Monday, August 26, 2013

ပညာရေးဖြင့် လူလားမြောက်ပြီး ပညာရေးကောင်းကြောင်း

ပညာရေးဖြင့် လူလားမြောက်ပြီး ပညာရေးကောင်းကြောင်း ပြောနေကြသူများသာ ဖြစ်ကြသော်လည်း ဆရာများအား လစာအမြင့် ဆုံးပေးရန်၊ အခမဲ့ဆေးကုသခွင့် ရရန်၊ အိုမင်းနာမကျန်း ရန်ပုံငွေ တစ်ရပ်ထူ ထောင်ပေးရန် မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကမျှ အဆိုများဥပဒေ ကြမ်းများ တင်သွင်းကြသည်ကို မတွေ့ ဖူးသေးပါ။ ဆရာများ၏ဘဝအာမခံချက် နှင့် အခွင့်အလမ်းများ ပေါ်ထွက်လာ သည့်အခါ ထူးချွန်သောလူငယ်များကို ဆွဲဆောင် ရရှိလာနိုင်ပါသည်။ သို့မှသာ ဆရာကောင်းတပည့် ပန်းကောင်းပန်ကြ ရပါလိမ့်မည်။

(၄)

ပညာရေးအတွက် ဝိုင်းဝန်းဆွေး နွေးအကြံပေးကြသည်မှာ ဝမ်းသာစရာ ကောင်းပါသည်။ သို့သော် အကြံများ ချည်းဖြင့်တော့ အလုပ်မဖြစ်နိုင်ပါ။ တာ ဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ အပေါင်းက တာဝန်ယူလိုစိတ်ဖြင့် အကြံပြုချက်များ ကို စိစစ် စဉ်းစားအကောင်အထည်ဖော်ကြမှသာ ပညာရေး တိုးတက် လာနိုင်မည် ဟု မျှော်မှန်းရနိုင်ပါ လိမ့်မည်။
ရွှေနန်းတော့ ထိုက်စေချင်
www.maukkha.org
(၁) ယခုအခါ ပညာရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် စေတနာကောင်းဖြင့်ဝိုင်း ဝန်း ပြောဆိုချက်များ ပေါ်ထွက်လာနေ သည်မှာ ဝမ်းမြောက်စရာပင် ဖြစ်သည်။ ပညာရေးအပေါ် လူအများက စိတ်ဝင် တစားရှိကြပြီး တိုင်းပြည်၏ အကျိုးစီးပွား သည် ပညာရေးတွင်မူတည်နေကြောင်း လက်ခံထားကြသည်မှာ ကောင်းေ
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 25, 2013

