။ ပြီးတော့ ဘဝမှာရင်ဆိုင်ကြုံတွေ့ရ မည့်
ပြဿနာများကို ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းနိုင်မှုနှင့် တတ်ထား၊ သိထားသမျှကို
နည်းမှန် လမ်းမှန် ဘယ်လိုအသုံးချရမယ်ဆိုတာကို သင်ပေးနေတာပါ။
စာအလွတ်ကျက်တာဟာ ပညာရေးရဲ့
ရလာဒ်မဟုတ်ပါ။ ပြီးတော့ မိမိရဲ့ အရည်အသွေး ပြည့်လာအောင် စနစ်ကျနစွာ
ဖြည့်နည်းတွေကို အတန်းစဉ်လိုက် စာတွေ့၊ လက်တွေ့ လေ့ကျင့်ပေးနေတာပါ။
အတန်းတွေတက်ပြီး ဘွဲ့တွေရတဲ့သူ ဆိုတာဟာ “ပညာဆည်းပူးနည်းနှင့် မိမိကိုယ်ကို
အမြဲမပြတ်ပိုမိုတိုးတက်ကောင်းအောင် ဖြည့်ဆည်းနည်း” အခြေခံကို တတ်သိ နားလည်အောင်
သင်ကြားလေ့ကျင့်ခဲ့ကြသူများပါ။ ဒါကြောင့် အတန်းတွေ တက်၊ ဘွဲ့ရအောင်
ဆည်းပူးနေခြင်းသည်ပင်လျှင် “ကျောင်းသားတစ်ဦးချင်းစီမှာ
ရှိကိုရှိရမည့်နိုင်ငံရေးရဲ့ အခိုင်မာ ဆုံးသော အုတ်မြစ်ကိုချနေခြင်း” ပါ။
(င) ဖြည့်ကိုဖြည့်ရမည့်
နိုင်ငံရေးနယ်ပယ်က ပညာရပ်တွေ
ကျောင်းမှသင်တဲ့ သင်ခန်းစာတွေထဲက
အထူးဂရုပြုရမှာကတော့ အခြေခံပညာကျောင်းတွေမှာဆိုရင် သမိုင်း၊ ပထဝီဝင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
စီးပွားရေးပညာအပြင် ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးသိပ္ပံစသည်တို့ပါ၊
ကိုယ်ယူထားတဲ့ အထူးပြုထဲမှာမပါခဲ့ရင် ကျောင်းပြင်ပအချိန် တွေမှာ
မိမိကိုယ်တိုင်လေ့လာသင်ယူခြင်းဆိုတဲ့ ပညာရေး (Informal Education) ကိုဆက်လုပ်ရပါ
လိမ့်မယ်၊ “နိုင်ငံရေးသမားကောင်းရဲ့ မဖြစ်မနေရှိရမည့် အရည်အသွေးကတော့
စာများများဖတ်ခြင်း ဖြင့် ကိုယ့်ရဲ့အရည်အသွေးမြှင့်တင်မှုမှာ ပျော်မွေ့နေခြင်း”
ပါပဲ။
စာတွေဖတ်တဲ့အဆင့်က သိတယ်ဆို
ရုံအဆင့်ပါ။ အဲဒီအသိကို တတ်သိနားလည် အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်များဆီမေးပါမြန်းပါ။
သူတို့အ တွေ့အကြုံကို မိမိရဲ့နိုင်ငံရေးအုတ်မြစ်ဖြစ်သွားအောင်
ကြိုးစားရပါလိမ့်မယ်။ အောင်မြင်သူဆိုတာ သူ တစ်ပါးရဲ့ဘဝအတွေ့အကြုံတွေ (သမိုင်း
သင်ခန်းစာတွေ) ကို မိမိဘဝမြှင့်တင်ရေးမှာ အသုံးချတတ် သူများပါ။ ကျောင်းစာသင်ရင်း
မဖြစ်မနေလေ့လာဆည်းပူးရမယ့် ပညာရပ်တွေထဲက တချို့ကိုဖော်ပြ ရရင်
(က) မိမိနိုင်ငံရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရ၊
(ခ)
ဒီမိုကရေစီယဉ်ကျေးမှု၏ သဘောသဘာဝနှင့် “စံ” များ၊
(ဂ)
လွှတ်တော်အသီးသီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့အတွက် အခန်းကဏ္ဍ၊
(ဃ) အစိုးအဖွဲ့၏
ကဏ္ဍနှင့်ပြည်သူ့အတွက် ဆောင်ရွက်မှုများ၊
