Saturday, August 24, 2013

ကုသိုလ်ဆိုတာယူတတ်ရင်အလွယ်လေး


ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး
၁။ ဒါန – ပေး ကမ်း လှူဒါန်း ထောက်ပံ့
၂။ သီလ- ငါးပါး ရှစ်ပါး တတ်အားသမျှ ဆောက်တည်
၃။ ဘာဝနာ – သမထ ၀ိပဿနာ နှစ်သက်ရာ တစ်ခုခုပွားများ
၎။ အပစာယန – ရိုသေထိုက်သူက အရိုအသေပေး
၅။ ဝေယျာဝေစ္စ- ဘုရားဝေယျာဝေစ္စ တရားဝေယျာဝေစ္စ သံဃာ့ဝေယျာဝေစ္စ မိဘဝေယျာဝေစ္စ ဆရာသမားဝေယျာဝေစ္စ စသည်တစ်ခုခုလုပ်
၆။ ပတ္တိဒါန – အမျှပေးဝေ၊ ကိုယ်ပြုတဲ့ကုသိုလ်ကို ရှယ်ယာလုပ်ပေးတာ
၇။ ပတ္တာနုမောဒန – သူများကုသိုလ်ပြုရင် ၀မ်းမြောက်ကြောင်းအသိအမှတ်ပြုတဲ့အနေနဲ့ သာဓုခေါ်တာ
၈။ ဓမ္မဿဝန – တရားနာ၊ တရားစာဖတ်
၉။ ဓမ္မဒေသနာ – တရားဟော တရားစကားပြော
၁၀။ ဒိဋ္ဌိဇုကမ္မ – ကံ ကံရဲ့အကျိုးကို လက်ခံယုံကြည်တာ
ဒီ(၁၀)ပါးကို ပုညကြိယာဝတ္ထု- ကုသိုလ်ဖြစ်ကြောင်းတရား (၁၀)ပါးလို့ခေါ်တယ်။ ဒီထဲက တစ်ခုခုလုပ်နေဖြစ်တယ်ဆိုရင် ကုသိုလ်ရနေပါတယ်။ ပိုက်ဆန်ကုန်မှ ကုသိုလ်ယူလို့ရတာလဲ ရှိတယ်၊ ပိုက်ဆန်မကုန်ဘဲနဲ့ ကုသိုလ်ယူလို့ရတာလဲရှိတယ်နော်။ မတတ်နိုင်လို့ ကုသိုလ်မလုပ်နိုင်ဘူးဆိုပြီး စိတ်အားမငယ်ပါနဲ့။ နံပါတ်(၂)ကနေ (၁၀)အထိက ပိုက်ဆန်မကုန်ဘဲနဲ့ ယူလို့ရတဲ့ကုသိုလ်တွေပါပဲ။ ဘယ်ကုသိုလ်မျိုးမဆို ကောင်းကျိုးပေးတယ်ဆိုတာ ကိုယ်တိုင်လုပ်ကြည့်ရင် ကိုယ်တိုင်သိလာပါလိမ့်မယ်။
ဒေါက်တာအရှင်ပါရမီ
http://www.myakyunthar.comမှတဆင့်ခံစားတင်ပြသည်။
>>>ဆက်ဖတ်ရန်>>> >>

ကပ်ကျော်ဆရာတော်မှ မကွေးမြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း ကျောင်းသား/သူတို့ ဘာသာရေးတရားများကို သင်ကြားပေးပြီး ကျောင်းသား/သူများမှလည်း ပွင့်ဖြူမြို့ ရွာသစ်ကလေးရွာ မူလတန်းကျောင်းအတွက်လှူဒါန်းရာတွင်လည်း ဗလာစာအုပ် (၁၁)ဒါဇင်တို့ကို ဆရာတော်အား လှူဒါန်းစဉ်






>>>ဆက်ဖတ်ရန်>>> >>

မကွေး ကပ်ကျော်ပညာပါရမီကုသိုလ်ပြုအဖွဲမှ ပွင့်ဖြူမြို့ ၊ရွာသစ်ကလေးရွာ ၊ အမှတ်(၈၉)အခြေခံပညာမူလတန်းကျောင်းအား ကျပ်ငွေ ၅၆၉၁၃၀ိ တန်ဖိုးရှိ ကျောင်းသုံးပရိဘောဂတို့ကို လှူဒါန်းခြင်း