မြန်မာစာ တိုးတက်ပေဦးမည်

မြန်မာစာ တိုးတက်ပေဦးမည်

Published on Thursday, 22 August 2013 13:31
Written by ဦးဖေမောင်တင်

မြန်မာနိုင်ငံသို့ မဇ္ဈမဒေသမှ ဗုဒ္ဓဒေသနာ ရောက်ရှိလာသည်မှစ၍ တရားတော်များကို ပါဠိဘာသာသို့ ကူးပြောင်းယူသော ဘာသာပြန်လုပ်ငန်းများ ပေါ်ပေါက်ခဲ့သည်။ ဘုရားတရားတော်များကို ပါဠိမှမြန်မာ သို့ ပြန်ဆိုရာတွင် တိကျမှန်ကန်စေခြင်းငှားလည်းကောင်း၊ စာကိုယ် မျက်ခြည်မပြတ်စေခြင်းငှာလည်း ကောင်း၊ နိဿယသဘောအရ ဘာသာခြား စကားလုံးများကို တစ်လုံးစီအနက်ပေးကာ ဘာသာပြန်ခဲ့ သည်။ ထိုသို့ ပြန်ဆိုခြင်းအားဖြင့် စာကိုယ်၏အနက်မှာ ဒွန်တွဲလျက်ရှိရာ လေ့လာဖတ်ရှုသူတို့အတွက် ရှင်းလင်းပြတ်သားလေသည်။ ထိုနိဿယ ဘာသာပြန်များကား စာကိုယ်နှင့် မလွတ်ကင်းသေးသဖြင့် ဘာသာပြန်အစစ်ဟု မခေါ်ဆိုသာချေ။ သို့ရာတွင် နိဿယများမှာ ဘာသာပြန်ဆိုရာ၌ များစွာအကူ အညီရခဲ့သဖြင့် ထိုမှတစ်ဆင့် ဘာသာပြန်စာသန့်များ ပေါ်ပေါက်ခဲ့ကြသည်။
ယခုထက်တိုင် ပြည့်ဝလုံလောက်ခြင်း မရှိသေးသော မြန်မာစာပေမှ ထိုအခါကသာ၍ပင် စကားလုံးချို့ တဲ့ခဲ့ရာ များစွာသောနေရာတို့တွင် ပါဠိကို သူ့အတိုင်း ယူငင်သုံးစွဲခဲ့ရသည်။ ထိုသို့ ပါဠိစကားလုံးများကို သူ့အတိုင်း သုံးစွဲခြင်းဖြင့် အဓိပ္ပာယ်လွဲချော်မည့်အဖြစ်ကို ရှောင်ရှားနိုင်ခဲ့၏။ ပါဠိစကားလုံးများကို သိမ်းသွင်းသုံးစွဲခဲ့ရာ ကာလကြာညောင်းသောအခါ ပါဠိစကားလုံးများသည် မြန်မာစကားလုံးများအဖြစ် တင့်တယ်စွာ တည်တံ့လာသည်။ မြန်မာစာပေသည်လည်း ပါဠိကို ဘာသာပြန်ဆိုယူရသဖြင့် ဝေါဟာရ စကားလုံးများ တိုးပွားတန်သလောက် တိုးပွားခဲ့သည်။ မေတ္တာ၊ နိဗ္ဗာန်၊ လောက၊ ဘဝ စသောစကား လုံးများမှာ ယခုအခါ မြန်မာတိုင်း မြန်မာစကားကဲ့သို့ သိရှိနားလည်သည်သာမက မြန်မာစကားအဖြစ် ပင် ပိုင်ပိုင်နိုင်နိုင် သုံးစွဲလျက်ရှိကြ၏။
မြန်မာစာသည် ပါဠိစကားလုံးများကို ကိုယ်ပိုင်ပြု၍ သုံးစွဲသင့်သည်နေရာတွင် သုံးစွဲ၊ ဘာသာပြန်သင့် သည့်နေရာတွင် ဘာသာပြန်ခြင်းဖြင့် နှစ်ပေါင်းများစွာကပင် ပါဠိဘာသာကို အောင်နိုင်ခဲ့သည်။ ရုပ်နာမ်တူ၍ရှိသည့်အနက် နာမ်တရားတို့ကို သုံးသပ်သော ပါဠိဘာသာကိုပင် အောင်မြင်စွာ ဘာသာ ပြန်ဆိုပြီးဖြစ်ခဲ့၍ လောကဓာတ်သိပ္ပံ စသည်တို့ကို မြန်မာပြန်ဆိုရန် ခဲယဉ်းမည်မဟုတ်ချေ။ ပါဠိမှမြန်မာ သို့ ပြန်ဆိုစဉ်က မြန်မာစာပေတွင်းသို့ ပါဠိစကား အမြောက်အမြား သွတ်သွင်းမွေးမြူခဲ့ရာပါဠိနှင့်မျိုး နွယ်တူဖြစ်သော အင်္ဂလိပ်စကားများကိုလည်း အလားတူ ယူငင်ဝါးမျိုနိုင်ခဲ့ပေသည်။ စီးကရက်၊ မော်တော်ကား၊ ပန်ကာ၊ တယ်လီဖုန်း၊ ရေဒီယို စသောစကားများကို မွေးစားခြင်းဖြင့် ယခုအခါ မြန်မာ စာပေ၏ သားရင်းသဖွယ်တည်လျက်ရှိပေသည်။ ဘာသာခြားစကားလုံးများကို ယူရာ၌ ဂရုပြု၍ သေချာစေရမည်။ မဝါးမျိုတတ်ဘဲ ဝါးမျိုပါက အရိုးစူးတတ်ကြောင်း၊ အစားများကလည်း စားပိုးနင့် တတ်ကြောင်း၊ သတိမူရာသည်။
ဘာသာပြန်ရာတွင် အရေးကြီးဆုံးအချက်မှာ တိကျသေချာရမည်။ သာဘာခြား အဖိုးတန်အသုံးအနှုန်း များကိုလည်း မြုပ်မသွားပါစေနှင့်၊ ဖော်ပေးပါ။ မူရင်းအဖိုးတန် အသုံးအနှုန်းများကို မပါဝင်သော ဘာသာပြန်သည် အပြစ်ကင်းလွတ်မည် မဟုတ်ပေ။
ထို့ကြောင့် ဘာသာခြားအဖိုးတန် အသုံးအနှုန်းများကို ပေါ်လွင်စေ၍ မြန်မာစာဖြင့် ရှင်းလင်းပြတ်သား စွာ ရေးသားရမည်။ ဤနေရာ၌ အကြံပေးလိုသည်မှာ လက်ဦးဘာသာပြန်သူသည် မခြွင်းမချန် ကုန်စင် အောင် ဘာသာပြန်ပေးသင့်၏။ နောက်တစ်ဆင့်တွင်မူ အပြစ်အနာ ရှာကာပြင်ဆင် အချောကိုင်ပေးရ မည်။ အပြစ်အနာရှာလေ၊ စာကောင်းကောင်းရလေဟု မှတ်ယူသင့်ပေသည်။