(င)
ပြည်သူ့မဏ္ဍိုင် (မီဒီယာအသီးသီး) ၏ အရေးပါမှု၊
(စ)
နိုင်ငံတကာအဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ဆောင်ရွက်ချက်များ၊
(ဆ)
နိုင်ငံသားများ၏ ပြည်သူ့နီတိ၊ တာဝန်ဝတ္တရားနှင့် ရပိုင်ခွင့်များ၊
(ဇ)
နိုင်ငံသားများနှင့် ဆန့်ကျင်သော သဘောတရားများ၊
(စ်)
ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု သဘောတရားနှင့်လက်တွေ့ ဆောင်ရွက်မှုများ၊
(ည)
ကမ္ဘာနှင့်မြန်မာ့လူမှုရေး (ကျန်းမာရေး၊ ပညာရေး) စီးပွားရေး၊
နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်များ၊
(ဋ)
ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ရှိနှင့်အတိတ်စစ်ပွဲများကြောင့် လူသားများကြုံတွေ့ရသော
ဆိုး ကျိုးများ၊
(ဌ) နိုင်ငံတကာလူမှုရေး၊
စီးပွားရေး၊ နိုင်ငံရေးနှင့်ယဉ်ကျေးမှု နှီးနှောဆက်နွှယ်မှုများ၊
(ဍ)
ပထဝီဝင်နိုင်ငံရေး၏အရေးပါမှု၊
(ဎ)
ကမ္ဘာနှင့်မြန်မာ့နိုင်ငံရေးသမိုင်းများ၊
(ဏ)
ရပ်ရွာအုပ်ချုပ်ရေးရုံး၊ ရဲတပ်ဖွဲ့နှင့်တရားရုံးများ၏ အခန်းကဏ္ဍ . . . စသည်တို့ပါ။
ဒါတွေ
မလေ့လာဘဲ မကျေညက်ဘဲနှင့်တော့
နိုင်ငံရေးလုပ်၍ မရပါ။ မသိဘဲနဲ့လုပ်ခဲ့ရင် နိုင်ငံရေးအစာမကြေ
သူဖြစ်ပြီး အဲဒီလူတွေများလာရင်
ပြည်သူတွေ ဒုက္ခရောက်မှာစိုးရိမ်မိပါတယ်။
(စ) ပညာသင်ရင်း
လူမှုရေးတွေကိုလည်းလုပ်ပါ
အချုပ်အားဖြင့်
ကျောင်းသားလူငယ်အားလုံးကိုပေးချင်တဲ့ လက်ဆောင်စကားကတော့ “ကျောင်းနေပြီး
ပညာကိုဖြည့်ဆည်းနေခြင်းကိုက နိုင်ငံရေးလုပ်နေခြင်း” ဆိုတာပါဘဲ။ ပညာသင်နေတာကိုက
မိမိကိုယ် ကိုနိုင်ငံရေးရဲ့ အခိုင်မာဆုံးအခြေခံအုတ်မြစ်ကို တည်ဆောက်နေခြင်းပါ။
ပြီးတော့ “ယနေ့ ပညာခေတ် မှာ အပြင်ထွက်ပြီး လက်သီးလက်မောင်းတန်းကာ
ဆန္ဒပြမှနိုင်ငံရေးလုပ်တယ်ဆိုတာကို အမှန်မဟုတ် ဘူး” ဆိုတာသိစေချင်ပါတယ်။
မိမိတို့ရဲ့တန်ဖိုးမြင့်မားအောင် လေ့ကျင့်နေတဲ့ကျောင်းသားရတနာတွေ ကို
အဆုံးရှုံးမခံနိုင်တာက နိုင်ငံနှင့်မိဘပြည်သူတွေပါ။ ဆုံးရှုံးခဲ့ရင်လည်း
ရင်နင့်အောင်ခံစားကြရပါ တယ်။
နိုင်ငံဖွံ့ဖြိုးမှုစွမ်းအားတွေဖြစ်တဲ့
လူငယ်တွေဆုံးရှုံးတာကိုလည်း မည်သည့်အရာနှင့်မှ အစားထိုး မရနိုင်ပါ။
ဒါကြောင့်မိမိကိုယ်ကို နိုင်ငံရေးတန်ဖိုး ခိုင်အောင်၊ မြဲအောင်၊ မြင့်မားအောင်
အတန်းတွေ တက်၊ ဘွဲ့တွေယူပါ။ အဲဒါနှင့်အတူ
အထက်ဖော်ပြပါနိုင်ငံရေးပညာရပ်အကြောင်းအရာတွေလည်း မဖြစ်မနေများများလေ့လာပါ။
ဆည်းပူးပါ။ ပြီးတော့မိမိတို့ကျောင်းနှင့် ရပ်ကွက်ကျေးရွာများမှ အမြဲရှိနေ