ပညာပါရမီ စိတ်မှာရည်၍
ကြည်ဖြူသဒ္ဓါ စေတနာဖြင့်
စိတ်တူညီမျှ စုပေါင်းကြလျက်
လောကဓာတ်တခွင်အလှဆင်မည်
မြန်ပြည်ငြိမ်းချမ်းသာစေသောဝ်။
ဒီနေ့၂၄.၈.၂၀၁၃ မှာ
ကပ်ကျော်ပညာပါရမီကုသိုလ်ပြု
အဖွဲ့ဟာမကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ် ရွာသစ်ကလေး
ကျေးရွာသို့သွားရောက်၍
ကျပ်ငွေ   ၅၆၉၁၃၀ိ တန်ဖိုးရှိသောစာရး
ကိရိယာများ ကျောင်သုံးပရိဘောဂ
ကျောင်းသူကျောင်းသားများ
အတွက်အဟာရဒါနများ နှင့်
ကျေးရွာဘုန်းတော်ကြီးကျောင်း
ကိုလည်း
၅၀၀၀၀ိသတန်ဖိုးရှိသောသင်္ကန်း(၃)ထည်၊ ဝတ္ထုငွေ (၃၀၀၀၀ိ)တို့ကို
သဒ္ဓါဖွေးဖြူပေးလှူခဲ့ကြပါတယ်
အခမ်းအနားကိုပညာ
ပါရမီကုသိုလ်ပြုအဖွဲ့ရဲ့နာယက
ကပ်ကျော်ကမ္ဘ္ဘာအေးဝိပဿနာ ဓမ္မရိပ်သာ၏ဦစီးပဓာနနာယက
ဆရာတော်ဘဒ္ဒန္တသဇ္ဇနမှသြဝါဒ
စကားမြွက်ကြားပြီး မကွေး
ပညာရေးကောလိပ်မှ ပညာရေးသဘောတရား
ဌာနမှူးလ/ထကထိက
ဆရာကြီးဦးခင်မောင်ကြင်
(မောင်ကြင်သစ်ရာကောက်)နှင့်
မြန်မာစာဌာနမှူးလ/ထကထိက
ဆရာကြီးဦးကြည်တင်တို့မှပညာ
ရေးနှင့်ပတ်သက်သောမှတ်သား
လိုက်နာကျင့်သုံးရမည့်စာပေစကား
များကိုဟောပြော၍ရွာသစ်ကလေး
ကျောင်းအုပ်ဆရာမကြီးမှကျေးဇူး
တင်စကားပြောကြားပြီးဂုဏ်ပြု
လက်မှတ်ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားကိုဗုဒ္ဓသာသနံ
စိရံ တိဋ္ဌတု။ (၃)ကြိမ်ရွတ်ဆို၍
အခမ်းအနားကိုရုတ်သိမ်းခဲ့ပါတယ်။
အခမ်းအနာနှင့်ပတ်သက်သည့်
ဓာတ်ပုံမှတ်တမ်းဗွီဒီယိုမှတ်တမ်း
များကိုစာနယ်ဇင်းဂျာနယ်သတင်း
ထောက်များမှရယူခဲ့ကြပါတယ်။
ဤအဖွဲ့သည်ကျန်းမာရေး
နှင့်ပညာရေးကဏ္ဍများအားလစဉ်
ပေးလှူလျက်ရှိပါတယ်။အသင်းဝင်
အင်အား(၈၄၀)မှလစဉ်အလှူငွေ
(၁၀၀၀)ကျပ်နှုန်းဖြင့်စုဆောင်းကာ
 စုပေါင်းလှူဒါန်းတဲ့ပရဟိတ
အဖွဲ့ဖြစ်ပါတယ်။မည်သူမဆို
ပညာပါရမီကုသိုလ်ပြုလိုလျင်
အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ကြောင်း
လည်းသတင်းကောင်းပါးအပ်ပါ
တယ်။
Demo မျိုးချစ်
August.24.2013





Top of Form
Like · · Share · 7 hours ago via mobile ·
Bottom of Form

>>>ဆက်ဖတ်ရန်>>> >>