ရှင်းလင်းပြတ်သား၍ အဓိပ္ပာယ် ပေါ်လွင်ခြင်းသည် ဘာသာပြန်လုပ်ငန်း၏ ဒုတိယအရေးကြီးဆုံး အချက်ဟုဆိုနိုင်၏။ ဘာသာပြန်စာဆိုကို ဖတ်ရာ၌ ခေါင်းကုတ်၍ စဉ်းစားနေလျှင် ဘာသာပြန်ခြင်း၏ အကျိုး ဘယ်မှာရှိပါမည်နည်း။ ဘာသာပြန်စာပေသာမက မည်သည့်စာပေမျိုးမဆို အဓိပ္ပာယ်နက်နဲ၍ အသိခက်ခဲပါက တိမ်ကောသွားတတ်ပေသည်။ အင်းဝခေတ်စာဆိုကျော်များကို နှိုင်းယှဉ်ကြည့်ပါ။ ရှင်မဟာရဌသာရ၏ စာပေများမှာ ရှင်းရှင်းနှင့် အဓိပ္ပာယ်ပေါ်လွင်အောင် ရေးသားထားသဖြင့် လူတိုင်းနား လည်ကာ ယခုထက်တိုင် ဖတ်ရှုမွေ့လျော်ကြသည်။ ရှင်မဟာသီလဝံသ၏ စာပေများကား နက်နဲသော သဘောတရားများကို ခက်ခဲသော စကားလုံးများဖြင့် ရေးသားစီရင်ထားသဖြင့် ဆရာတော်၏ စာပေများကို သာမန်ပုဂ္ဂိုလ်တို့ မကပ်နိုင်ပေ။ သို့ဖြင့် ဖတ်သူ တဖြည်းဖြည်း နည်းပါးယုတ်လျော့ကာ ထိုသို့သော စာပေများတိမ်မြုပ်ရတော့သည်။ ထို့ကြောင့် ဘာသာပြန်ရာတွင် စာကိုယ်၏ အရသာလည်း မပျက်အောင် အဓိပ္ပာယ်ပေါ်လွင်အောင် ကြိုးစားရေးသားရန် လိုအပ်လှသည်။
အထက်တွင်ဆိုခဲ့ပြီးသော တိကျသေချာခြင်း၊ အဓိပ္ပာယ်ပေါ်လွင် ပြတ်သားခြင်းတည်းဟူသော ဘာသာပြန် ဂုဏ်အင်္ဂါနှစ်ရပ်တွင် ချောမောပြေပြစ်ခြင်းဖြင့် အနားကွပ်လိုက်ပါက ဘာသာပြန်ကောင်း တို့၏ လက္ခဏာနှင့် ပြည့်စုံပြီဟု ဆိုနိုင်ပေသည်။ ထိုသို့ ချောမောစေရန် စာရေးသားရာတွင် ရှေးရိုးဖြစ် သော ဝါကျရှည်ရှောင်နိုင်သလောက် ရှောင်သင့်ပေသည်။ မရှောင်သာသဖြင့် ဝါကျရှည်များရေးရပါက အနက်အဓိပ္ပာယ် သဲကွဲအောင် သတိပြုရပေမည်။ သို့ရာတွင် စာအရေးအသား ငုံးတိတိပြတ်တောင်း တောင်းဖြစ်လျှင် ဖြစ်ပါစေ၊ ဝါကျတိုတိုနှင့် တိကျမှန်ကန်အောင် ရေးသားက ဘာသာပြန်ကောင်း ဖြစ်နိုင်ပေသည်။
ယခုအခါ အင်္ဂလိပ်ကိုမူတည်က ဘာသာပြန်နေကြသဖြင့် အင်္ဂလိပ်စာနှင့် မြန်မာစာကို နှိုင်းယှဉ်ကြည့် စေလိုသည်။ အင်္ဂလိပ်စာနှင့် မြန်မာစာတို့တွင် ကတ္တား၊ ဝါဇက၊ ကံစသည်တို့မှာ အထားအသို မတူ သည်သာမက အင်္ဂလိပ်စာတွင် နာမ်စားကို အသုံးများသလောက် မြန်မာစာတွင် နာမ်စားကို အသုံးများ သည်ကို တွေ့ရသည်။ အင်္ဂလိပ်စာတိုင်း နာမ်စားကို ထည့်သွင်းပါကလည်း ရယ်စရာပင်ကောင်းနေ တော့မည်။ သို့ရာတွင် သူ့နေရာနှင့်သူ နာမ်စားများကို သုံးခြင်းဖြင့် အာရုံပြတ်တော့မည့် စကားဆက် များကို ပြန်လည်ဖော်ပေးရန် လိုအပ်လှပေသည်။
ဘာသာပြန်ရာတွင် “ကိုယ့်ငါးချဉ် ကိုယ်ချဉ်” ဆိုဘိသကဲ့သို့ ကိုယ့်ဟာကိုယ် ကောင်းနေ၍ မပြီးသေး။ သူတစ်ပါးကောင်းဖို့ လိုပေသေးသည်။ ထို့ကြောင့် ဘာသာပြန်ဆိုရာတွင် မိမိစာကိုအခြား လူတစ် ယောက်အမြင်ဖြင့် ကြည့်ပေးပါ။ ဘာသာပြန်၏တန်ဖိုးမှာ ဖတ်သူ၏ နားလည်လွယ်မှု၌ တည်ကြောင်း သတိပြုပါ။
မည်သည့်စာပေမဆို ဘာသာပြန်ခြင်းဖြင့် ပြည့်စုံကြွယ်ဝလာ၏။ ပါဠိမှ မြန်မာပြန်ဆိုရာ၌ ပါဠိဘာသာ ကို မြန်မာဘာသာက ငုံနိုင်သဖြင့် မြန်မာစာတန်ဖိုး တိုးတက်ခဲ့သည်။ ယခု အင်္ဂလိပ်မှ မြန်မာပြန်ဆိုရာ တွင် အင်္ဂလိပ်ဘာသာကို ပြန်ငုံမိခြင်းဖြင့် မြန်မာစာများစွာ တိုးတက်ပေဦးမည်။
ဘာသာပြန်လုပ်ငန်းကို ထမြောက်အောင်မြင်စွာ လုပ်ကိုင်ခြင်းဖြင့် မြန်မာစာပေ တိုးတက်ကြီးပွားမှုကို ကောင်းစွာ ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းပါကြောင်း။
>>>ဆက်ဖတ်ရန်>>> >>