တဲ့လူမှုရေးအသင်းအဖွဲ့အစည်းတွေမှာလည်း ပါဝင်ဆောင်ရွက်ကြပါ။
အဲဒီလိုပါဝင်ဆောင်ရွက်ခြင်းဖြင့် (က)
ပြည်သူ့ဘဝ အခြေအနေမှန်ကို သိလာကာစာနာတတ်လာခြင်း၊ (ခ) ဘဝနောက်ခံမတူသူများနှင့်
ဘုံရည်မှန်းချက်တစ်ခုကို ညီညွတ်စွာဆောင်ရွက်နိုင်တဲ့ စည်းလုံးမှုတန်ဖိုး၊ (ဂ)
စည်းရုံးနိုင်မှုစွမ်းအား မြင့်လာခြင်း၊ (ဃ) ခေါင်းဆောင်မှုစွမ်းရည်တွေ
တက်လာခြင်းနှင့် (င) အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို မြတ်နိုးလေးစားခြင်းစသည့်
အရည်အသွေးတွေကို ရပါတယ်။ ဆိုလိုတာက လူမှုရေးလုပ်ငန်းလုပ်တာ ဟာ မိမိအရည်အသွေးကို လက်တွေ့ကွင်းဆင်း
ဖြည့်ဆည်းမြှင့်တင်နေခြင်းပါပဲ။ ကိုယ်တတ်နိုင်သည့်
ဘက်ကလူ့အဖွဲ့အစည်းအကျိုးသယ်ပိုးခြင်းဟာ နိုင်ငံရေးလုပ်နေခြင်းပါပဲ။
(ဆ) နိုင်ငံသားအားလုံးမှာ
တာဝန်ရှိပါတယ်
ကျောင်းသားလူငယ်တွေရဲ့
နိုင်ငံရေးအုတ်မြစ်ဆိုတဲ့ “ပညာပြည့်ဝနှလုံးလှမှု” အပေါ် အနာဂတ်နိုင်ငံ တော်ရဲ့
ဖွံ့ဖြိုးမှု ကံကြမ္မာတည်မှီနေပါတယ်။ အဲဒါကိုအမြဲနှလုံးသွင်းပြီး စာသင်ခန်းထဲမှာ
ပညာကို နိုးနိုးကြားကြားဆတတ်ထမ်းပိုး ကြိုးစားဖြည့်နေကြသူတွေအားလုံးဟာ
“ယနေ့ပညာခေတ်ရဲ့ ကျောင်း သားနိုင်ငံရေးသမားစစ်စစ်” တွေပါပဲ။
မြန်မာ့မြေပေါ်မှာ အဲဒီလို အဖိုးတန်၊
အမျိုးမှန်နိုင်ငံရေးသမား စစ်စစ်တွေ များများပေါ်ထွန်းရေးအတွက်
မဖြစ်မနေလေ့ကျင့်ပေးရန် ဘယ်သူ့မှာတာဝန်ရှိလဲလို့မေး ရင် “ဆရာတွေ”
“ပညာရေးစီမံခန့်ခွဲသူတွေ” “ပညာရေးဝန်ကြီးဌာန” လို့ပဲဆိုကြတာများပါတယ်။ တကယ်တော့
ယခုစာရှုသူအပါအဝင် နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့အလုပ်ပါ။ ၂၁ ရာစုရဲ့ ပညာရေးအ
မြင်နှင့်ရည်မှန်းချက်ပါ။ “အားလုံးပါဝင် တာဝန်ယူရမည့်ပညာရေး” (All for Eduction)
ဆိုတဲ့ နိုင်ငံ့ ရတနာကျောင်းသားတစ်ဦးလမ်းလွဲမရောက်ရေး၊ ပြီးလျှင်
ပြည်သူပြည်သားကောင်း (Good Citizen) အဖြစ်ပေါ်ထွန်းရေးဟာ နိုင်ငံသားတစ်ဦးဖြစ်တဲ့
“သင့်မှာလည်း တာဝန်ရှိ” နေတယ်ဆိုတာ မမေ့စေချင် ပါ။
ကျောင်းသူ၊ ကျောင်းသားတွေရဲ့
သူတို့အရွယ်ဖြင့် လုပ်ရမည့်ယနေ့နိုင်ငံရေးဆိုတဲ့ “ပညာလေ့လာ ဆည်းပူးရေး” ကို
ဘေးမသိရန်မခဘဲ ကျောင်းတွေမှာ လုပ်ဆောင်နိုင်ရန်အတွက် သင်နှင့်ကျွန်တော်
တို့အပါအဝင် နိုင်ငံကြီးသားပီသသူအားလုံးက (အိမ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ)
ပါဝင်ဆောင်ရွက် ပေးကြပါလို့ တိုက်တွန်းပါရစေ။
Democracy Today Daily
နိုဝင်ဘာ (၂၅) ရက်၊ ၂၀၁၄ ခုနှစ်
No comments:
Post a Comment