ပညာရေးရဲ့အနှစ် (ပညာရေးပြုပြင်ပြောင်းလဲလိုသူတွေ သတိထားရမယ့် မျက်မှောက်ခေတ်ပညာရေးအခြေအနေ...)

အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေ တက်ရောက်နိုင်မယ့်အခွင့်အရေး

အမေရိကန်ထိပ်တန်းအစိုးရတက္ကသိုလ်တွေကို အခြေခံပညာ အထက်တန်း ဒါမှမဟုတ် iGCSE ဒါမှ မဟုတ် American High School Diploma နဲ့တက္ကသိုလ်ဘွဲ့ရရှိ အောင်မြင်ထားသူတွေ SAT, GRE, GMAT မလိုဘဲ Bachelor ဘွဲ့နဲ့ Master ဘွဲ့တွေ တက်ရောက်သင်ယူနိုင်မယ့် အခွင့်အရေးရှိပါတယ်။

အခြေခံပညာအထက်တန်း ဒါမှမဟုတ် GCE-Level/iGCSE ဒါမှမဟုတ် American High School Diploma ကို GPA 2.0 (Grade C) နဲ့ အထက်အောင်မြင်ပြီးသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ SAT မလိုဘဲ IELTS 5 ဒါမှမဟုတ် TOEFL 60 iBT ရရှိထားရင် အမေရိကန် Marshall တက္ကသိုလ်ကို တက်ရောက်နိုင်မယ်။ GPA 2.5 (Grade C) အထက်နဲ့ IELTS 5.5 ဒါမှမဟုတ် TOEFL 60 iBT နဲ့ အထက် ရထားရင်တောင် ဖလိုရီဒါတက္ကသိုလ်၊ သီအိုဂွန်ပြည်နယ် တက္ကသိုလ်တွေကို တက်ရောက် နိုင်မယ်။

ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်တွေကို လေ့လာလိုသူတွေအနေနဲ့ GPA 2.75 (Grade နဲ့အခြားဘာသာရပ်ကို တက်ရောက်လိုသူတွေဟာ GPA 2.5 (Grade C) ရရှိပြီး IELTS 5.5 ဒါမှမဟုတ် TOEFL 60 iBT ရရှိရင် အမေရိကန် ထိပ်တန်း တက္ကသိုလ် တွေက ပေးအပ်တဲ့ Bachelor's Degree တွေကို ရရှိနိုင်မယ့် လမ်းကြောင်းတွေဖြစ်ပါတယ်။

မြန်မာတက္ကသိုလ်ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားတွေဟာ မိမိ တက်ရောက်တဲ့ ကျောင်းပေါ်မူတည်ပြီး GPA လိုအပ်မှုတွေကွဲပြားမှာ ဖြစ်ပါတယ်။ IELTS 6 ဒါမှမဟုတ် TOEFL 71 iBT ရရှိထားရင် မာစတာ ဒီဂရီတွေကိုဆက်ပြီး တက်ရောက်နိုင်မှာ ဖြစ်တယ်။ မာစတာဒီဂရီတွေကို တက်ရောက်လိုသူတွေဟာ Biomedical Engineering, Computer Information System Management, Financial Risk Management စတဲ့ ဘာသာရပ်ပေါင်းများစွာကို ရွေးချယ်သင်ယူပြီး ဘွဲ့လွန် ပညာရပ်တွေကို တက် ရောက်နိုင်မှာဖြစ်ပါတယ်။ Regional Scholarship ကိုကျောင်းလခရဲ့ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိချီးမြှင့်မှာဖြစ်ပြီး ရီဂျင့်မှ လျှောက်ထားတဲ့သူတွေကို ပထမနှစ်မှာချီးမြှင့်တဲ့ Regional Scholar-ship တွေကို ရရှိနိုငမယ်လို့ ဆိုပါတယ်။ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေက စီးပွားရေး၊ အင်ဂျင်နီ ယာ၊ ကွန်ပျူတာ၊ ပညာရေး၊ Agriculture, Forestry, Liberal Arts, Natural Science, Arts and Sciences ဘာသာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်၊ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်၊ တောင်ဖလိုရီဒါတက္ကသိုလ်၊ Marshall တက္ကသိုလ်တွေရဲ့ တာဝန်ခံ Mr.Tyler Nusbaun မှသြဂုတ်လ ၂၉ ရက် ညနေ ၃း၀၀ နာရီ မှ ၅း၀၀ နာရီအထိ ရီဂျင့်ပညာရေးကုမ္ပဏီမှာ တစ်ဦးချင်းပညာရေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ စာသင်နှစ်မှာ အမေရိကန်တက္ကသိုလ်တွေကို တက်ရောက်လိုသူတွေဟာ မိမိရဲ့ပညာရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ IELTS/TOEFL ရမှတ်တွေနဲ့အတူ ရီဂျင့်ပညာရေးကုမ္ပဏီ ကတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ ပညာရေးဆွေးနွေးပွဲနဲ့ ကျောင်းလျှောက်ချင်ရင် Regent Consultancy Service ကုမ္ပဏီ ဖုန်း ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ ကိုဆက်သွယ်နိုင်ပါတယ်။

မော်ဒန်သတင်းဂျာနယ်
>>>ဆက်ဖတ်ရန်>>> >>

• ကျွန်တော်တို့ဆီကနဲ့ သူတို့ဆီက



  • Email
Details
Published on Saturday, 17 August 2013 16:30
Written by ကိုမာကျော
http://t2.gstatic.com/images?q=tbn:ANd9GcRELuTlVG6y6KCyJb_DVh1yvktlEovt4t9fVukbhe3OBKRE8VbY
"ဆရာမတို့ သက်သက်ညှာညှာလုပ်ကြပါ။ ကျွန်တော်တို့လည်း အလွတ်မရ၊ ဆရာမတို့လည်း မလွတ် မရတဲ့ စာတွေမို့လို့ပါခင်ဗျာ"
တက္ကသိုလ်တစ်ခုမှာ ကျွန်တော်စာမေးပွဲခန်းစောင့် ကြီးကြပ်ရေးမှူးချုပ်တာဝန်ကျစဉ်က ကြုံခဲ့ရတာပါ။ စာမေးပွဲခန်းမရဲ့ နံရံထက်က Blackboard ပေါ်မှာ ဘယ်ကျောင်းသား လက်စွမ်းပြထားတယ်မသိပါ ဘူး။ မြေဖြူခဲနဲ့ရေးထားတာ။ သူတို့တွေဘိုလိုသင်ရတဲ့ စာတွေပုဒ်ရေများများ မကျက်နိုင်လို့ စာမေးပွဲ ခန်းထဲမှာ မိုက်ခရိုဘာဂျာနဲ့ ကူးချဖို့ကြိုးစားတာကို အခန်းစောင့်ဆရာမများက သက်ညှာခွင့်ပေးဖို့ တောင်းဆိုထားတာပါ။ ကျွန်တော့်မှာ ကျောင်းသားတွေမဝင်ခင် ခပ်မြန်မြန် ဖျက်ပစ်လိုက်ရပါတယ်။ စာပါအကြောင်းအရာ မှန်နေပေမယ့် ဒီအတိုင်းထားလို့ မဖြစ်ဘူးလေ။ "ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ကို ထိခိုက်စေမှု" ဆိုတာကြီးက ရှိနေတယ်မဟုတ်လား။ အဲသည်စာလေးကို အကြောင်းပြုပြီး ကျောင်း သားတွေ ဆူဆူပူပူဖြစ်မှဖြင့် "မည်သူ့တွင် တာဝန်ရှိသနည်း" ကြီးက ကိုယ့်ထမင်းအိုးလေးကို အမှုန့် ဖြစ်သွားအောင် လုပ်ပစ်နိုင်တာခင်ဗျ။ တက္ကသိုလ်တွေမှာ ကျောင်းသားကို ဖြစ်ဖြစ်၊ ဆရာကိုဖြစ်ဖြစ် နိုင်ငံရေးနဲ့နွယ်ပြီး "တက်ကြွတဲ့ကြက်ဖ" လုပ်တယ်ထင်ရင် အချိန်မရွေးဆွဲစိလို့ရတဲ့ အကြောင်းပြချက် ကြီးပေါ့ခင်ဗျာ။
အလျဉ်းသင့်လို့ ကျွန်တော့်ကြုံခဲ့ရတာလေးတင်ပြပါရစေ။ နယ်စပ်နဲ့နီးတဲ့ တိုင်းမြို့ကြီးရဲ့ တက္ကသိုလ် တစ်ခုမှာ တာဝန်ကျခဲ့စဉ်က ဖြစ်ခဲ့တာပါ။ အဝေးသင်ကျောင်းသားတွေကို အနီးကပ်ဆယ်ရက်ပို့ချ ချိန်မှာပေါ့။ ကျွန်တော်ပို့ချရတာက ဒဿနဗေဒ။ ဒီတော့နိုင်ငံရေးနဲ့ ငြိတဲ့အတွေးတွေ၊ အသံတွေရောပါ တတ်တာကိုး။ ကျွန်တော့်အထာကိုလည်းသိနေတဲ့ တက္ကသိုလ်ရဲ့ အဓိပတိကြီးက အစီအစဉ်ရှိရှိကြံ စည်လိုက်တာပါ။ ဘာမျှမတွေးမသိတဲ့ကျွန်တော်က အာဘောင်အာရင်း သန်သန်နဲ့ လက်ချာတွေ စွတ်ပေးလေတော့ ကွက်တိဝင်သွားတာပါပဲ။ ဆယ်ရက်အတွင်း ရှေ့ဆုံးတန်းကထိုင်တဲ့ ကျောင်းသား ရဲ့ လွယ်အိတ်ထဲက အသံဖမ်းစက်ထဲမှာ ကျွန်တော့်လက်ချာသံတွေ တိတ်ခွေနှစ်ခွေစာ အပြည့်မှတ် တမ်းဝင်သွားပါတော့တယ်။ အဲဒီအသံကို စာနဲ့ပြန်ကူးပြီး အဆင့်ဆင့်ချဲ့ကားလို့ အဲဒီတိုင်းမြို့ကြီးရဲ့ လုပ်ပိုင်ခွင့်အရှိဆုံး "ဆွေးနွေးစရာရှိလို့ ခဏလိုက်ခဲ့ပါ" အဖွဲ့ဆီတင်ပြတိုင်ကြားခံရ၊ အလုပ်ပြုတ် ထောင်ကျ၊ မိသားစု ဘဝဒုက္ခပင်လယ်ဝေကိန်းဆိုက်ပါတော့တယ်။ မိုးထဲ လေထဲခုနှစ်တန်းတက်နေ တဲ့ သားလေးနဲ့ နို့ဖြတ်ခါစ သမီးလေးကိုကြည့်ပြီး ရင်နဲ့မချိအောင်ခံစားခဲ့ရတဲ့နေ့တွေညတွေဟာ လချီ ကြာခဲ့ပါတယ်။ ကျွန်တော့်မှာ ဘုရားမှတစ်ပါး အားကိုးရာမရှိခဲ့ပါဘူး။ ပြုခဲ့သမျှ ကောင်းမှုတွေကို နေ့စဉ် မေတ္တာပို့အမျှဝေသစွာ အထပ်ထပ်ဆိုရင်း မကောင်းကြံစည်သူရဲ့ဘေးရန်က လွတ်အောင်ဘုရားမှာပဲ ဆုတောင်းရပါတော့တယ်။ ဒီမှာတင် ကျွန်တော်ကံကောင်းသွားတယ်ထင်ပါရဲ့။ ကျွန်တော့်ကို စစ်ဆေး ဆဲကာလမှာပဲ အဲဒီတိုင်းမြို့တော်ကြီး မီးလောင်လို့နိုင်ငံခြားကုမ္ပဏီဆယ်ခုလောက်ပါ မီးထဲပါကုန်ပြီး အဲဒီတုန်းက မြန်မာပြည်မှာ ဆုံးရှုံးမှုအများဆုံး မီးဘေးကြီး ဖြစ်ခဲ့ပါလေရော၊ မရှေးမနှောင်းမှာပဲ ထပ် တစ်ခါ နိုင်ငံတော်ရဲ့အကြီးအကျယ်ဆုံး နန်းကျဘုရင် ဆွေတော်မြေးတော်တွေ နရသိရ်နန်းမှာ ကျွန်းဒဏ်ကြိုးဒဏ်တွေစံကုန်ပြီး ကျွန်တော်တို့တိုင်းမြို့တော်ကြီးရဲ့ အရှင်သခင်တွေပါ ကိုင်းဖျားခတ်ခံ ရလို့ ထိပ်တန်းအဖွဲ့အစည်းတွေ ဖရိုဖရဲဖြစ်ကုန်ပါတော့တယ်။ မီးဘေးနဲ့ မင်းဘေးအရှုပ်အထွေးကြီး ကြားမှာပဲ ကျွန်တော့်ကိစ္စက ပျောက်ပျောက်သွားခဲ့ပါတော့တယ်။ (အဲဒီကာလတွေက နည်းပြဆရာ လေးတစ်ယောက်နဲ့ မော်ကွန်းထိန်းတစ်ယောက်ဟာ ပြန်လည်ဖြေရှင်းခွင့်မရဘဲတာဝန်က ရပ်စဲထုတ် ပယ်ခံလိုက်ရတဲ့ ဖြစ်စဉ်ကလည်း ရှိထားလေတော့ ကျွန်တော်တို့မိသားစုဘယ်လောက်သောကဝေ လိုက်မလဲဆိုတာ ကြုံဖူးသူတွေခံစားမိမှာပါ) အဲသလောက် ခြောက်ခြားဖွယ်ရာ ကာလကြီးဟာ ကျွန် တော်တို့ အဆင့်မြင့်ပညာရပ်ဝန်းကြီးမှာ အားကောင်းစွာလွှမ်းခြုံခဲ့ဖူးပါတယ်။ စိုးထိတ်စရာ အရိပ်မည်း ကြီး အုပ်စိုးထားသလိုပေါ့။
တစ်ဖက်မှာတော့ လူတစ်ဦးချင်းစီ လွတ်လပ်စွာယှဉ်ပြိုင်ရင်း ဖွံ့ဖြိုးတိုးတက်လာရမယ့် လူ့စွမ်းအား အရင်းအမြစ်တွေကို အာဏာပိုင်တွေက စီမံချက်ချအုပ်စီးပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းပါရဂူတွေ ပေါများစွာ ထုတ်လုပ်ရေး စသဖြင့်တွေမှာ ယန္တရားဆန် အသွင်သဏ္ဌာန် ဦးစားပေးလုပ်ငန်းတွေလည်း အရှိန်အဟုန်နဲ့လည်ပတ်လို့နေပါတယ်။ အာဏာပိုင် တွေ မောင်းနှင်လိုက်တဲ့ "မြန်မာအားကစား ကမ္ဘာကိုလွှမ်းမိုးရမည်" ဆိုတာကြီး ဘယ်ရောက်သွားမှန်း မသိရတာကလည်း အတော့်ကို အံ့အားသင့်စရာပါ။ ကဏ္ဍတိုင်းဟာ အလုံးစုံနောက်ဆုတ်သွားခဲ့ရပြီး နိုင်ငံဘဏ္ဍာတွေ လေလွင့်ဆုံးရှုံး "ထားစရာမရှိတဲ့လူတစ်စုနဲ့" "စားစရာမရှိတဲ့ ပြည်သူလူထု" ရယ်လို့ ဝေါဟာရအသစ်တွေ ပေါ်ထွက်လာ။ "အလုပ်ဖြစ်ရေး" ဦးစားပေးရာကနေ အာဏာရှင်စနစ်ဆိုး "အဘ" မိုးတွေကြီးခဲ့လို့ "အဖြစ်လုပ်" တဲ့ရလဒ်တွေ သီးပွင့်လာခဲ့ရ။ ဒါကြောင့် ဦးစားပေးရာကနေ အတုတွေချည်းဖြစ်ခဲ့တာကြောင့် မျိုးဆက်သစ်များစွာမှာ အတတ်အသိပညာသာမက ကိုယ်ကျင့် တရား၊ ကိုယ်ခံအားတွေပါ ယုတ်လျော့ကျဆင်းရင်း အဖက်ဖက်က ဆုတ်ယုတ်သွားရတဲ့ အချိန်တွေ၊ ငွေတွေ၊ စွမ်းအားအရင်းအမြစ်တွေကို နှမြောတသဖြစ်မိရပါတယ်။
တက္ကသိုလ်တွေမှာ အဲဒီခေတ်တစ်လျှောက်လုံးနဲ့ ယနေ့ကာလပညာရေးအတွက် ကျွန်တော်တို့တွေ ဘာတွေကိုများ ကြောက်ကြောက်ရွံ့ရွံ့ (ဒါမှမဟုတ်) မျှော်မျှော်လင့်လင့်နဲ့ လုပ်နေကြံရပါသလဲ။ ဆရာ၊ ဆရာမတွေက သုတေသနတွေ လုပ်ဆောင်နေကြပြီး ကျောင်းသား၊ ကျောင်းသူတွေက စာတမ်းတွေ တင်ကြရပါတယ်။ Paper Work အနေနဲ့ကြည့်ရင်တော့ ဆရာ၊ ဆရာမတွေလုပ်ကြတဲ့ သုတေသနတွေ ဟာ နိုင်ငံအတွက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အကျိုးပြုမှု (Contribution to the National Interest) ကိုယ်တိုင်အသစ်ဖော်ထုတ် တွေ့ရှိမှု (Origi-nality, Non duplication) နဲ့ ဘာသာရပ်အ တွက် အကျိုးပြုမှု (Contribution to the Subject) တွေဖြစ်လာစေရမယ်။ ကျောင်းသားတွေ စာတမ်း တင်ကြရတာကတော့ တီထွင်ကြံဆမှု (Innovation) ခွဲခြမ်းစိတ်ဖြာလေ့လာမှု (Analysis) ဝေဖန်သုံး သပ်တွေးခေါ်မှု (Critical Thinking) စီမံခန့်ခွဲမှု (Management) ဆုံးဖြတ်မှု (Decision Making) နဲ့ ဘာသာစကား (Language) စတဲ့ ကျွမ်းကျင်မှုတွေ စွမ်းရည်တွေ လေ့ကျင့်ပြည့်စုံစေရမယ်။ စသဖြင့် အသီးသီး မူချပြဋ္ဌာန်းထားပါလေရဲ့။ အလွန်ကောင်း၊ အကောင်းလွန်တဲ့ ရည်မှန်းချက်များပါပဲ။ ကောင်း ခြင်းဆိုတာ အားလုံးအတွက် ဆုလာဘ်အဖြစ် နိုင်တာမို့ကေင်း၊ သင့်၊ ညံ့ရယ်လို့ ရှိခဲ့ရတာပါ။ ဒါကြောင့် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ မအူပင်ရွှေတက္ကသိုလ်ကြီးမှာ ၂၀၁၂ကနေ၂၀၁၃ ထိ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၅,၅၇၀) ဦးတက်ရောက်ပညာသင်ကြားခဲ့ရာက ထူးချွန်ပြီးတက္ကသိုလ်မှာ ဆရာ ပြန်ဖြစ်သူခုနှစ်ဦး။ စစ်ဗိုလ်တစ်ဦးနဲ့ မြို့နယ်အဆင့်အကြီးအမှူးတစ်ဦးတို့ကို စွမ်းရည်အပြည့်ဆုံးအဖြစ် မွေးထုတ်နိုင်ခဲ့တာ သမိုင်းအရှိပါပဲ ခင်ဗျား။ ဒီတက္ကသိုလ်အတွက် ဆယ်စုနှစ်တစ်စုဟာ နိုင်ငံ့ဘဏ္ဍာနဲ့ ကျောင်းသားမိဘတွေရဲ့ ချွေးနဲစာ ငွေကြေးဥစ္စာတွေ ဘယ်လောက်မြုပ်နှံကုန်ဆုံးခဲ့ရပြီး လူသားအရင်း အမြစ်ဘယ်နှစ်ရာခိုင်နှုန်းလောက် ဖွံ့ဖြိုးခဲ့တယ်ဆိုတာ လက်ချိုးရေတွက်လို့ရကြမှာပါ။ အရေအတွက် ကိုဦးတည်ခဲ့တဲ့ ပညာရေးဟာ အရည်အချင်းပါမလာတာကို စတာလွှတ်ကတည်းက သိကြပါလျက်နဲ့ ဇွတ်တိုးတဲ့ မိုက်ပြစ်အတွက်အခုတော့ တစ်စုံတစ်ရာ ဖြစ်ထွန်းလာခဲ့ပါပြီဗျာ။
"ကျောင်းမှန်မှန်တက်။ စာတွေခက်၊ ကျောင်းသားဦးနှောက်ပျက်" "ကျောင်းမှန်မှန်ပြေး၊ စာနဲ့ဝေး၊ ကျောင်းသားဦးနှောက်အေး" တဲ့ တတိယနှစ် စာသင်ခန်းရဲ့ Blackboard ပေါ်မှာ ရောင်စုံမြေဖြူနဲ့ လှပစွာရေးထားတဲ့ စာသားလေးပါ။ ကိတ်မုန့်တစ်လုံးကို အားရပါးရ ကိုက်နေတဲ့ ပါမောက္ခရဲ့ Carica-ture ရုပ်ပြောင်ပုံနဲ့ တွဲရေးထားတာခင်ဗျ။ ကိတ်မုန့်ကိုတော့ "75% Cake" လို့ အမည်ပေးထားပါ တယ်။ ကျောင်းပြေးပြန်ရင်လည်း ကျောင်းတက်ရက် 75% မပြည့်မီလို့ စာမေးပွဲဖြေဆိုခွင့်မရဘဲ ပါမောက္ခဌာနမှူးစားတာ ခံရဦးမယ်ဆိုတဲ့အပြကလေးပါ။ ဘယ်လိုပဲအဓိပ္ပာယ်ဖွင့်ဖွင့် အလွန်ရှင်းလှတဲ့ အမြင်တစ်ရပ်ကို တတိယနှစ်သင်္ချာမေဂျာ ကျောင်းသားက သုံးသပ်ရင်ဖွင့်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပညာရေးကြီးခုတ်ရာတစ်ခြား ရှရာတစ်လွဲဖြစ်နေချိန်မှာတော့ အာဆီယံဒေသအတွင်းက မလေးရှားနိုင်ငံမှာ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၆၆ ရာခိုင်နှုန်းထိ သုံးစွဲခွင့်ပေးပြီး ဆိုင်ရာကျောင်းတွေနဲ့ တက္ကသိုလ်တွေရဲ့ ကျောင်းအုပ်ကြီးတွေ၊ Chancellor တွေလက်ထဲကို တိုက်ရိုက်အပ်ပါသတဲ့။ အခြေခံတို့ အဆင့်မြင့်တို့ဆိုတဲ့ ဦးစီးဌာနတွေလည်း မရှိဘူးလို့ဆိုပါတယ်။ တစ်နိုင်ငံလုံးမှာမှ အစိုးရတက္ကသိုလ်က လေးခုတည်းပဲ ရှိတယ်ဆိုတာကလည်း မှတ်သားလောက်စရာ ပါ။ ပြီးတော့ဆရာတစ်ယောက်ဟာ သုတေသနစာတမ်း ဟောတစ်စောင် ဟောတစ်စောင်တင်နေနိုင်မှ ထမင်းစားလက်မှတ် အသက်ရှည်ပါသတဲ့။ အဲသလိုမှမလုပ်နိုင်ရင် လာရာလမ်းကို ပြန်တော့ဆို။ ပိုပြီး မှတ်သားစရာကောင်းတာက သုတေသနလုပ်ငန်းအတွက် တက္ကသိုလ်ဆရာ၊ ဆရာမတွေကို ထိုက် ထိုက်တန်တန်ထောက်ပံ့ခြင်းပါပဲ။ ဆရာတစ်ယောက်ဆိုရင် မလေးရှားရင်းဂစ် 1.2 million တောင်းခံပါ သတဲ့။ Chancellor ကခေါ်တွေ့ပြီး တောင်းတာထက်ပိုပေးမယ်။ စာတမ်းဘယ်နှစောင် တင်ပေးမလဲ လို့ မေးတယ်ဆိုပဲခင်ဗျ။ အားရစရာကောင်းလိုက်တာ။ ပုံမှတ်စာတမ်းတွေ တင်ရာမှာလည်း Q-1 အဆင့်မီစာတမ်းဆိုရင် ရင်းဂစ် ၆၀၀၀ (မြန်မာငွေ ၁၈ သိန်းတိတိ) ချီးမြှင့်ပါသတဲ့ (ဆရာတစ်ယောက် ဆိုရင် တစ်နှစ်အတွင်း Q-1 အဆင့်စာတမ်းဆယ်စောင်တင်နိုင်လို့ မြန်မာငွေသိန်း တစ်ရာ့ရှစ်ဆယ်နဲ့ ညီတဲ့ ရင်းဂစ် ၆၀၀၀၀ ရသွားပြီး မာစီဒီးကားကြီး ဝယ်စီးသတဲ့ဗျာ။ အားကျဖွယ်ကောင်းပုံ ပြောပါ တယ်။
သူတို့ဆီမှာ ပညာရှင်ကို အသက်မကန့်သတ်ဘဲ ကြီးသည်ငယ်သည်မဟူ အရည်အချင်း (သုတေသန စာတမ်းရေးနိုင်စွမ်း) နဲ့ချီးမြှောက်တာမို့ အချိန်မရွေးအထွတ်အထိပ် ရောက်သွားနိုင်သလို ဘေးလည်း ရောက်သွားစေနိုင်ပါသတဲ့ဗျ။ ဆောင်ပုဒ်ကိုက "You! Publish or Pernish" (မင်းသုတေသနလုပ်မှာ လား-ညံ့ဖျင်းပြီး ထွက်သွားမှာလား) တဲ့ခင်ဗျာ။ ကန်ထရိုက်စနစ်နဲ့ ခန့်ထားတဲ့ တက္ကသိုလ်ဆရာ၊ ဆရာ မ ရာထူးအတိုး အလျှော့ကိစ္စကိုလည်း ကျောင်းသားရဲ့ အဆုံးအဖြတ် (Confidential Vote) နဲ့ပဲ တိုင်းတာပြန်တာမို့ ဆရာတွေညာလို့ မရတော့တဲ့အတွက် သူတို့ရဲ့ပညာရေးဟာ အဆုတ်မရှိ အတိုး ချည်းပဲ ကြုံရတော့တာပေါ့ဗျာ။ ကျောင်းသားတွေမှာလည်း Semester တစ်ခုကို စာမေးပွဲနှစ်ကြိမ်နဲ့ တစ်နှစ်မှာ Semester နှစ်ခုအပြည့်တက်ရပြီး အောင်မှတ်က ၆၀ ရာခိုင်နှုန်းတဲ့ခင်ဗျ။ စာမေးပွဲဖြေရင် လည်း ဆရာကမေးခွန်းပေးပြီး ထွက်သွားပါရောတဲ့။ တစ်ခန်းလုံးကို အပေါက်ဝကနေ စာရေးမတစ် ယောက်က စောင့်ကြည့်နေပြီး စကားပြောသူ၊ စာကူးချသူတို့ မှတ်ထားလိုက်တာပါပဲတဲ့လေ။ ကျောင်း သားကို ထိန်းချုပ်ထားပုံကလည်း နည်းယူဖွယ်ရာပါ။ ကျွန်တော်တို့ဆီမှာတော့ ဆရာ၊ ဆရာမတွေရဲ့ သုတေသနဆိုင်ရာ ကိစ္စတွေနဲ့ အရည်အချင်းအတက်အကျ တိုင်းတာ အကဲဖြတ်ချက်တွေရော ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပြုမှုလုပ်ဆောင်မှုတွေရောဟာ လက်တွေ့ဘဝထဲကို ရောက်မလာ နိုင်ရုံမျှမက တက္ကသိုလ်က အဆင့်မြင့်ပညာဆိုတာ ကိုယ်တိုင်တောင် ရှင်းမပြတတ်အောင် ဖြစ်နေကြ ရတာမြင်နေရတော့ မှန်းချက်နဲ့နှမ်းထွက်စံ လွဲနေပြီလို့ထင်ရပါတော့တယ်။ ဘာပဲပြောပြော မပြေး သော်ကန်ရာရှိဆိုသလို ပိုးသာကုန် မောင်ပုံစောင်း မတတ်ပညာရေးကြီးကတော့ ကျွန်တော်တို့ဆီမှာ ဒီကနေ့ထက်ထိ ပန်းပန်လျက်ပါပဲခင်ဗျား။
လူထုပုံရိပ်သတင်းဂျာနယ်
Vol(1), No(46), AUGUST 16, 2013

(မောက္ခပညာရေးမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။)


>>>ဆက်ဖတ်ရန်>>> >>